22 လအရွယ်ကလေးငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

၂၂လအရွယ်ကလေးကိုပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိထားဖို့ လိုအပ်သလဲ

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ

ကလေးကဘယ်လိုဖွံ့ဖြိုးတိုးတက်လာသင့်သလဲ။

သင့်ကလေးဟာခုဆိုရင် အသက်၂၂လရှိနေပါပြီ။ သူဟာဘီးပါတဲ့ကစားစရာလေးတွေကိုလျှောက်လမ်းတစ်လျှောက်တွန်းချင်နေတာမျိုးဒါမှမဟုတ် သူလုပ်ချင်တာတွေ အများကြီးရှိနေမှာပါ။ သင်ကသူတွေးနေတာတွေကိုနှောက်ယှက်မယ် ဒါမှမဟုတ် သူလုပ်ချင်တာတွေကိုပိတ်ထားမယ်ဆိုရင် သူအမူအရာတွေ ချက်ချင်းပြောင်းလဲသွားတာကိုတွေ့ရမှာပါ။ ဒီအရွယ်ကလေးတွေဟာအရမ်းကိုထိခိုက်ခံစားလွယ်ပါတယ်။ သူလိုချင်တာရတဲ့အခါမှာပျော်ရွှင်သွားတာနဲ့ စိတ်တိုင်းမကျတဲ့အပြုအမူတွေကိုသိသိသာသာပြတတ်လာပါတယ်။ ဒါတွေဟာသူ့ရဲ့လွတ်လပ်ခွင့်ကိုသူရဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အာရုံပြောင်းခြင်းဟာအဓိကသော့ချက်ပါပဲ။ သင့်ကလေးရဲ့အာရုံစိုက်နိုင်စွမ်းဟာအကြာဆုံးမှ ၁၀မိနစ်ပဲရှိတာပါ။ အာရုံလွှဲခြင်းနဲ့ မဖြစ်နိုင်တာတဲ့အရာတွေ လျှောက်လုပ်ခြင်းကိုတားဆီးလိုက်တာဟာသူ့ရဲ့ထိန်းချုပ်ရခက်တဲ့ အတွေးတွေကိုမေ့သွားစေနိုင်ပါတယ်။ ဒေါသတကြီးအော်ဟစ်မနေတော့ဘဲတခြားအရာတစ်ခုကိုအာရုံရောက်သွားစေနိုင်ပါတယ်။ တစ်ခါတလေသင့်ကလေးကိုပွေ့ပြီးအခြားအခန်းတစ်ခန်းကိုခေါ်သွားတာမျိုးအထူးသဖြင့် အပြင်ထွက်တာမျိုးတွေဟာသူစိတ်ပြေစေနိုင်တဲ့နည်းလမ်းတွေပါ။ သင့်ကလေးဟာသင့်ရဲ့အာရုံစိုက်မှုကိုရဖို့ သူလုပ်နေတာတွေကိုရပ်ထားလိုက်ပါလိမ့်မယ်။

ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။

အလုပ်တစ်ခုကိုအောင်မြင်မှချိးကျူးပေးတာမျိုးမဟုတ်ဘဲခက်ခက်ခဲခဲလုပ်နေရတဲ့အချိန်မှာအားပေးချီးမြှောက်တာကလည်းစိတ်ပျက်ခြင်းတွေကြားထဲမှာစိတ်ဓါတ်တက်ကြွလာစေပြီးအခက်အခဲတွေဖြေရှင်းနိုင်မှာပါ။ တကယ်လို့သူကငိုယိုပြီးမဖြစ်ဖြစ်အောင်ကြိုးစားနေရင် သင်က “ သားအတွက်ဖိနပ်စီးရတာခက်ခဲနေမယ်မှန်းမေမေသိတယ်။ ဒါပေမဲ့ သားကတကယ်ကြိုးစားနေတာပဲ” “ အိုသားစိတ်ဆိုးနေတာလား။ မေမေဘာလုပ်ပေးရမလဲ” စသဖြင့် သင်ပြောပေးလို့ရပါတယ်။ လေးလံတဲ့ဘလော့တုံးတွေကိုနေရာတကျပြန်စီတာမျိုးနဲ့ အပင်တွေကိုရေကူလောင်းပေးတာမျိုးလိုခက်ခဲပြီးစိန်ခေါ်မှုတွေပြည့်နေတဲ့ အလုပ်တွေဟာသင့်ကလေးရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့စိတ်ကိုပိုပြီးလျင်မြန်စွာတိုးတက်စေနိုင်ပါတယ်။ သူနည်းနည်းအခက်တွေ့နေတယ်လို့ထင်ရင် ချက်ချင်းပြေးပြီးကူညီတာမျိုးမလုပ်မိအောင်ထိန်းပါ။ အဲ့ဒီလိုလုပ်ပေးလိုက်တာဟာ သူ့ကိုမှီခိုတတ်တဲ့စိတ်တွေဝင်သွားစေပြီး ယုံကြည်မှုတွေ ယိုင်နဲ့သွားစေပါတယ်။ သင့်ကလေးအလုပ်အသစ်တွေကိုစတင်လုပ်တဲ့အခါမှာသင့်ရဲ့မိခင်စိတ်နဲ့ ဝင်ရောက်ကူညီပြီး ကလေးကိုကာကွယ်ချင်တဲ့စိတ်ကသင့်အတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပါပဲ။

ကလေးကိုသင့်ထံမှအကူအညီတောင်းခံလာအောင်လုပ်နေတာကသိပ်ပြီးအကျိုးမရှိပါဘူး။ သင့်ကလေးအိပ်ပျော်သွားတာမျိုးကစားနည်းထဲမှာ အာရုံဝင်စားနေတာမျိုး မဖြစ်လာရင်တော့ အဲ့ဒီကစားနည်းတွေကစားတာကိုကန့်သတ်ပြီးလက်ရှိအခြေအနေတိုင်းလေးဆက်နေနိုင်ဖို့ကြိုးစားပါ။ သင်အလုပ်များနေတဲ့အခါ ဆံပင်သပ်ပေးခြင်းနဲ့ လှမ်းကြည့်ပြုံးပြခြင်းတွေလုပ်ပေးပါ။ ခဏလေးနော်လို့ပြောတာကသိပ်ပြီးအသုံးဝင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ကလေး၂၂လအရွယ်ကလေးက ခဏလေးဆိုတာကိုဘယ်လောက်ကြာမလဲနားမလည်နိုင်ဘူးလေ။ သူတို့အတွက် တစ်မိနစ်ဆိုတာလည်းတစ်ကမ္ဘာစာလောက်ကြာရင်ကြာနေမှာပါ။ ဂရုတစိုက်ကြည့်နေတာထက် သူဘာတွေလိုအပ်လဲဆိုတာကို မြန်မြန်လေးစစ်ဆေးကြည့်ပါ။ ဥပမာ – သေးခံအသစ်လဲတာမျိုးပေါ့။

သင့်ကလေးကိုအစာသစ် စမ်းကျွေးကြည့်မယ်ဆိုရင် စားရဲအောင် သူစားနေကျအစာလေးတွေနဲ့ ရောကျွေးကြည့်ပါ။ သူငြင်းဆန်ထားတဲ့အစာတွေကိုမတူညီတဲ့ပုံစံနဲ့ ဆက်ကျွေးကြည့်ပါ။ သင့်ကလေးကိုပန်းကန်ထဲကဟာကုန်အောင်စားခိုင်းတာနဲ့ တခြားအရာတွေစမ်းစားကြည့်ဖို့ကိုတွန်းအားမပေးပါနဲ့။ လူတစ်ယောက်ကအရာတိုင်းကိုဘယ်ကြိုက်နိုင်ပါ့မလဲ။

ကျန်းမာရေးနှင့် လုံခြုံရေး

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။

သင့်ကလေးကို ၂နှစ်ပြည့် ကျန်းမာရေးစစ်ဆေးဖို့ အချိန်နီးကပ်လာပါပြီ။ ဆရာဝန်ကို အရေးပေါ်အခြေအနေနဲ့ စိတ်ပူစရာတွေဖြစ်လာရင်တော့ အကြောင်းကြားနိုင်ပါတယ်။

ဘာတွေသိသင့်လဲ။

သင့်ကလေးဟာအိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တာဖြစ်နိုင်ကြောင်းသင်သိထားသင့်ပါတယ်။ တကယ်လို့ သင့်မှာခွေးတွေကြောင်တွေလိုမျိုးအိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားရင် သင့်ကလေးမှာအောက်ပါအချက်တွေဖြစ်နေလားသေချာဆန်းစစ်ပါ။

  • နှာချေခြင်း
  • ယားယံခြင်းနဲ့ မျက်ရည်ကျခြင်း
  • နှာစေးခြင်း
  • နှာပိတ်ခြင်း

တကယ်လို့သင့်ကလေးမှာအထက်ပါအချက်တွေထဲကတစ်ခုခုဖြစ်လာခဲ့ရင် ဆရာဝန်ကိုပြောသင့်ပါတယ်။

သင့်အိမ်မွေးတရိစ္ဆာတွေကိုဖယ်ရှားလိုက်ပြီးဆေးတွေတိုက်နေတာတောင် သင့်ကလေးရဲ့ ရောဂါလက္ခဏာတွေမသက်သာသေးရင် ဆရာဝန်ကသက်ဆိုင်ရာဓါတ်မတည့်မှုကိုပျောက်ကင်းစေနိုင်တဲ့ဆေးတွေထိုးပေးနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုများ

ဘာတွေကိုစိတ်ပူနေရသလဲ။

ကလေးသွားတွေစပေါက်လာတာကိုသင်စိတ်ပူနေနိုင်ပါတယ်။ အချို့သောရောဂါလက္ခဏာတွေဟာသွားပေါက်တာနဲ့ဆက်စပ်နေပါတယ်။ ဒီလက္ခဏာတွေထဲမှာ ဝမ်းပျက်ခြင်း၊ အနည်းငယ်ဖျားခြင်း၊ စိတ်တိုင်းမကျခြင်းတွေပါဝင်ပါတယ်။ သင့်ကလေးဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကိုအောက်မှာဖော်ပြထားပါတယ်။

  • သွားရည်ကျခြင်း (မျက်နှာမှာအစက်တွေဖြစ်ပေါ်လာစေပါတယ်)
  • သွားဖုံးရောင်ပြီးအထိမခံဖြစ်ခြင်း
  • စိတ်ဆိုးလွယ်ပြီးစိတ်တိုင်းမကျတာတွေများနေခြင်း
  • ကိုက်တတ်တဲ့အကျင့်
  • အစာစားရင်ငြင်းဆိုခြင်း
  • အိပ်စက်ရာတွင် ပြဿနာဖြစ်ခြင်း

နောက်လမှာသင့်ကလေးဘယ်လိုကြီးထွားဖွံ့ဖြိုးလာမလဲ။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    8 ပတ်သားကလေး

    ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ဒီအချိန်မှာ သင့်ကလေးရဲ့ဦးနှောက်ကဟာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Aye Myat Myat Noe

    9 ပတ်သားကလေး

    ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသနည်း။ သင့်ကလေးလေး ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Su Sandy

    31 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Su Sandy

    33 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Su Sandy

    သင့်အတွက် ရွေးချယ်ထားသည်

    ၃၂ ပတ်သားကလေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr. Su Sandy
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 15, 2018
    5 ပတ်သားကလေး

    5 ပတ်သားကလေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr.Aye Myat Myat Noe
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017
    6 ပတ်သားကလေး

    6 ပတ်သားကလေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Aye Myat Myat Noe
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017
    8 ပတ်

    8 ပတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Hmwe San Eain
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017