ချစ်ရတဲ့ သားသားမီးမီးတို့အတွက် အာဟာရပြည့်ဝစေချင်တဲ့ မေမေတို့အတွက် အမှာစကား

ယခုဆောင်းပါးသည် ပံ့ပိုးမှုဖြင့်ရေးသားထားသောဆောင်းပါးဖြစ်သည်။ ကျွန်ုပ်တို့၏ ကြော်ငြာနှင့်ပံ့ပိုးမှုမူဝါဒအချက်အလက်များကို ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဧပြီ 13, 2020 . 4 mins read
Share now

ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေချင်လို့ အာဟာရပြည့်ဝအောင် ဘာကိုများ တိုက်ကျွေးရမလဲဆိုပြီး ရွေးရခက်နေလား…….. ဒါဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့ သမီးလေးတွေကို ကိုယ်တိုင်ပျိုးထောင်ပေးနေတဲ့ သရုပ်ဆောင် ချစ်သုဝေ (မထရီဇာ) နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဒီ ဆောင်းပါးလေးကို ဖတ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းလိုက်ပါ။

Dugro ရဲ့ Brand Ambassador ဖြစ်ခွင့်ရတဲ့ အပေါ် မထရီဇာရဲ့ ခံစားချက်နဲ့ အမြင်လေးပြောပြပေးပါ၊။

Dugro ရဲ့ brand ambassador ဖြစ်ရတာ အစ်မက ကျေနပ်တယ် ။ ဘာကြောင့်လဲဆိုရင် Dumex ဆိုတာကလည်း reputation ကောင်းကောင်းနဲ့ရပ်တည်နေတဲ့ brand တစ်ခုဖြစ်တယ် ။၂ နှစ်ကျော်ကလေးတွေအတွက် နို့မှုန့်ရွေးချယ်တဲ့အခါမှာ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုချပေးနိုင်ဖို့ တာဝန်ရှိတယ်လို့ အစ်မ ယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နယ်တွေမှာက ကလေးအတွက် သောက်ရမယ့်နို့မှုန့်မဟုတ်ပဲနဲ့ အခြားအမျိုးအစားနို့မှုန့်တွေကို အလွယ်တကူသောက်သုံးကြတဲ့အခါမှာ ကလေးကိုတိုက်ကျွေးကြတဲ့အခါမှာ အများကြီးဒုက္ခတွေရောက်ကြတယ်ပေါ့နော် ။

ဒီလို မှားယွင်းတဲ့ အယူအဆတွေကို အစ်မတို့က လမ်းကြောင်းတည့်ပေးဖို့ အတွက် Dugro က အသင့်တော်ဆုံး ဖြစ်တယ်။ ၂ နှစ်ကျော်ကလေးတွေ သောက်သုံးဖို့အတွက် Dugro သည် တကယ်ကိုသင့်တော်တဲ့ brand လည်းဖြစ်တယ်။ ဈေးအရဆိုရင်လည်း affordable ပေါ့နော်၊ အရမ်းကို သင့်တင့်တဲ့ဈေးနှုန်းရှိတဲ့ brand တစ်ခုဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီ Dugro ကို represent လုပ်ပေးရတာ မထရီဇာ စိတ်ထဲမှာအရမ်းကို ကျေကျေနပ်နပ်နပ် ရှိပါတယ်။

Dugro ရဲ့ Brand Ambassador အဖြစ် မထရီဇာ လက်ခံဖြစ်ရတဲ့ အကြောင်းလေးပြောပြပေးပါဦး။

အရှေ့ကပြောခဲ့သလိုပဲပေါ့ brand တစ်ခုရဲ့ ambassador အနေနဲ့လက်ခံမယ်ဆို မထရီဇာတို့က ဒီ brand ကို ယုံကြည်မှလည်း ဖြစ်မှာကိုး ။ အဲဒီအတွက်ကြောင့်မို့ အစ်မက ကိုယ်တိုင်ကလည်း ကလေးချစ်တဲ့သူ ဖြစ်တယ် မိခင်တစ်ယောက်လည်း ဖြစ်တယ် ။ အဲဒီအတွက်ကြောင့်မို့ မိခင်တွေအတွက် အကောင်းမွန်ဆုံးဖြစ်တဲ့ ဈေးနှုန်း သင့်တင့်တဲ့ brand တစ်ခုကို အစ်မက recommend ပေးရတဲ့သူဖြစ်တဲ့အတွက် အဓိက ကတော့ ယုံကြည်လို့ကို လက်ခံဖြစ်ခဲ့တာပဲဖြစ်ပါတယ် ။

