backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

25 လ အရွယ်ကလေးငယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

25 လ အရွယ်ကလေးငယ်

၂၅ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

စိတ်ကူးဉာဏ်ကွန့်မြုးခြင်းဟာ ကြောက်တတ်တဲ့ ပုံစံမျိုးက လွဲရင် ကျောင်းမတက်ခင် ကလေးငယ်တွေရဲ့ ကျေနပ်ဖွယ်အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အသက် ၂ နှစ်ကလေးငယ်ဟာ သူတို့ရှေ့မှာ တွေ့တဲ့ အရာတွေကို ကျော်လွန်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒီအရွယ်အချို့ကလေးငယ်တွေဟာ လူစိမ်းတွေကို မကြိုက်ကြပဲ အရင်တုံးက ပြုလုပ်ခဲ့ဖူးတဲ့ အပြုအမူတစ်ခု (ဥပမာ ကာကွယ်ဆေးထိုးခြင်း) ကို သတိရတတ်ကြပါတယ်။

ကျောင်းမတတ်ခင် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ လောကကြီးကို နားလည်စေဖို့ ဘာတွေလဲ၊ ဘာလို့လဲ၊ ဘယ်လိုလဲ အစရှိတဲ့ မေးခွန်းတွေကို နားလည်စေမယ့် အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်မှု အမြောက်အမြားပြုလုပ်နေတဲ့ ပျားအုံသဏ္ဍန် နဲ့ ဆင်တူပါတယ်။ သူဟာ မေးခွန်းတွေ အများကြီးကို စတင်မေးမြန်းမှာဖြစ်ပါတယ်။ ဒါဟာ အရာရာကို စတင်သိရှိဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ပြီး လူတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ သူ့ကို လူကြီးတွေနဲ့ ဆက်သွယ်မှု ပိုမိုဖြစ်စေပြီး စကားလုံးရွေးချယ်မှု တိုးတက်စေပါတယ်။

ကလေးငယ်ဟာ အိုးနဲ့ အခင်းသွားတတ်ပြီလား။ အသက် ၂ နှစ်အရွယ်ကလေးငယ်ဟာ ကိုယ်တိုင် အိုးနဲ့ အခင်းမသွားတတ်သေးပေမယ့် အတော်များများကတော့ လေ့ကျင့်ပေးဖို့အတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်ပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

• ကလေးငယ်တွေ ဆော့ကစားဖို့ ဆရာဝန် နားကျပ်၊ အပူချိန်တိုင်း ကိရိယာတွေ ယူလာပေးရင် သူဟာ ဆရာဝန်လုပ်တိုင်း ကစားနိုင်ပါတယ်။ ကလေးရဲ့ လူနာလုပ်ဖို့အတွက် ကလေးအရုပ်တစ်ခုကို ယူသွားသင့်ပါတယ်။

• ဘာဖြစ်မယ်ဆိုတာ ပြောထားပါ။ ပထမဦးစွာ ရှေ့စားပွဲကို သွားပြီး ကလေးနာမည်ကို ပြောလိမ့်မယ်။ ပြီးရင်တော့ စောင့်နေတဲ့ အချိန်မှာ စာအုပ်တစ်အုပ် ဖတ်နေမယ် အစရှိသဖြင့် ပြောပြထားသင့်ပါတယ်။

• ကလေးကို စစ်ဆေးနေချိန် ဆေးထိုးနေချိန်မှာ ကလေးကို ပေါင်ပေါ်တင်ထားသင့်ပါတယ်။

• ဘယ်တော့မှ မလိမ်ပါနဲ့။ ဆေးထိုးခြင်းဟာ အနည်းငယ် နာလိမ့်မယ်လို့ ပြောထားပါ။

• ကလေး ဆေးထိုးခံရတော့မယ်ဆိုရင် မမှန်တဲ့ အချက်အလက်တွေဖြစ်တဲ့ ဆေးမထိုးဘူးဆိုတာမျိုး မပြောသင့်ပါဘူး။

• အကောင်းမြင်စိတ်ထားပါ။ အသက်နှစ်နှစ်အရွယ်ကလေးငယ်တွေဟာ မျက်နှာအမူအရာနဲ့ ကိုယ်ခန္ဓါ အပြုအမူတွေကို ဖတ်တတ်ပါတယ်။

စူးစမ်းတဲ့ သင်ယူသူတွေကို အားပေးဖို့အတွက်

• အိမ်တစ်ပတ်လည်မှာ အရာရာကို စူးစမ်းနေရင် မတားမြစ်သင့်ပါဘူး။

• သူ့ရဲ့ အာရုံအကုန်လုံးကို လှုံ့ဆော်ပါ။ မြေစေး၊ သဲ၊ တေးဂီတဆိုင်ရာ အရုပ်တွေဖြစ်တဲ့ xylophone ပတ္တလား သို့ maracas တွေကို ဝယ်ပေးသင့်ပါတယ်။

