သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 4, 2020 . 1 min read
Share now

တောက်တောက် တောက်တောက် လျှောက်သွားတတ်တဲ့ ကလေးအရွယ်တွေဆိုတာ တကယ်ကို ထိန်းရခက်ပြီး သေချာ ဂရုစိုက်ရမယ့် အရွယ်တွေပါ။ လမ်းကလည်း လျှောက်တတ်ခါစဆိုတော့ ဟိုသွားဒီသွား၊ အစားကလည်းစားတတ်ခါစဆိုတော့ လျှောက်စား၊ စူးစမ်းချင်စိတ်ရှိပေမယ့် သေချာလည်း မဝေခွဲတတ်သေးတဲ့ အရွယ်ဆိုတော့ တွေ့ကရာ အကုန်လျှောက်လုပ်တတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ အဖြစ်အများဆုံကတော့ နှာခေါင်းထဲ တွေ့ကရာ သေးသေးကွေးကွေး ပစ္စည်းလေးတွေ လျှောက်ထည့်တာပဲဖြစ်ပါတယ်။

ဘာပစ္စည်းတွေ ထည့်လေ့ရှိလဲ ။ ။

  • ခဲဖျက်အပိုင်းအစလေးတွေ၊
  • ပဲစေ့
  • မန်ကျည်းစေ့၊
  • ကြယ်သီး၊
  • တစ်ရှူးကိုလိပ်ထားတဲ့ အလုံးလေးတွေက နှာခေါင်းထဲကို ကလေးတွေအထည့်များတဲ့ ပစ္စည်းတွေပါ ။

ဘယ်လို လက္ခဏာတွေတွေ့ရမှာလဲ ။ ။

ကိုယ်သတိမထားမိတဲ့အချိန် ကလေးက အပေါ်မှာပြောထားတာတွေ နှာခေါင်းထဲထည့်လိုက်တဲ့အခါ ကိုယ်ကလည်း မသိ။ ကလေးကလည်း မပြောနဲ့ အချိန်ကြာသွားမယ်ဆိုရင်

  • ကလေးနှာခေါင်းထဲကနေ အနံ့အသက်မကောင်းတာ တစ်ခုခုထွက်နေမယ်
  • နှာရည်တွေလည်း ယိုနေမယ်
  • အသက်ရှူတဲ့အခါ အသံတွေမြည်နေ တတ်ပါတယ်။

ကလေးနှာခေါင်းထဲ တစ်ခုခုရောက်နေပြီဆို သင်ဘာလုပ်မလဲ ။ ။

သိသိချင်း ပြာယာခတ်သွားပြီး ဘာလုပ်ရမလဲ မသိကြတော့တာ မိဘတိုင်းပါ။ စိတ်ထဲမှာလည်း ကလေးအသက်ရှူလို့ မရတော့မှာကို အရမ်းစိတ်ပူသွားကြပါတယ်။ အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့။ နှာခေါင်းက နှစ်ဖက်ရှိတဲ့အတွက် အသက်ရှူဖို့ အခြားတစ်ဖက်ရှိပါတယ်။ ဒါကြောင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘာလုပ်ရမလဲဆိုတာကို စဉ်းစားပါ။

အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီ ကလေးကို ခေါ်သွားတာပဲဖြစ်ပါတယ်။ အိမ်မှာ ကလေးကို အတင်းညှစ်ထုတ်ခိုင်းတာတို့ ၊ ကိုယ့်လက်နဲ့ အတင်း ကလော်ထုတ်တာမျိုးတွေက အပေါက်ဝနားလေးက အလွယ်တကူထုတ်လို့ရမယ့် ပစ္စည်းလေးကို အတွင်းထဲအရမ်းရောက်သွားစေနိုင်ပြီး ခွဲစိတ်ရတာတွေ လုပ်ရတတ်ပါတယ်။

ဆရာဝန်ဆီသွားရင်တော့အထဲဝင်သွားတဲ့ ပစ္စည်းတွေကို စုပ်ထုတ်ဖို့ ကိရိယာတွေ ဆရာဝန်ဆီမှာ အစုံအလင်ရှိပြီးသားပါ။ နှာခေါင်းထဲဝင်နေတဲ့ ပစ္စည်းတွေကို ထုတ်ပြီးသွားရင်တော့ ဆရာဝန်က သင့်ကလေးအတွက် နှာခေါင်းထဲထည့်ဖို့ အစက်ချဆေးရည်တွေ၊ လိမ်းဆေးတွေ၊ နဲ့ ပိုးဝင်တဲ့ လက္ခဏာ တွေရှိရင်တော့ ပိုးသတ်ဆေးတွေ ပေးမှာဖြစ်ပါတယ်။

ဒါကြောင့် ကလေး လက်လှမ်းမှီတဲ့နေရာမှာ ပစ္စည်းတွေ မထားပါနဲ့။ ကလေးကိုလည်း သေချာအချိန်ပေးပြီး ဂရုစိုက်ပေးပါ။ ဖြစ်မှ ကုသတာထက်စာရင် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာကောင်းပါတယ်။ ဖြစ်သွားခဲ့ရင်လည်း အိမ်မှာ အတင်းမရမက ထုတ်တာမျိုးမလုပ်ပါနဲ့။ ဆရာဝန်ဆီသွားပါ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးငယ် မတော်တဆ ဒဏ်ရာ ရှေးဦးပြုစုနည်း လက်ဆေး ပတ်တီးစ သွေးတိတ် ပိုးသတ်ဆေး အနာကျက် ပြည်တည် ပွန်းပဲ့ပြတ်ရှ သွေးထွက်များ ထိခိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးဖျားပြီး အနီစက် ထွက်ရင်

အနီစက် အဖျား ရေကျောက် ဝက်သက် ဂျိုက်သိုး Scarlet fever Fifth disease ကာကွယ်ဆေး ကာကွယ်ဆေး ပိုးသတ်ဆေး ဗီတာမင်အေ ကျောင်းနေအရွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံ nosocomial infection ဆေးယဉ်ပါး ဆီးပိုးဝင် ဦးနှောက်အမြှေးပါးရောင် အဆုတ်ရောင် ပြည်တည် ပိုးသတ်ဆေး ကိုမာ ဆီးပိုက်တပ် အထူးကြပ်မတ်ကုသဆောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ နှင့်ပြုစုနည်းများ

အဆိပ်သင့်တယ် ခန္ဓာကိုယ် ပိုးသတ်ဆေး သတ္တဝါတို့၏အဆိပ် အဝတ်အစားများ အဖုအပိမ့်ထွက်ခြင်း အသက်ရှူခက်ခဲခြင်း အသက်ရှူရပ်ခြင်း အဖျားတက်ခြင်း အဆက်မပြတ်အန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020 . 2 ဖတ်ရန် ကြာချိန်
ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020 . 3 ဖတ်ရန် ကြာချိန်
ဒါတွေလုပ်နေသရွေ့ တုပ်ကွေး ပျောက်မှာ မဟုတ်ပါဘူး။

ဒါတွေလုပ်နေသရွေ့ တုပ်ကွေး ပျောက်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 11, 2020 . 2 ဖတ်ရန် ကြာချိန်
အစာ မခံဘဲ သောက်ရမယ့် ဆေးများ

အစာ မခံဘဲ သောက်ရမယ့် ဆေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 2 ဖတ်ရန် ကြာချိန်