backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

24 လ (2 နှစ်) အရွယ်ကလေးငယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

24 လ (2 နှစ်)  အရွယ်ကလေးငယ်

၂၄ လ (၂နှစ်) အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ အခုဆို နှစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်အထိ သင့်ကလေး ဖြတ်သန်းခဲ့ပြီးတဲ့ milestone တွေ မြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်တိုင် အဝတ်အစား ဝတ်ခြင်း၊ ချွတ်ခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူဘယ်လို အဝတ်အစားတွေကို ဝတ်ချင်တယ်ဆိုတာကိုလည်း သိနေပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ ကျွမ်းကျင်မှုနဲ့ ပြင်းပြတဲ့ အမှီအခို ကင်းမဲ့မှုတွေကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။

သင့်ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေဟာလည်း တိုးတက်လာနေပါတယ်။ သူဟာ နှစ်ပေလောက်ကို ယုံကြည်မှုရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ကုန်ပြီးတော့ ကြမ်းပြင်က အရာဝတ္ထုတွေကို ကောက်နိုင်ပြီ ဖြစ်ပါတယ်။ ခုန်ခြင်း (သို့) ခြေဖျားထောက်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

အသက်နှစ်နှစ်မှာတော့ သင့်ကလေးငယ်ဟာ အရာဝတ္ထုတွေရဲ့ ဓလေ့ နဲ့ သူတို့ကို ပတ်ဝန်းကျင်နဲ့ ဘယ်လို ဆက်စပ်ရမလဲဆိုတာ နားလည်လာမှာ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုရဲ့ အရွယ်အစားနဲ့ အခြားအရာဝတ္ထုတစ်ခုနဲ့ နှိုင်းယှဉ် စဉ်းစားတတ်မှာ ဖြစ်ပါတယ်။ သူဟာ လမ်းကြောင်းတွေကို သိလာမှာ ဖြစ်ပြီး “ထောင့်မှာ ရှိတဲ့ ဘောလုံးဆီ သူ့ကို ခေါ်သွားပါ”သို့ “ထိပ်ဆုံးကို ကြည့်လိုက်ပါ အစရှိသဖြင့် ပြောဆိုလာနိုင်ပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

သင့်ကလေးငယ်ကို ကြည်သီး အနည်းငယ်၊ ချိတ်အနည်းငယ် ပါတဲ့ အဝတ်အစားတွေ ဝယ်ပေးပြီး ကိုယ်တိုင် ဝတ်ဆင်နိုင်အောင် သင်ပေးသင့်ပါတယ်။ သင့်ကလေးငယ်အတွက် သားရေကြိုးပါတဲ့ ဘောင်းဘီတွေ၊ လည်ပင်းစွပ်ဝတ်ရတဲ့ အင်္ကျီတွေ၊ Velcro-close ဖိနပ်တွေဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့ အံဆွဲကို ဒီလိုလွယ်ကူတဲ့ ပစ္စည်းတွေနဲ့ ဖြည့်ပေးထားခြင်းအားဖြင့် မနက်ပိုင်းအလုပ်ရှုပ်တာ သက်သာစေနိုင်ပါတယ်။ သင့်ကလေးငယ်ကို စိန်ခေါ်မှု အသစ်တွေ ဖြစ်တဲ့ ကြီးမားတဲ့ ကြယ်သီးတစ်လုံးတပ်စေခြင်းတွေကို ဖြည်းဖြည်းချင်း သင်ကြားပေးနိုင်ပါတယ်။

သင့်ကလေးငယ်ကို ပိုမို နားလည်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါတယ်။

• သူတို့နဲ့ အတူမရှိတဲ့အချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာ ပြောပြသင့်ပါတယ်။ အဖေက အလုပ်မှာ (သို့) အဖွားက အဝေးမှာ နေတယ် အစရှိတယ်ဆိုတာမျိုးကို ပြောပြသင့်ပါတယ်။