• သူ့ကိ နေရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ပေးထိတွေ့ပါ။ ဥပမာ ရေကန်၊ တိရိစ္ဆာန်ရုံ၊ လေယာဉ်ကွင်း။

• သူနေတဲ့ နေရာအနှံ့မှာ စာအုပ်တွေကို ထားရှိပါ။ စာအုပ်ပြန်ထားဖို့ စာကြည့်တိုက်ကို မကြာခဏ သွားပါ။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

သင့် အသက်နှစ်နှစ်အရွယ် ကလေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖြစ်နိုင်ပါတယ်။ တကယ်လို့ စစ်ဆေးမှု ပြီးခဲ့တဲ့လက မလုပ်ခဲ့သေးရင် ဒီလမှာ စစ်ဆေးသင့်ပါတယ်။ သင့်ဆရာဝန်ကို အပြုအမူ၊ အကျင့်ပြောင်းလဲမှုတွေ ရှိရင် ပြောပြသင့်ပါတယ်။

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

ကလေးကို အိုးနဲ့ အခင်းသွားဖို့ ဘယ်အချိန်မှာ လေ့ကျင့်ပေးနိုင်မလဲဆိုမျိုး သိချင်တာတွေ ရှိပါလိမ့်မယ်။ သင်သိသင့်တာကတော့ ကလေးငယ်တိုင်းမှာ စတင်တဲ့ အသက်အရွယ်မတူညီပါဘူး။ အိုးနဲ့ အခင်းသွားအောင် လေ့ကျင့်ပေးခြင်းဟာ သင့်အတွက်ရော သင့်ကလေးငယ်အတွက်ပါ စိတ်ဖိစီးဖွယ်ဖြစ်ပါတယ်။ အောက်ပါအချက်တွေက သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

• ကလေးငယ်အဆင်သင့် မဖြစ်သေးခင်မှာ အတင်းမလုပ်ခိုင်းသင့်ပါဘူး။ အတင်းလုပ်ခိုင်းခြင်းဟာ ဒီဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။ သူဟာ ပိုပြီးတော့ ကြောက်လန့်လာပါလိမ့်မယ်။

• သူ့ကို အဖုံးမပါတဲ့ အိုးပေါ်မှာ ထိုင်စေအောင် လုပ်ပြီး အိုးအကြောင်း၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပြောပြသင့်ပါတယ်။

• စာအုပ်ဖတ်ပြသင့်ပါတယ်။ ကလေးက အိုးပေါ်မှာ ထိုင်နေချိန်မှာ သူ့ကို စာအုပ်ဖတ်ပြနိုင်ပါတယ်။ ဒါဟာ သူ့ကို စိတ်ပြေလက်ပျောက် ဖြစ်စေနိုင်ပါတယ်။

• ကလေးကို ဆုပေးပါ။ ဥပမာ သူပြီးသွားရင် သူအကြိုက်ဆုံးမုန့်ကျွေးနိုင်ပါတယ် (သို့) အိုင်ပတ်ကို အပို ၁၅ မိနစ် ပေးသုံးနိုင်ပါတယ်။

• တကယ်လို့ တစ်ခုမှ မအောင်မြင်ရင် ရပ်ပြီး နောက်တစ်ချိန်မှာ ထပ်ကြိုးစားသင့်ပါတယ်။

စိတ်ရှုပ်တာကြောင့် ဒေါသမထွက်မိဖို့ အရေးကြီးပါတယ်။ သင့်ကလေးငယ်ဟာ စိတ်တည်ငြိမ်ပြီး စိတ်လက်ကြည်သာ ဖြစ်ဖို့ အရေးကြီးပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

နောင်တစ်ချိန်မှာ ပြဿနာ မဖြစ်ရအောင် သင့်ကလေးရဲ့ အဆီနဲ့ ကိုလက်စထရောဓါတ်တွေကို ကန့်သတ်ပေးဖို့အရေးကြီးပါတယ်။ ကောင်းတဲ့အဆီတွေကို စားစေပြီး မကောင်းတဲ့အဆီတွေကို ဖယ်ထုတ်ဖို့ အရေးကြီးပါတယ်။ သင့်ကလေးကို နွားနို့တိုက်ကျွေးနိုင်ပေမယ့် အာလူးကြော်လိုမျိုးတွေကို ရှောင်ကျဉ်သင့်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သင်ဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့ grains, legumes နဲ့ အသီးအရွက်တွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသား၊ ငါးတွေနဲ့ အတူ ကျွေးသင့်ပါတယ်။ ဒါပေမယ့် သိပ်ပြီး ကန့်သတ်မထားသင့်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ နှလုံးအတွက် ကောင်းမွန်တဲ့ အဆီတွေကို လိုအပ်ပါတယ်။ ဒါကြောင့် ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement