backup og meta

ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကို ဖြေရှင်းပေးမယ့် သူရဲကောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကို ဖြေရှင်းပေးမယ့် သူရဲကောင်း

    ကလေးကလည်း ဂျစ်ကျလိုက်တာ တစ်ချိန်လုံးငိုနေတယ်။ တစ်ခုခုကျွေးရင်လည်း မစားဘူးချည်းပဲငြင်းနေတယ်၊ စိတ်ညစ်လိုက်တာ ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ညည်းမိနေပြီလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့နော်။ ဒီဆောင်းပါးလေးကနေပြဿနာရဲ့ အဖြေကိုထုတ်ပေးပါမယ်။

    ကလေးက ဘာကြောင့် ဂျီကျရတာလဲ

    ကလေးတစ်ယောက်က အလကားနေရင်းတော့ ဂျစ်ကျမနေပါဘူး။ စကားမပြောတတ်သေးတဲ့အရွယ်၊ ကိုယ်ဖြစ်နေတာကို ဘာရယ်လို့တိကျရှင်းလင်းအောင် မပြောနိုင်သေးတဲ့ ကလေးတစ်ယောက်အဖို့ ခံစားရတဲ့ဝေဒနာကိုပြသတဲ့နည်လမ်းက ငိုတာနဲ့မို့ ကလေးက ဂျစ်ကျနေသလိုဖြစ်နေရတာပါနော်။ ကလေးက ကိုယ်မှမပူတာ ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့နော်။ ကိုယ်ပူမှ၊ ဖျားနေမှ ကလေးက ဂျီကျတာမဟုတ်သလို ဒီလက္ခဏာတွေရှိမှ ကလေးကနေမကောင်းဖြစ်နေတယ်၊လို့ပြောလို့ရတာမဟုတ်ပါဘူး။ ကလေးတွက သူတို့ရဲ့ဗိုက်လေးနေမကောင်းရင်လည်း ဂျီကျတတ်ကြပါတယ်နော်။

    ကလေးရဲ့ဗိုက်ကလေးကိုမကျန်းမမာဖြစ်တဲ့အကြောင်းအရင်းတွေများလဲ

    ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ အရမ်းနုနယ်သေးပါတယ်။ ဒါကြောင့် အစာမာမာတွေကိုစားလို့မရသလို အစာခြေစနစ်ကျန်းမာစေတဲ့ အာဟာရတွေကိုလည်းပြည့်ဝအောင်စားသုံးဖို့လိုအပ်မှာပါ။ များသောအားဖြင့်တော့ ကလေးရဲ့ဗိုက်ကို မကျန်းမမာဖြစ်စေတဲ့အကြောင်းအရင်းတွေက

    ကလေးတွေရဲ့ ဗိုက်ဗိုက်ကို ကျန်းမာစေမယ့် သူရဲကောင်းကဘယ်သူလဲ

    အပေါ်မှာပြောခဲ့တဲ့ အစာခြေစနစ်ပြဿနာတွေကင်းပါမှ ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းနိုင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာမှုက ကလေးကိုလိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝစွာရရှိစေပြီး ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးမှာဖြစ်တဲ့အပြင် ဦးနှောက်နဲ့ အမြင်အာရုံ အကြားအာရုံတွေကောင်းစွာဖွံ့ဖြိုးနိုင်မှာပါ။

    ဒီလိုအပ်ချက်တွကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရပြည့်ဝစွာထောက်ပံ့ပေးပြီး ကလေးအစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးဖို့ပါ။ ဒါဆိုမေးစရာကရှိလာပါပြီ။ အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဘယ်လိုဖြည့်ပေးရမှာလဲဆိုတာပေါ့။

    ဒါကတော့ လွယ်ပါတယ်။ ကလေးကိုကျွေးတဲ့အစားအစာထဲမှာ အကျိုးပြုဘက်တီးရီးယားအာဟာရ lcFOS ပါဝင်အောင်ကျွေးမွေးဖို့ပါ။ ဒီအာဟာရဓာတ်ကို များသောအားဖြင့်သိထားတာက ဒီဓာတ်ကို ဒိန်ချဉ်ကနေရတယ်ဆိုတာပါ။ ကလေးက ငယ်သေးတဲ့အရွယ်မှာ ဒိန်ချဉ်ကျွေးဖို့က အဆင်မပြေသေးဘူးဆိုတော့ ကလေးအစာခြေစနစ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရကိုဖြည့်တင်းပေးနိုင်မယ့် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အာဟာရဖြည့်နို့တွေတိုက်ပေးလို့ရပါတယ်နော်။

    ကလေးရဲ့ အစားအစာတွေထဲမှာ ကလေးတစ်ယောက်ကို စိတ်ရောကိုယ်ပါကျန်းမာစေမယ့်ဓာတ်တွေဖြစ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ၊ Omega 3 fatty acid၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်ကျွေးမွေးရပါမယ်။ ဒါမှ ကိုယ့်ကလေးက ကြည်ကြည်သာသာနဲ့ အခြားကလေးတွေနည်းတူ ကျန်းမာပျော်ရွှင်နေမှာပါ။ ကလေးတွေအများဆုံး ခံစားရတဲ့ပြဿနာက အစာခြေစနစ်ပြဿနာပါ။ ငယ်စဉ်မှာ အစာခြေစနစ်မကျန်းမာတဲ့ကလေးက ဘဝတစ်လျှောက်လုံးကောင်းစွာကြီးပြင်းဖို့ခက်ခဲတာမျိုးဖြစ်နိုင်သလို လိုအပ်တဲ့ အာဟာရတွေပြည့်ဝစွာမရရှိတဲ့အတွက် ကိုယ်ခံအားနည်းတာမျိုး နဲ့ရောဂါတွေ အလွယ်တကူဝင်ရောက်တာမျိုးအထိခံစားရနိုင်ပါတယ်နော်။

    ဒီတော့ ဗိုက်ဗိုက်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အမြဲကျန်းမာပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ အစာခြေစနစ်ကို အကောင်းဆုံးကာကွယ်ပေးမယ့် သူရဲကောင်းလေး lcFOS ရဲ့ အကူအညီကိုရယူလိုက်ပါနော်။ ဗိုက်ဗိုက်လေးကျန်းမာတော့ မေမေဖေဖေတို့ရော သားသားမီးမီးတို့ရောနေ့ရက်တိုင်းကို တိမ်ကင်းစင်စွာဖြတ်သန်းနိုင်ပြီပေါ့နော်……………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement