သင့်ကလေးအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဘယ်လိုချက်ပြုတ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 2 mins read
Share now

မိဘအတော်များများဟာ ကလေးအစာကျွေးချိန်တွေကို လန့်တတ်ကြပါတယ်။ အစာရွေးခြင်း၊ အစာမစားလိုခြင်း တွေဟာ အစာစားချိန်တွေကို စစ်ပွဲအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါပေမယ့် အချို့နည်းလမ်းတွေ လိုက်နာခြင်းဖြင့် ဒီဒုက္ခတွေကို လျော့ပါးစေနိုင်ပါတယ်။

အောက်ဖော်ပြပါ အချက်တွေကတော့ သင့်ကလေးကို ကျန်းမာစွာ အစာကျွေးနိုင်ဖို့ မိဘတွေကို ကူညီပေးမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

အချိန်အတော်များများမှာ မိဘတွေရဲ့ အစာစတင်ကျွေးမှုဟာ ကလေးတွေ အသက်ကြီးလာတဲ့အခါ စားသောက်ပုံအလေ့အကျင့်ရဲ့ အခြေခံ အချက် ဖြစ်လာတတ်ပါတယ်။ မိဘတွေဟာ အာဟာရ ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်ကျွေးဖို့ လိုအပ်ပါတယ်။

အသီး

အမျှင်ဓာတ်နဲ့ ဗီတာမင်တွေကို ပေးစွမ်းဖို့အတွက် သင့်ကလေးကို လတ်ဆတ်သော၊ ခဲထားသော၊ ဘူးနဲ့ ထည့်ထားသော၊ အခြောက်ခံထားသော အသီးပုံစံမျိုးစုံကို စားဖို့ အားပေးသင့်ပါတယ်။

သင့်ကလေးက အစာစားခြင်းထက် အသီးဖျော်ရည်သောက်ခြင်းကို ပိုကြိုက်တယ်ဆိုရင် သကြားဓာတ်နည်းတဲ့ အချိုရည်တွေကို ရွေးချယ်ပေးသင့်ပြီး တစ်နေ့သောက်သင့်တဲ့ ပမာဏကို ကန့်သတ်ပေးသင့်ပါတယ်။ ဘူးနဲ့ထည့်ထားတဲ့ အသီးတွေဟာ သကြားဓာတ်များစွာ ပါဝင်နိုင်ပါတယ်။

သင့်ကလေးအတွက် သကြားဓာတ်နည်းတဲ့ အရာတွေကို ရွေးချယ်ပေးသင့်ပါတယ်။ အသီးခြောက်တွေဟာ လတ်ဆတ်တဲ့အသီးတွေထက် ကယ်လိုရီပိုမိုပါဝင်တာကြောင့် အများကြီး မစားစေသင့်ပါဘူး။

ပရိုတင်း

ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်ရွေးချယ်စားသောက်ဖို့ လွယ်ကူနိုင်ပါတယ်။ ပင်လယ်စာ၊ အသား၊ ကြက်ဥ၊ ပဲတွေပါဝင်တဲ့ အစာတွေဟာ ပရိုတင်းများစွာ ပါဝင်ပါတယ်။ သင့်ကလေးကိုပဲနဲ့ လုပ်ထားတဲ့ အစားအသောက်တွေ၊ ဆားမပါတဲ့ အစေ့တွေကိုလည်း ကျွေးနိုင်ပါတယ်။

နို့ထွက်ပစ္စည်းများ

ကလေးတွေဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မြတ်နိုးကြပါတယ်။ ဒါပေမယ့် ဒီလိုဈေးကွက်မှာရနိုင်တဲ့ အရသာရှိတဲ့ နွားနို့တွေဟာ ကလေးကို ဝလာစေနိုင်ပါတယ်။ ဒီနွားနို့အစား အဆီမပါတဲ့ (သို့) နည်းတဲ့ ဒိန်ချဉ်၊ ချိစ်၊ နွားနို့နဲ့ ပဲနို့တွေကို ကလေးကိုကျွေးနိုင်ပါတယ်။

အသီးအရွက်

ကလေးအများစုဟာ အသီးအရွက်စားရတာကို မနှစ်သက်ကြပါဘူး။ ဒါကြောင့် ကလေးတွေ စားချင်ဖွယ်ဖြစ်အောင် ဘယ်လိုချက်ပြုတ်သင့်တယ်ဆိုတာ သင်ယူသင့်ပါတယ်။ ပုံမှန်ဆိုရင် အရွက်တွေကို အစိမ်းစားခြင်း၊ အသုတ်သုတ်စားခြင်း၊ ဟင်းချိုထဲထည့်ချက်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင်ဟင်းတွေ ဘယ်လိုလုပ်ရမလဲဆိုတာ အင်တာနက်ပေါ်မှာရှာနိုင်ပါတယ်။ အစိမ်းရင့်ရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ ပဲစေ့တွေကို နေ့စဉ် အစားအသောက်ထဲ ထည့်သွင်းပေးသင့်ပါတယ်။ ဘူးနဲ့လာတဲ့ (သို့) ခဲထားတဲ့အရွက်တွေကို ရွေးချယ်မယ်ဆိုရင် ပါဝင်တဲ့ sodium ပမာဏကို စစ်ဆေးသင့်ပါတယ်။

Grains

အစေ့တွေအပြင် grains တွေဟာ ကလေးတွေအတွက် အကောင်းဆုံးအစားအစာတွေ ဖြစ်ပါတယ်။ Whole-wheat ပေါင်မုန့်၊ oatmeal၊ ပေါက်ပေါက်၊ quinoa နဲ့ ဆန်ညိုတွေဟာ အာဟာရဓာတ်ကြွယ်ဝပြီး အစားအသောက် ပြုလုပ်တဲ့အခါ (သို့) အစားအသောက်ထဲ ထည့်သွင်းတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်ထားတဲ့ grains တွေဟာ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

ခြုံပြောရရင်တော့ မိဘတွေဟာ ကလေးတွေကို အာဟာရ ကြွယ်ဝတဲ့ အစားအသောက်တွေကျွေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အရည်အသွေးမြင့်မားတဲ့အစားအသောက်တွေ ရွေးချယ်ခြင်းဟာ ကလေးရဲ့ နောက်ပိုင်းမှာ အစားအသောက်တွေ ရွေးချယ်မှုအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

တစ်ဆင့်ပြီးတစ်ဆင့် သင်က သင့်ကလေးကို ကျန်းမာပျော်ရွှင်တဲ့ လူကြီးဘဝရောက်ရအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတဲ့ အကျင့်ကို ဖန်တီးပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read