Dugro ကို ကလေးတွေအတွက် အသင့်တော်ဆုံးလို့ ဘာလို့ပြောရတာလဲ။

Dugro ရဲ့ အဓိက အားသာချက်တွေပေါ့နော် ။ Dugro ရဲ့ အဓိက အားသာချက်တွေက မိခင်တိုင်းက သားသမီးတွေကို အပြည့်စုံဆုံး ဖြစ်စေချင်ကြတယ်။ အဲဒီမှာမှ နေ့စဉ်နဲ့အမျှ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ အစ်မတို့ရဲ့ အခြေခံလိုအပ်တဲ့ vitamins & minerals တွေလေနော်။ ဒါတွေဟာ အကုန်လုံး ဖြည့်တင်းပေးဖို့ကို ဒီနေ့ ခေတ်အခါကြီးမှာက အချိန်အခက်အခဲတွေ ရှိတယ်ပေါ့နော် ။

ဘာဖြစ်လို့လဲဆိုတော့ မိခင်တွေ အားလုံးကလည်း အပြင်ထွက် အလုပ်လုပ်နေကြတာကိုး ။ အဲဒီအခါမှာ ကလေးအတွက် လိုအပ်တဲ့ vitamins & minerals တွေ ပါဝင်တဲ့ ဒီ nutritional နို့မှုန့်တစ်ခုလောက် ရှိနေတယ်ဆိုရင် အမေတွေ ဘဝအတွက် အများကြီး အဆင်ပြေ စေတယ်ပေါ့နော် ။ ဒီ Dugro နို့မှုန့်ကကျတော့ ကလေးတွေရဲ့ ဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးတိုးတက်စေမှုအတွက် တကယ်ကို အရေးကြီးတဲ့ DHA လည်းပါဝင်တယ် ၊ ပြီးတော့ အစာခြေစနစ် ကောင်းမွန်ဖို့အတွက်ကလည်း အမျှင်ဓာတ်က သိပ်အရေးကြီးတယ်ပေါ့နော် ။

အဲဒီလို အစာခြေစနစ်ကို ကူပြီးထိန်းပေးနိုင်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ lcFOS လည်းပါဝင်တယ် ။ ပြီးရင်ကလေးတွေက ဒီအချိန်မှာက အရိုးနဲ့သွားတွေသန်မာဖို့က သိပ်အရေးကြီးတယ် ။ အရိုးတွေသန်မာမှသာ သူတို့က ပုညှက်တဲ့ ကလေးတွေ မဖြစ်ပဲနဲ့ အရပ်ရှည်တဲ့ကလေးတွေ သင့်တင့်လျောက်ပတ်တဲ့အရပ်ရှိတဲ့ကလေးတွေဖြစ်မှာ ။

အဲဒီအတွက်ကြောင့် အရိုးနဲ့သွားတွေကို သန်မာအောင် ထောက်ပံ့ပေးတဲ့ calcium နဲ့ Vitamin D လည်း Dugro မှာပါတယ် ။ နောက်တစ်ခုကကျတော့ ကလေးတွေ ခဏခဏဖျားတာ နာတာ ဖြစ်ရင် ကလေးတွေ ကိုယ်ခံစွမ်းအား ကျတာပေါ့ ။ အဲဒီတော့ ကိုယ်ခံစွမ်းအား ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Vitamin A & C ကလည်း သူ့မှာပါတယ် ။

ပြီးရင်အစ်မအကြိုက်ဆုံးအချက်ပေါ့ ။ မထရီဇာက သမီးလေးတွေကို သကြားဓာတ်နဲ့ပတ်သက်ပြီး အရမ်းကို ဂရုစိုက်တယ် ။ သကြားက အစ်မက ကလေးတွေတင်မကဘူး လူကြီးအတွက်ပါ ဘာမှအကျိုးကျေးဇူး မပေးဘူးပေါ့နော် ။ Dugro မှာက သကြားဓာတ် sucrose ကို လုံးဝ ထပ်ဖြည့်ထားခြင်း မရှိဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်ကလေးတွေအတွက်အရမ်းကိုသင့်တော်တဲ့ နို့မှုန့်တစ်ခုဖြစ်တယ်ပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ နို့သောက်ပြီးတဲ့ကလေးတွေက သွားပိုးစားတာ များတာကိုး။ ဘာကြောင့်လဲဆိုရင် sucrose သကြားဓာတ် ပါလို့လေနော် ။ အဲဒီတော့ Dugro မှာကသကြားဓာတ်လုံး၀ လုံးဝမပါတဲ့အတွက် အသင့်တော်ဆုံး ဖြစ်တယ် ။

ကလေးတစ်ယောက်မှာ အစာခြေစနစ်က ဘယ်လောက်ထိ အရေးပါလဲဆိုတာကို Sharing လေးလုပ်ပေးပါဦး။

ဒီဟာကတော့ ကလေးတွေအတွက် တင်မကဘူး လူကြီးတွေအတွက်လည်း အစာခြေစနစ်က အရေးကြီးတယ်။ ဝမ်းမကောင်းရင် ခေါင်းခဲရတယ်ဆိုတာလည်း အားလုံးသိကြတယ်လေနော်။ ဒီအစာခြေစနစ်ကြီး မကောင်းဘူး ဆိုရင် နေ့စ္စဓူဝလုပ်ကိုင်ဆောင်ရွက်ရ တာတွေတော်တော်အဆင်မပြေဘူးလေနော်။ ဒီကလေးတွေမှာတော့ ပိုလိုအပ်တယ်။

အစာခြေစနစ် ကောင်းမွန်မှသာလျှင် စားလိုက်တဲ့အာဟာရဓာတ်တွေအကုန်လုံးကို ကောင်းမွန်စွာ ချေဖျက် နိုင်မယ်။ ကောင်းမွန်စွာ စုပ်ယူနိုင်မယ်။ ဒီစားလိုက်တဲ့ အာဟာရတွေမှာ ပါဝင်တဲ့ vitamins နဲ့ minerals တွေ အားလုံးကလည်း လိုအပ်တဲ့နေရာအသီးသီးကိုပို့ဆောင်ပေးနိုင်မယ် ။ ခန္ဓာကိုယ် လှုပ်ရှားသွားလာဖို့ ၊ ဦးနှောက်က တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ ၊ အမြင်အာရုံတွေ ကောင်းမွန်ဖို့ အရာရာဟာ ဒီအာဟာရတွေရှိမှရမှာ။ အဲဒီတော့ ဒီအာဟာရတွေ အတွက်ကလည်း ဒီအာဟာရတွေ ခန္ဓာကိုယ်ရဲ့ နေရာအသီးသီးကို စနစ်တကျ ရောက်ရှိဖို့ ဆိုတာလည်း အစာခြစနစ်သည် အရမ်းအရမ်းကိုအရေးပါတယ်။

ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးဖို့ အစာအာဟာရတွေက ဘယ်လောက်ထိ အရေးပါတယ်လို့ ခံယူထား ပါသလဲ။

အစာအာဟာရက အရမ်းအရေးပါတယ် ။ Nutrition is everything ပဲပေါ့နော်။ မထရီဇာဆိုရင် သမီးလေး ၂ ယောက်ကို ပထမရက် ၁၀၀၀ကို အရမ်းကို ဂရုတစိုက် ချက်ပြုတ်ကျွေးမွေးတယ်။ အရမ်းကို သူတို့ရဲ့ nutrition ကို ဂရုစိုက်တယ်။ အစာအာဟာရကပဲ ကလေးရဲ့ ကြီးထွားဖွံဖြိုးမှု အားလုံးကို ထောက်ပံ့ပေးတာ။ သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်း ကိုယ်ခန္ဓာရှင်သန်ဖွံ့ဖြိုးမှု အပိုင်း၊ အရာရာဟာ ဒီအာဟာရကနေပဲသွားတဲ့အတွက် အာဟာရသည် အရမ်းကို အရေးကြီးပါတယ်။ အာဟာရကြောင့် မြင်သာတဲ့ ပြောင်းလဲမှုတွေ ရှိသလို မမြင်သာတဲ့ ပြောင်းလဲမှုတွေ ရှိတယ် ။ မြင်သာတဲ့ ပြောင်းလဲမှုကတော့ ကလေးတွေ ပိန်လား၊ဝလားပေါ့။ ခန္ဓာကိုယ် ကြီးထွားမှု အပိုင်းတွေပေါ့။ အရပ်ရှည်လား ပုညှက်နေလားပေါ့။

ဒါတွေကတော့ မြင်ရတဲ့အပိုင်းတွေပေါ့နော်။ မမြင်ရတဲ့ အပိုင်းတွေကတော့ ကလေးတွေရဲ့ အမြင်အာရုံပေါ့။ ပြီးရင် ကလေးတွေရဲ့ ဦးနှောက် အရည်အသွေးတွေ ပေါ့နော်။ သူတို့ရဲ့ ဦးနှောက် ကြီးထွားဖွံ့ဖြိုးမှုနှုန်းက ဘယ်လောက်လဲ ၊ သူတို့ဘယ်လောက်ထိ ဉာဏ်ကောင်းလာလဲ ၊ သူတို့ရဲ့ အမြင်အာရုံက ဘယ်လောက်ထိ ကြည်လင်ပြတ်သားနေလဲ ။ ဒါတွေက မမြင်ရတဲ့ အပိုင်းတွေပေါ့။ ဒါကြောင့်မို့ အာဟာရသည် ဘက်စုံတော်တဲ့ ထူးချွန်တဲ့ ကလေးဖြစ်လာဖို့အတွက် အာဟာရက သိပ်အရေးကြီးတယ်။

