၂။ သွားကို သေချာမတိုက်တာ
သွားတိုက်ရင် ပြီးရောဆိုပြီး နည်းစနစ်မှန်နဲ့ သေချာမတိုက်တာ၊ မြန်မြန်သွားတိုက်တာ၊ သွားကြားထဲမှာ ကပ်ငြိနေနိုင်တဲ့ စားကြွင်းစားကျန်တွေကို သွားပွတ်တံနဲ့ သေချာမပွတ်တိုက်တာတွေဟာလည်း သွားကို ဝါလာစေနိုင်ပါတယ်။
၃။ ဆေးလိပ်၊ အရက်သောက်တာ၊ ကွမ်းစားတာ
သွားနဲ့ ခံတွင်းအတွက် အဆိုးဆုံးရန်သူကတော့ ဆေးလိပ်၊ အရက်၊ ကွမ်းပါပဲ။ ဆေးလိပ်ကပါတဲ့ နီကိုတင်းဓာတ်တွေက သွားကို ဝါစေရုံသာမက မည်းညစ်ပြီး အနံ့ဆိုးဖြစ်စေတယ်။ အရက်သည်လည်း ထိုနည်းတူပါပဲ။ ကွမ်းကတော့ အဆိုးဆုံးပေါ့။ သွားချိုးတက်စေပြီး သွားကို နီရဲစေတယ်၊ ပုပ်စော်နံစေပြီး ခံတွင်းချဉ်စေတယ်။ အပေါ်ယံကြွေလွှာက တဖြည်းဖြည်းပျက်စီးသွားပြီး သွားကိုဆွေးမြေ့သွားစေပါတယ်။
၄။ သွားအရောင်စွန်းထင်းစေတဲ့ အစားအစာတွေ
ကိုယ်နေ့တိုင်းစားနေတဲ့ အစားအစာတွေ၊ ဖျော်ရည်၊ အအေးတွေကလည်း သွားကိုဝါစေနိုင်တယ်ဆိုတာ သတိထားမိရဲ့လား။ အစားအစာတွေမှာ နဂိုပါဝင်နေတဲ့ အရောင်တွေ၊ တချို့သောပါဝင်ပစ္စည်းတွေ၊ ဟင်းချက်တဲ့အခါ သုံးတဲ့ ဟင်းခတ်မှုန့်တွေ၊ ဆိုဒါ၊ ကဖင်းဓာတ်ပါတဲ့ အအေးတွေဟာ သွားကို ဝါသွားစေနိုင်ပါတယ်နော်။ သွားကို မြန်မြန်ဝါစေနိုင်တဲ့အရာတွေကတော့
- ကော်ဖီ
- ဂက်စ်ပါတဲ့ ဖျော်ရည်တွေ
- ဟင်းခတ်မှုန့် အများအပြားထည့်ထားတဲ့ ဟင်းလျာတွေ
- ချဉ်လွန်းတဲ့ အသီးအနှံတွေ
- ရေနွေးကြမ်း၊ လက်ဖက်ရည်
- ခရမ်းချဉ်သီးအနှစ်
- ငံပြာရည်
- ချောကလက် တို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။