Central cyanosis – ကိုယ်ခန္ဓါရဲ့ အလယ်ပိုင်းဖြစ်တဲ့ နှုတ်ခမ်း၊ ခေါင်းနဲ့ ငယ်ထိပ်တို့မှာ ဖြစ်တတ်တဲ့ ပြာနှမ်းခြင်းမျိုးပါ။ မွေးကင်းစကလေးတွေမှာ ဒီ ၃ နေရာ ပြာနှမ်းတာမျိုး ဖြစ်ခဲ့ရင် ပုံမှန် လုံးဝမဟုတ်ပါဘူး။ သွေးတွင်း အောက်ဆီဂျင်နည်းတာ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ နဲ့ သွေးရောဂါ အမျိုးမျိုးတို့ကြောင့် ဖြစ်ရတာပါ။
ကလေးတွေမှာ ပြာနှမ်းခြင်း ဖြစ်ရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။
ကလေးတွေ မှာ ပြာနှမ်းခြင်းကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းက အဆုတ်ကြောင့်ဖြစ်ရတာပါ။ မွေးရာပါနှလုံးရောဂါကြောင့်လည်း ပြာနှမ်းခြင်းဖြစ်တတ်ပါတယ်။ ။
- အောက်ဆီဂျင်တွေ အစား အဆုတ်ထဲ ဝင်လာတဲ့အရာတွေက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေဖြစ်နေခဲ့မယ်။ ( မီးလောင်တဲ့နေရာမှာ ပိတ်မိနေတာမျိုး၊ carbon monoxide အဆိပ်သင့်တာမျိုး)
- ပြင်ပက ပစ္စည်းတစ်ခုခု ေလပြွန်ထဲဝင်သွားပြီး လေပြွန်ပိတ်သွားလို့ အောက်ဆီဂျင်ရှူလို့မရတော့တာမျိုး။
- ပန်းနာရင်ကြပ်တို့လို၊ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တာ ။ လေပြွန်ရောင်တာ တွေ
- မွေးရာပါ နှလုံးရောဂါ ကြောင့် အောက်ဆီဂျင်များတဲ့သွေးတွေကို နှလုံးကကိုယ်ခန္ဓါ အနှံ့ရောက်အောင် ညှစ်မပေးနိုင်တာ
- သွေးဆဲလ်ရောဂါတွေကြောင့် အောက်ဆီဂျင်သယ်ယူတဲ့ အပိုင်းမှာ ပြဿနာရှိတာတွေကြောင့်လည်း ပြာနှမ်းခြင်းတွေ ဖြစ်တတ်ပါတယ်။
ကိုယ့်ကလေး အဲလို ပြာနှမ်းနေပြီဆို ဘယ်လို ပြုစုရမလဲ ။ ။
ကလေးတစ်ယောက် ပြာနှမ်းနေပြီဆို အကောင်းဆုံးက အရေးပေါ်ဆေးခန်းဆီ သွားပြတာပါပဲ။ ပြာနှမ်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိတာကြောင့် ဘယ်အချက်တွေကြောင့် ပြာနှမ်းခြင်းဖြစ်ရတာလဲဆိုတာကို သေချာသိမှ ဖြစ်နေတဲ့ပြာနှမ်းခြင်းကို အမြစ်ပြတ်အောင် သေချာ ကုသနိုင်မှာဖြစ်ပါတယ်။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။