ကလေးတွေအတွက် ဖော်စပ်ထုတ်လုပ်ထားတဲ့ Dugro နို့မှုန့် အပေါ် ဘာလိုမြင်လဲ ဆိုတာပြောပြပေးပါဦး။

အရှေ့က ပြောသွားတဲ့ဆီမှာ တော်တော်ပြည့်ပြည့်စုံစုံတော့ ပါသွားခဲ့တယ်ပေါ့နော် ။ ဒီကလေးတစ်ယောက် ဘက်စုံကြီးထွားဖွံ့ဖြိုးပြီးတော့ အဖက်ဖက်ကတော်နေဖို့ကလည်း မိခင်တိုင်းက လိုလားကြတယ် ။ အဲဒီလို လိုလားကြတဲ့အခါမှာ အရမ်းကို လွယ်ကူရိုးရှင်းတဲ့ အရာလေးတွေကို မထရီဇာတို့က မေ့နေတတ်ကြတယ်။

အဲဒါကဘာလဲဆိုတော့ ကလေးတွေကို အာဟာရပြည့်စုံအောင် ကျွေးမွေးကြဖို့ပေါ့။ ဒီနေ့ခေတ်အခါကြီးမှာ ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ကို all-in-one ရဖို့ လိုအပ်တဲ့ အရာလေးတွေကို demand တွေရှိလာကြတယ်။ Dugro နို့မှုန့်ကတော့ ကလေးတစ်ယောက်လိုအပ်တဲ့ အာဟာရဓာတ်တွေအားလုံးပါဝင်အောင် စနစ်တကျ ဖော်စပ်ထားတဲ့အတွက် ဒီဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အာဟာရတစ်ခုလို့ မြင်ပါတယ်။

Dugro ရဲ့ Brand Ambassador တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ရှိလဲဆိုတာ ပြောပြပေးပါဦး။

အဓိကကတော့ အစ်မရဲ့ knowledge sharing အပိုင်းပေါ့နော်။ မေမေတွေအားလုံးကို သားသားမီးမီးတွေရဲ့ ကျန်းမာရေး အစာအာဟာရတွေနဲ့ပတ်သတ်ပြီးတော့ မထရီဇာက သိနားလည်သလောက် knowledge sharing တွေ လုပ်သွားမှာပေါ့နော်။ ကလေးတွေအတွက် အသင့်တော်ဆုံး အာဟာရဖြစ်တဲ့ Dugro မှာပါဝင်တဲ့ အာဟာရတွေအကြောင်းကို ပြောပြသွားပေးမယ်။ သားသားမီးမီးတွေကို ဘယ်လို အကောင်းဆုံး ပြုစုပျိုးထောင်ကြမလဲ ဆိုတာကိုလည်း sharing လုပ်သွားမှာပါ။

နောက်ဆုံးမေးခွန်း အနေနဲ့ Dugro မေမေ တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

မိခင်ဘဝက ခက်ခဲပင်ပန်းတယ်ပေါ့နော်။ ဒါပေမယ့် မိခင်ဘဝလောက် အဓိပ္ပာယ်ပြည့်စုံတဲ့ ဘဝတစ်ခုမရှိဘူးလို့ အစ်မက ယူဆတယ်။ မေမေတွေ အားလုံးကိုလည်း အစ်မက အရမ်းလေးစားသလို ချစ်လည်းချစ်တယ်။ ကိုယ်ကိုတိုင်ကလည်း မေမေဖြစ်တဲ့အတွက် မိန်းမသားတွေဆိုတော့လေ သူတို့ရင်သွေးတွေအတွက် သူတို့မိသားစုဘဝလေး တွေအတွက် သူတို့က ဘယ်သူနဲ့မှမတူတဲ့ အင်အားလေးတွေ ရှိကြတယ်ပေါ့နော်။

ဒါကြောင့်မို့လည်း လေးစားရတာ။ ဒါကြောင့်မို့ လည်းချစ်ရတာပေါ့။ ဒီတော့ မေမေတွေက မိသားစုတွေအတွက် သိပ်အရေးကြီးတယ် ကလေးလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ အားလုံးအတွက် မေမေတိုင်း မေမေတိုင်းက သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့ မေမေတွေအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးတဲ့အတွက် ဂရုစိုက်ကြဖို့ မှာချင်ပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ နောက်တစ်ခုကတော့..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ သားသားမီးမီးတို့ ကျန်းမာထက်မြက်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ မလဲနိုင်တဲ့ မေမေတို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဘ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါ (Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read