• မတူညီတဲ့ စေခိုင်းမှုတွေပါဝင်တဲ့ ရိုးစင်းတဲ့ ညွှန်ကြားချက်တွေကို ပြောပြသင့်ပါတယ်။ ဥပမာ အရုပ်ကို ထိုင်ခုံပေါ်ကို အရင်တင်ပါ။ ပြီးရင် ထိုင်ခုံအောက်မှာ ထားပါ၊ ပြီးရင်တော့ သင့်ဆီကို ပြန်ပေးပါ အစရှိတာတွေပဲ ဖြစ်ပါတယ်။

• နေရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း မေးနိုင်ပါတယ်။ ငှက်တွေ ဘယ်မှာနေသလဲ။ လေယာဉ်ပျံတွေက ဘယ်လို ပျံသန်းကြသလဲ။ တံခါးက ဘယ်မှာလဲ။ မှန်ကန်တဲ့ အဖြေကို တစ်ချိန်လုံးမျှော်လင့်ထားခြင်း မရှိသင့်ပါဘူး (သို့) ပဟေဠိအဖြစ် ပြောင်းလဲသင့်ပါတယ်။ ဒီမေးခွန်းတွေကို နေ့စဉ်ဘဝရဲ့ စကားပြောဆိုမှုတွေမှာ ထည့်သွင်းပြောကြားသင့်ပါတယ်။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

သင့်ကလေးအသက်နှစ်နှစ်အရွယ်မှာ ဆရာဝန်နဲ့ ပြသ စစ်ဆေးမှုဟာ အရေးကြီးပါတယ်။ ဆရာဝန်ဟာ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး သင့်ကလေးငယ်ရဲ့ အဓိကကျတဲ့ milestone တွေ ရောက်ရဲ့လားဆိုတာ စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဆရာဝန် စမ်းစစ်မှုကို အထောက်အကူဖြစ်စေဖို့ သင့်ဆရာဝန်နဲ့ အောက်ပါအချက်တွေကို ဆွေးနွေးသင့်ပါတယ်။

သင့်ကလေးငယ်ရဲ့ အိပ်စက်တဲ့အကျင့်

ကလေးအတော်များများဟာ ညအခါမှာ ၁၁ နာရီလောက်အိပ်ပြီး နေ့အချိန်မှာ နှစ်နာရီလောက် အိပ်ကြပါတယ်။ အချို့ကလေးငယ်တွေဟာ နေ့အချိန်မှာ မအိပ်ပဲ ညအချိန်မှာမှ အကြာကြီး အိပ်ကြပါတယ်။ သင့်ကလေးငယ်ဟာ အိပ်မက်ဆိုးတွေကနေ နိုးနေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အိပ်မက်ဆိုးတွေဟာ ဒီအရွယ်မှာ အဖြစ်များပေမယ့် သင့်ဆရာဝန်က ကလေးငယ် သက်တောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

ကလေးငယ်ရဲ့ စားတဲ့ အကျင့်

အခုအချိန်အထိမှာ သင့်ကလေးငယ်စားတဲ့ သကြားဓါတ်ပမာဏကို သင်က ကန့်သတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အချိန်မှာ ကလေးငယ်ဟာ အပြင်စာ စားခြင်းကို နှစ်သက်လာနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးငယ်ကို သွားပိုးမစားအောင် ပြုလုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပြီး ဆရာဝန်က ကလေးငယ်ရဲ့ စားသောက်ပုံနဲ့ ပတ်သက်တဲ့ သင့်ရဲ့ စိုးရိမ်စိတ်တွေကို သက်သာစေမယ့် ကျန်းမာစေတဲ့ မုန့်တွေကို အကြံပြုနိုင်ပါတယ်။

ကလေးငယ် လမ်းလျှောက်ပုံ

ကလေးအတော်များများဟာ ဒီအချိန်မှာ ခြေထောက်တွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ဒူးခေါင်းကွေးကျသွားနိုင်ပါတယ်။ ဒါဟာ ကလေးအသက် ၇ နှစ်ရောက်ချိန်မှာ ပြန်ကောင်းသွားမှာ ဖြစ်ပါတယ်။

