ကလေးတွေဆီမှာလည်း လိင်ဆိုတဲ့ အရာကို ထင်မြင်ချက်တွေ ရှိနေတတ်ကြပါတယ်။ သူတို့ နားလည် သဘောပေါက်ထားဖူးတဲ့ “လိင်မှုရေးရာ”တွေ၊ သူတို့လေးတွေရဲ့ ထင်မြင်ချက်တွေဟာ မိမိလို လူကြီး တစ်ယောက်နဲ့ မတူကွဲပြားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒေါသမထွက်လိုက်ပါနဲ့။ မိမိရဲ့ ထင်မြင်ချက်ကို စိတ်ရှည်ရှည်၊ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ပြောပြပေးပါ။
(၇) ရိုးသားပါ။
လိင်မှုရေးရာ အပေါ် ကလေးကမေးခွန်းတွေထုတ်လာတဲ့အခါ အဖြေမှန်ကိုသာ ဖြေကြား ပေးပါ။ သူတို့လေးတွေ စိတ်ကျေနပ်အောင် အမှန်တရားကို ဖုံးကွယ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ မိမိကိုယ်တိုင် မသိရင်လည်း မသိတဲ့အကြောင်း အမှန်အတိုင်း ဖြေပါ။ ကျား/မလိင် ကွဲပြားမှုအပေါ် မိမိတစ်ဦးတည်းရဲ့ တစ်ဖက်သတ်အမြင်ကိုလည်း မချပြပါနဲ့။
(၈) ပြောတဲ့အတိုင်းလုပ်ပါ။
လိင်မှုရေးရာမှာ ဘယ်လိုအပြုအမူဟာ ကောင်းတယ်၊ ဘယ်ဟာကတော့ မကောင်းဘူး ဆိုတာတွေ ပြောပြနေပြီး မိမိကိုယ်တိုင်လည်း မိမိပြောသလို ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ အပြောတင် မဟုတ် အလုပ်နဲ့ သက်သေပြပါ။ ကလေးအတွက် စံပြုပုဂ္ဂိုလ်ဖြစ်နေပါစေ။
(၉) သင်ထောက်ကူပစ္စည်းတွေအသုံးချပါ။
လိင်ပညာပေးစာအုပ်တွေ၊ ဗီဒီယိုတွေကိုပြသပြီး ကလေးနဲ့တူတူ အပြန်အလှန်ဆွေးနွေးပါ။ အရိုင်း ဆန်ဆန်ဇာတ်ကားမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ လိင်အသိပညာအကြောင်း ပညာသားပါပါ ရိုက်ကူး ထားတဲ့အရာမျိုးတွေကို ဆိုလိုတာပါ။
(၁၀) သူတို့လေးရဲ့ လူမှုဘဝဟာ ကျယ်ပြန့်ပါစေ။
မိမိကလေးကို ကျောင်းကပြုလုပ်တဲ့ အုပ်စုတွေမှာပါဝင်ပါစေ။ (ဥပမာ လူငယ်စေတနာ့လုပ်အားရှင်များအသင်း၊ ကင်းထောက် လူငယ်များအသင်း၊ အမျိုးသမီးသီးသန့်အားကစားအသင်း၊ ဘောလုံး အသင်းစတဲ့ အသင်းတွေမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါစေ)
သူတို့ရဲ့ ကျောင်းပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း မိမိနဲ့ မကင်းမကွာရှိနေပါစေ။ မိမိကိုယ်တိုင် လည်း ကလေးတွေရဲ့ လိင်ပညာပေးခြင်းနဲ့ ပညာရေးဘက်ကို ထောက်ပံ့ပေးဖို့ ဖွဲ့စည်းထားတဲ့ အသင်း တွေထဲ ဝင်ရောက်ဆက်သွယ်ပေးပါ။
ကလေးတွေရဲ့ လိင်မှုရေးရာအပေါ် အမြင်ဟာ သူတို့လေးတွေရဲ့ ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက် သက်ရောက်ပါတယ်။ ဒါကြောင့် ငယ်စဉ်အခါကတည်းက လက်ဦးဆရာဖြစ်တဲ့ မိဘတွေဟာ မိမိရဲ့ကလေးကို လိင်ပညာပေးထားဖို့ လွန်စွာအရေးကြီးပါတယ်။ ဒါမှသာ သူတို့လေးတွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကျော်လွှားနိုင်ကြမှာပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။