backup og meta

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

    ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

    ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

    ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

    • အပူဖုဆိုတာ ဘာလဲ။

    အပူဖုကို ချွေးဖု၊ မိတ်ဖု၊ miliaria သို့မဟုတ် နွေရာသီတွင် ထွက်သော အဖုဟုလည်း ခေါ်သည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်သော သေးငယ်သော အနီစက်များ၊ အဖုများ ဖြစ်သည်။ အပူဖုများသည် ကလေးများ အလွန်ပူသောအခါ ပေါ်လာတတ်သည်။

  • အပူဖုကို ဘာတွေက ဖြစ်စေသလဲ။
  • ကလေးများ ချွေးအလွန်ထွက်သောအခါ ချွေးပေါက် ပိတ်ဆို့ပြီး ချွေးများအပြင်သို့ မထွက်နိုင်တော့ပါ။ ထိုအခါ အပူဖုများ ဖြစ်လာသည်။ နို့စို့ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးများသည် အပူဖု ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ချွေးဂလန်းများသည် မဖွံဖြိုး သေးသောကြောင့် ဖြစ်သည်။

    အပူဖုများသည် ပူပြင်းသော ရာသီဥတုတွင် မကြာခဏ ပေါ်တတ်သည်။ သို့သော် ကလေးသည် အဝတ်များစွာ ထပ်ဝတ်ထားသောအခါ သို့မဟုတ် အဖျားရှိနေသောအခါ ဆောင်းရာသီတွင်လည်း အပူဖု ဖြစ်နိုင်သည်။

    • အပူဖုသည် ကလေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

    အပူဖုသည် မပြင်းထန်သော်လည်း သင့်ကလေး အပူလွန် ကဲနေသည်ကို ပြသော လက္ခဏာတစ်ခု ဖြစ်သည်။ အပူလွန် ကဲခြင်းသည် အပူကြောင့် အားအင်ကုန်ခန်းခြင်း၊ အပူလျှပ်ခြင်း စသော ပိုပြီးပြင်းထန်သော ပြဿနာများကို ဖြစ်စေနိုင်သည်။ သင့်ကလေး အိပ်နေစဉ် အလွန်နွေးအောင် အဝတ်များ ဝတ်ပေးပါက သူတို့တွင် SIDS ဖြစ်နိုင်သည်။

    • အပူဖုကို ဘယ်လိုကုသမလဲ။

    သင်သည် သင့်ကလေး အရေပြားတွင် အပူဖု တွေ့ရှိပါ က ပထမဆုံးလုပ်ရမည်မှာ သူတို့၏ အဝတ်များကို ချွတ်ပြီး ပိုအေးသော နေရာသို့ ခေါ်သွားပါ။ ချွေးနှင့် ဆီများ ကင်းစင် အောင် သူတို့ကို ရေချိုးပေးပါ။ အဖုများပေါ်တွင် စိုစွတ် အေးမြ သော အဝတ်စ တင်ပြီး အပူချိန်ကျအောင် လုပ်ပါ။ ထို့နောက် သင့်ကလေး အရေပြားကို ခြောက်သွေ့အောင် လေခံပါ။ သို့မဟုတ် ယပ်ခတ်ပေးပါ။ ထိခိုက်သော နေရာ ရောင်ရမ်းခြင်း မဖြစ်အောင် ပုဝါဖြင့် မသုတ်ပါနှင့်။

    ဆရာဝန် ညွှန်ကြားခြင်း မရှိဘဲ အဖုပေါ်တွင် မည်သည့်အရာမှ မတင်ပါနှင့်။ သင့်ကလေးကို အင်္ကျီချွတ်ဖြင့် နေခိုင်းခြင်း သို့မဟုတ် ပေါ့ပါး သော အဝတ်အစားများသာ ဝတ်ဆင်စေခြင်းဖြင့် သင့်ကလေး ခန္ဓာကိုယ်ကို လေဖြင့် တတ်နိုင်သလောက် ထိတွေ့အောင် ထားပါ။ အပူဖုများသည် ယားယံသောကြောင့် သူတို့ ကုတ်ခြစ် ပြီး ဒဏ်ရာမဖြစ်စေအောင် သင့်ကလေးကို လက်သည်း ညှပ် ပေးပါ။ သို့မဟုတ် ကလေးများ အိပ်နေစဉ်တွင် သူတို့ကို သူတို့ မကုတ်ခြစ်မိစေရန် ညဘက်တွင် လက်အိတ်များ ဝတ်ဆင် ပေးနိုင်သည်။

    အပူဖုများမထွက်အောင် ဘယ်လိုကာကွယ်မလဲ။

    • အပူဖုများ မထွက်အောင် သင့်ကလေးကို လေအေး ပေးစက် ဖွင့်ထားသော အခန်းတွင် ထားပါ။ အပြင် ထွက်ကစားလိုပါက အေးမြပြီး အရိပ်ရသော နေရာ တွင် ကစားခိုင်းပါ။
    • သင့်ကလေးကို အမြဲ ရေဓာတ်ပြည့်ဝနေအောင် ထားပါ။
    • စုပ်ယူအားကောင်းသော အထည်များ၊ ပေါ့ပါး ချောင်ချိသော အဝတ်များသာ ဝတ်ဆင်ပေးပါ။
    • ပလတ်စတစ် ခါးတောင်းကျိုက်အကာများ မသုံးပါနှင့်။
    • သင့်ကလေး၏ လည်ပင်း၊ ခွကြားနှင့် အရေပြား ခေါက်သော နေရာများကို သန့်ရှင်း ခြောက်သွေ့ အောင်ထားပါ။
    • ကလေး ပေါင်ဒါများသည် ကလေး၏ ချွေးပေါက်များ ကို ပိတ်စေပြီး အသက်ရှူ လမ်းကြောင်း ပြဿနာများ ဖြစ်စေနိုင်သောကြောင့် မသုံးပါနှင့်။
    • သင့်ကလေး အပူလွန်ကဲနေသလား သိရန် ပုံမှန် စစ်ဆေးပါ။
    • သင့်ကလေး အခန်းတွင် ပန်ကာ သို့မဟုတ် လေအေး ပေးစက် တပ်ပါ။ သို့သော် ပန်ကာကို ကလေးဆီသို့ တိုက်ရိုက် လေတိုက်အောင် မထားပါနှင့်။ သင့်ကလေးဆီသို့ ညင်သာသော လေပြေ လေညင်း သာ ရောက်သင့်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement