ပဲနီလေး
ပဲနီလေးမှာ သံဓာတ် နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လည်းကြွယ်ဝစွာပါဝင်နေပြီး ဇင့်ဓာတ်လည်းပါဝင်နေမှုကြောင့် ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
လိမ္မော်ရည်
ဗီတာမင် C၊ ဖောလိတ်၊ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေမှုက မေမေ့ကိုကျန်းမာစေနိုင်သလို ဘေဘီလေးမှာလည်း မွေးရာပါချို့ယွင်းချက်ပါမလာအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဒိန်ချဉ်
ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B၊ ဇင့် နဲ့ အခြားသော အရိုးသန်မာစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မျာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို အကောင်းဆုံးဖြည့်ပေးနိုင်ပြီး လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်တို့မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေပါဝင်နေပါတယ်။ မေမေကျန်းမာစေဖို့ရော ဘေဘီလေး ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ပါအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ပိုတက်ဆီယမ်၊ ဖောလိတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။
ဆယ်လ်မွန်ငါး
Omega-3 fatty acids နဲ့ ပရိုတင်း (အသားဓါတ်) ကြွယ်ဝစွာပါဝင်နေတဲ့ စားစရာတစ်ခုပါ။ ဘေဘီလေးကြီးထွားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးသလို ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ မာကျူရီပါဝင်မှုကိုတော့ သတိပြုဖို့လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။