လက်သုတ်ပဝါကို တိရစ္ဆာန်ရုပ်လေးတွေ ခေါက်စေတာ (သို့) ပုံစံအမျိုးမျိုးခေါက်စေတာမျိုး ခေါက်ခွင့်ပေးလိုက်ပါ။ မိသားစုဝင်တွေကို ထမင်းစားဖို့ အသင့်ပြင်ပြီးတဲ့အကြောင်း အသိပေးခိုင်းတာ နဲ့ အဓိကဟင်းလျာက ဘာလဲဆိုတာမျိုးကို ကြေညာခွင့်ပေးလိုက်ပါ။
အစားအစာတွေနဲ့ ကစားခွင့်ပေးလိုက်ပါ
ညစ်ပတ်လောက်တဲ့အထိ ကစားတာမျိုးတော့မလုပ်ပါနဲ့။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်ဖြစ်အောင် ပြင်ဆင်တာ မိသားစုဝင်တွေအားလုံး စားသောက်ပွဲတွေပြင်ဆင်ရာမှာ လှလှပပပြင်ဆင်ခြယ်သတာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်နဲ့ ရယ်စရာကောင်းအောင်ပြင်ဆင်တာကလည်း ကလေးကို အစားစားဖို့ပျော်ရွှင်စေမယ့်နည်းလမ်းတစ်ရပ်ပါ။
ကလေးအကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။
ကလေးကို အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ ဘာချက်ရမလဲဆိုတာကို သူတို့သဘောကျ လုပ်ပေးလိုက်ပါ။ ဘာတွေထည့်ချက်ရမလဲဆိုတာကို သူတို့စိတ်ကြိုက်ပေးထည့်လိုက်ပါ။ မိသားစုထမင်းပွဲပြင်ဆင်ရာမှာလည်း ပါဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးပြင်ဆင်ထားတဲ့ အစားအသောက်ကိုကောင်းကောင်းစားပေးလိုက်ပါ။
ကိုယ်တိုင် ပီဇာလုပ်ခွင့်ပြုလိုက်ပါ။
ကလေးကို အသီးအရွက်တွေစားဖြစ်အောင် ကိုယ်တိုင်အသေးစားပီဇာလေးကို လုပ်ဆောင်ခွင့်ပြုလိုက်ပါ။ ပီဇာလုပ်ရာမှာ ထည့်မယ့်ဟင်းသီးဟင်းရွက်တွေကို သူတို့စိတ်ကြိုက်ပုံစံလှီးဖြတ်ပေးလိုက်ပါ။ ကလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ အဆာပလာလေးတွေကို ရှာဖွေပေးပါ။
ဥယျာဉ်ခြံလေးတစ်ခုစိုက်ပျိုးပေးပါ။
ကလေးတွေကို အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးပြီး ရိတ်သိမ်းစားသောက်နိုင်စေဖို့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေ စိုက်ပျိုးထားပေးတာမျိုးလုပ်ဆောင်ပေးပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲဆိုတဲ့အကြောင်း ကလေးငယ်နဲ့ပြောဆိုဆွေးနွေးပါ။
ဒီအချက်ကရိုးရှင်းတယ်လို့ထင်ရပေမယ့် ကလေးတွေကို မှန်မှန်ကန်ကန် စားသောက်နေထိုင်တတ်အောင် သင်ကြားပေးဖို့လိုအပ်ပါတယ်။ ကလေးကို ပန်းသီးက သကြားလုံးတွေထက် ပိုကောင်းတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ ဒါ့အပြင် ကလေးကို အာဟာရတန်ဖိုးတွေကို သိအောင်သင်ကြားပေးပါ။ ဘယ်အစားအစာတွေက နေ့စဉ်စားသုံးသင့်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေလဲဆိုတာနဲ့ ဘယ်အစားအစာတွေကတော့ မဖြစ်မနေပါသင့်တာမျိုးမဟုတ်ဘဲ တစ်ခါတလေမှာ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝအောင်စားသုံးသင့်တဲ့အရာတွေလဲဆိုတာကိုပြောပြပေးရမှာဖြစ်ပါတယ်။
ကလေးတွေကို စူပါမားကတ်တွေကိုခေါ်သွားပြီး စားသောက်ကုန်တွေမှာပါတဲ့ အညွှန်းတွေကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်တတ်အောင်သင်ပေးပါ။ ဘယ်လိုဈေးဝယ်ရလဲဆိုတာကိုလည် သင်ပေးရမှာဖြစ်ပါတယ်။
ဟင်းလျာတွေကိုမြည်းခိုင်းပါ။
ဟင်းချက်တာရဲ့ပျော်စရာအကောင်းဆုံးအချိန်ကို လက်မလွှတ်မိပါစေနဲ့။ ဟင်းတွေချက်ပြီးတဲ့အခါ ကလေးနဲ့အတူတူမြည်းကြည့်ပါ။ စွပ်ပြုတ်ကို နည်းနည်းလောက်ဖြစ်ဖြစ်မြည်းကြည့်တာမျိုး၊ ခရမ်းချဉ်သီးသေးသေးလေးတွေကို တစ်ကိုက်စာလောက်မြည်းကြည့်တာမျိုး လုပ်ပေးလို့လည်းရပါတယ်။ ကလေးကို ဘယ်လိုအရသာရှိလဲဆိုတာမြည်းစမ်းကြည့်ခိုင်းပါ။
ကလေးတွေနဲ့အတူ ချက်ပြုတ်ရတာက ရှုပ်ပွတာကိုပိုဖြစ်စေတယ်ဆိုပေမယ့်ကောင်းတဲ့အချက်တစ်ချက်ကတော့ ကလေးတွေကို သန့်ရှင်းရေးလုပ်ရတာကို နှစ်သက်သွားစေတာပဲဖြစ်ပါတယ်။ မီးဖိုခန်းကိုသန့်ရှင်းရေးလုပ်တာက ချက်ပြုတ်ခြင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဆိုတာကို ကလေးကိုသင်ပေးပါ။ ထမင်းစားစားပွဲကို သန့်ရှင်းဖို့လည်း ကလေးကို သင်ပေးပါ။
အထက်ပါနည်းလမ်းလေးတွေကို အကျိုးရှိရှိအသုံးချပြီး ကလေးတွေကို အစားစားချိန်တိုင်းကပျော်စရာအချိန်တွေဖြစ်အောင်ပြင်ဆင်ပေးနိုင်ကြပါစေကြောင်း။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။