သင့်ကလေးငယ်ရဲ့ လှုပ်ရှားမှု

ဒီအချိန်မှာ ကလေးငယ်ဟာ လက်၊ ခြေထောက်တွေကို ပိုမို ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့် ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အားမထုတ်ရပဲ ဘောလုံးကန်ခြင်း၊ block towers ဆောက်ခြင်း၊ ပရိဘောဂတွေပေါ် တက်ခုန်ခြင်း၊ လှေကား တက်ခြင်း၊ ဆင်းခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူ့ကို လှုပ်လှုပ်ရှားရှားနေနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးထားပေးသင့်ပါတယ်။

ဆရာဝန်ကို ဘာပြောပြသင့်သလဲ။

သင့်ကလေးငယ်ရဲ့ ကိုယ်အလေးချိန်၊ အရပ်၊ ခေါင်း အရွယ်အစားအစရှိတာတွေကို ဆရာဝန်က တိုင်းထားပေးမှာဖြစ်ပါတယ်။ CDC အရ သင့်ကလေးငယ်ဟာ အောက်ပါ သတ်မှတ်ချက်အတွင်း ရှိနေသင့်ပါတယ်။

• ကိုယ်အလေးချိန်: 10.7kg to 15.5kg (ယောက်ျားလေး), 10kg to 14.5kg (မိန်းကလေး);

• အရပ်: 82.5cm to 93.3cm (ယောက်ျားလေး), 80cm to 91.4cm (မိန်းကလေး);

• ခေါင်း အရွယ်အစား: 46.4cm to 50.8cm (ယောက်ျားလေး), 45.7cm to 49.5cm (မိန်းကလေး);

သင့်ဆရာဝန်က BMI ကို တွက်ချက်ပေးနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ BMI ဟာ 85th 94th percentile အတွင်းမှာရှိရင် ကလေးငယ်ဟာ ကိုယ်အလေးချိန် များနေနိုင်ပါတယ်။ 95th percentile ရဲ့ အထက်မှာရှိရင်တော့ ဒါဟာ သင့်ကလေးငယ် အဝလွန်ခြင်းကို ဖေါ်ပြနိုင်ပါတယ်။ သင့်မှာ စိုးရိမ်မှုတွေ ရှိရင် (သို့) မရှုင်းတာရှိရင် ဆရာဝန်နဲ့ ဆက်သွယ်စကားပြောသင့်ပါတယ်။ စိတ်မညစ်သင့်ပါဘူး။ ဒီကိန်းဂဏန်းတွေဟာ စိတ်ရှုပ်ဖွယ်ဖြစ်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

မိခင်တစ်ယောက်အနေနဲ့ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုတွေ၊ ဘယ်လိုစားသောက်နေလဲဆိုတာတွေကို စိုးရိမ်နေသင့်ပါတယ်။ ဒီအချိန်မှာ သင့်ကလေးနဲ့ ကြာရှည်စွာ စကားပြောနိုင်ပြီ ဖြစ်ပါတယ်။ နောက်ကျမှ စကားပြောတဲ့ ကလေးငယ်တွေလဲ ရှိနိုင်ပါတယ်။ ဒါဟာ စိုးရိမ်ဖွယ်ဖြစ်ပေမယ့် မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။

ကလေးတိုင်းဟာ ဖွံ့ဖြိုးမှု မတူညီကြပါဘူး။ အသက် ၂ နှစ်အရွယ်မှာ သင့်ကလေးငယ်ဟာ စကားလုံး အလုံး ၅၀ ထက်ပိုပြောနိုင်ပြီး စာကြောင်းတစ်ခုဖြစ်အောင် စကားလုံးနှစ်လုံးကို စီနိုင်ပြီ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဒီလိုမလုပ်နိုင်သေးရင် နောက်လအထိ စောင့်ဆိုင်းသင့်ပါတယ်။ လပေါင်းများစွာ ကြာတဲ့အထိ မလုပ်နိုင်သေးရင်တော့ စိတ်ပူသင့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement