(၂)ရေချိုးတဲ့အခါ ဂရုစိုက်ပေးပါ
ရေချိုးတာကြာသွားရင် ခန္ဓါကိုယ်ရဲ့သဘာဝအဆီတွေအကုန်ပါသွားပြီးအသားအရေခြောက်သွေ့ကာ အကာအကွယ်မဲ့စေပါတယ်။ ကလေးငယ်ငယ်လေးအတွက်တော့နေ့တိုင်းရေမချိုးပေးဘဲ တစ်ပတ် ၃ကြိမ်-၄ကြိမ်လောက်ထိပဲ ကန့်သတ်သင့်ပါတယ်။ ဒါမှ ကလေးရဲ့အရေပြားမှာ သဘာဝအကာအကွယ်တွေပြန်တည်ဆောက်နိုင်စေမှာပါ။ရေနွေးနဲ့ချိုးပေးတဲ့အခါ အသားပိုခြောက်လွယ်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက်လည်း သင့်တော်လောက်အောင် ချိုးမယ့်ရေကို သိပ်မပူစေဘဲ ကြက်သီးနွေးရေနဲ့ပဲချိုးပေးပါ။
(၃) ဓါတ်မတည့်မှုမဖြစ်စေမယ့် အဝတ်အထည်ကိုရွေးပါ
ချည်သားလိုမျိုး အသားအေးပြီးနူးညံ့တဲ့အဝတ်အထည်တွေက ကလေးရဲ့အသားအရေကို ထိခိုက်မှုနည်းပါးစေပါတယ်။ အသားအေးပြီးလေဝင်လေထွက်ကောင်းစေမယ့် ချည်သားနဲ့လီနင်လို အဝတ်အထည်တွေကိုရွေးချယ်ပါ။
(၄) ရှန်ပူ၊လိုးရှင်းစတဲ့ ကလေးအသုံးအဆောင်တွေမှာ အညွန်းစာသားကိုသေချာဖတ်ပါ
တုံ့ပြန်လွယ်တဲ့အသားအရေရှိတဲ့ကလေးတွေအတွက်အသုံးပြုမယ့် အသင့်တော်ဆုံး ခေါင်းလျှော်ရည်၊ဆပ်ပြာနဲ့ လိုးရှင်းတွေဟာ အမွှေးအကြိုင်တွေ၊ အရောင်ဆိုးဆေးတွေ မပါရှိရပါဘူး။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတစ်ခုခုဝယ်တော့မယ် ဆိုရင် အညွှန်းစာသားကိုသေချာဖတ်ပြီး ပါဝင်ပစ္စည်းတွေကို ကြည့်ပါ။
(၅) ပစ္စည်းအသစ်ပြောင်းဝယ်တိုင်း အရေပြားမှာစမ်းသပ်မှုလုပ်ပါ
ကလေးအတွက်ရေချိုးဆပ်ပြာအဆီ ဒါမှမဟုတ် လိုးရှင်းတစ်မျိုးဝယ်တော့မယ်ဆိုရင် ကလေးအသားအရေနဲ့တည့်မတည့် နည်းနည်းတို့ပြီးအရင်စမ်းကြည့်ပါ။ သုံးမိလို့ တစ်ကိုယ်လုံးပြန့်သွားတာထက်စာရင် အရေပြားတစ်ကွက်စာမှာ ဓါတ်တည့်မတည့်အရင်သိရတာပိုကောင်းပါတယ်။
(၆) ကလေးရဲ့ဦးရေပြားကိုလည်း ဂရုစိုက်ပါ
ကလေးက တုံ့ပြန်လွယ်အသားအရေရှိတယ်ဆိုရင် ဦးရေပြားမှာလည်းယားယံကျိန်းစပ်မှုတွေရှိနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကလေးရဲ့ဦးရေပြားမှာဖြစ်လာတဲ့ အရေပြားခြောက်သွေ့အဖတ်ကွာတာတွေကို ဖယ်ရှားပြီး ဦးရေပြားကိုအားဖြည့်ပေးနိုင်တဲ့ ရှန်ပူအမျိုးအစား သို့မဟုတ် ကလေးခေါင်းလိမ်းဆီကို သုံးပါ။
(၇) အဝတ်အစားသစ်နဲ့အိပ်ရာခင်းအသစ်မှန်သမျှ ကလေးအတွက်မသုံးခင်လျှော်ဖွပ်ပါ
ဓါတ်မတည့်မှုဖြစ်လွယ်တဲ့ကလေးတွေကို အသစ်ဝယ်ယူလာတဲ့ အဝတ်အစားသစ်တွေကိုဝတ်ပေးလိုက်ရင် ဒါမှမဟုတ် အိပ်ရာခင်းအသစ်တွေနဲ့သိပ်လိုက်ရင် အရေပြားပြဿနာတွေရှိလာတတ်ပါတယ်။ အထည်အလိပ်တော်တော်များများမှာ တွန့်ကြေခြင်း၊တွန့်ခေါက်ခြင်း မဖြစ်စေဖို့ ဓါတုပစ္စည်းတွေနဲ့ဖုံးအုပ်ထားတတ်ပါတယ်။ ဒါတွေက ပထမဆုံးလျှော်လိုက်ရင်တော့ ဖယ်ရှားပြီးသားဖြစ်သွားမှာပါ။ မလျှော်ဘဲသုံးရင်တော့ ကလေးမှာ ဒုက္ခရောက်ပါလိမ့်မယ်။ အဝတ်အစားသစ်တွေကိုဝတ်ဖို့ ကလေးကဘယ်လောက်ပဲ တက်ကြွနေပါစေ အရင်လျှော်ဖွပ်သန့်စင်ပြီးမှ သူနဲ့ထိတွေ့စေတာ အန္တရာယ်အကင်းဆုံးပါ။
(၈)Sunscreenလိမ်းပေးဖို့မမေ့ပါနဲ့
ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်နေလောင်တယ်ဆိုတာမကောင်းပါဘူး။ ဒါပေမယ့် အရမ်းကိုထိခိုက်လွယ်တဲ့ ကလေးရဲ့အသားနုနုလေးမှာနေလောင်ရင် ပိုဆိုးပါတယ်။ သင့်ကလေးကိုsunscreen နဲ့မကာကွယ်ဘဲ အိမ်အပြင်ခေါ်သွားဖို့ မစဉ်းစားပါနဲ့။
(၉) အိမ်သုံးပစ္စည်းတွေနဲ့ ထိတွေ့မှုနည်းအောင် ဂရုစိုက်ပါ
အဝတ်အထည်တွေကိုဖျန်းတဲ့အမွှေးရည်နဲ့ air freshener တွေအပါအဝင် အသုံးများဆုံးအိမ်သုံးပစ္စည်းအများစုမှာ ကလေးရဲ့အရေပြားမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါတတ်ပါတယ်။ ဒီအသုံးအဆောင်ပစ္စည်းတွေကို ကလေးက မကိုင်တွယ်၊ မထိတွေ့တာကောင်းပါတယ်။
(၁၀) ကလေးက ဘာနဲ့ဓါတ်မတည့်မှုဖြစ်တတ်လဲ သိအောင်လုပ်ပါ
ကလေးတစ်ယောက်နဲ့တစ်ယောက်က ဓါတ်မတည့်ပုံချင်းမတူကြပါဘူး။ တချို့မှာ ဓါတ်မတည့်မှုဖြစ်တဲ့အရာတွေက တချို့ကလေးတွေမှာ ဘာမှမဖြစ်တာမျိုးလည်းရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးက ဘာနဲ့ဓါတ်မတည့်တတ်လဲဆိုတာ အချိန်ပေးပြီးစောင့်ကြည့်မှတ်သားဖို့ လိုပါတယ်။ ဒါမှနောက်ပိုင်းမှာ ကလေးအတွက် ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။