- နာကျင်မှုကပြင်းထန်မယ်၊ မကြာခဏဖြစ်နေမယ် ဒါမှမဟုတ် အမြဲလိုလိုဖြစ်နေမယ်ဆိုရင်
- ၂ ပတ်ကျော်တဲ့အထိ ဗိုက်အောင့်နေမယ်ဆိုရင်
- ဗိုက်တစ်နေရာထဲကအောင့်နေမယ်ဆိုရင်
- ဗိုက်ကအမြဲလိုလိုအောင့်နေမယ်ဆိုရင်
(၅) GEDR ( Gastro esophageal reflux) စားချဉ့်ပြန်ရောဂါ
စားချဉ့်ပြန်ရောဂါက ကလေးတွေအနေနဲ့ချောကလက်၊ ပူရှိန်း နဲ့ အဆီများတဲ့ အစားအစာတွေလိုမျိုး အစားအသောက်တွေကို မစားတော့ဘူးဆိုရင် သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ကလေးမှာ အခုလိုမျိုးပြင်းထန်တဲ့ စားချဉ့်ပြန်ရောဂါလက္ခဏာတွေခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
- ကိုယ်အလေးချိန်ကျသွားရင် ဒါမှမဟုတ် ကိုယ်အလေးချိန်မတက်လာတော့ရင်
- အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေခံစားနေရရင်
- အစားစားပြီးတိုင်း အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်အရည်တွေအန်နေတာဆိုရင်
- ဝမ်းဗိုက်နဲ့ရင်ဘတ်ထဲကအောင့်နေတယ်ဆိုရင်
- အချိန်အတော်ကြာချောင်းဆိုးနေမယ်ဆိုရင်
- အစားအစာတွေမျိုချရခက်နေမယ်ဆိုရင်
(၆) အစာကြေခဲနေမယ်
အော့အန်တာ၊ ဗိုက်အောင့်တာ၊ဝမ်းချုပ်တာ နဲ့ ဝမ်းလျှောတာတွေကအောက်မှာပြောထားတဲ့ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။
- အစားအစာတွေနဲ့ ဓါတ်မတည့်တာ – နွားနို့မှာပါတဲ့ lactose နဲ့ဓါတ်မတည့်တာ၊ကောက်နှံတွေမှာပါတဲ့ gluten၊ အခွံမာပင်လယ်သတ္တဝါတွေနဲ့ ကိုကိုးစေ့တို့မှာပါတဲ့ histamine တို့နဲ့ဓါတ်မတည့်တာမျိုး
- ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac Disease) – ဒီရောဂါက အစားအသောက်တွေနဲ့ဓါတ်မတည့်တာထက် မျိုးရိုးလိုက်တဲ့ရောဂါတစ်မျိုးပါ။ gluten ကိုချေဖျက်ပြီးတဲ့နောက်မှာအူသိမ်အတွင်းနံရံတွေ ပျက်စီးမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဝေဒနာပါ။ ဒီဝေဒနာကို gluten-sensitive enteropathy လို့လည်းသိကြပါတယ်။
- အူလမ်းကြောင်းပိတ်ခြင်း (Bowel Obstruction) – အူသိမ်နဲ့အူမကြီးထဲမှာ အစာဟောင်းတွေပိတ်ဆို့နေတာပါ။
- Irritable bowel sydrome – ဒီဝေဒနာက အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။ IBS နဲ့ ဗီတာမင် D ချို့တဲ့မှုကြောင့်လည်း ဒီဝေဒနာကိုခံစားရနိုင်ပါတယ်။ အတိအကျပြောပြရမယ်ဆိုရင်တော့ လေ့လာမှုတစ်ရပ်အရ IBSဝေဒနာခံစားနေရသူ ၁၀ ဦးမှာ ၈ ဦးက ဗီတာမင် D ချို့တဲ့နေတယ်လို့တွေ့ရှိခဲ့ရပါတယ်။
- Congenital bowel သို့မဟုတ် အသည်းရောဂါ
- ပန်ကရိယရောင်ရမ်းခြင်း – ပန်ကရိယမှာ ပုံမှန်မဟုတ်ဘဲရောင်ရမ်းနေတာ
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း -ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုအဖြစ်များပါတယ်။
- အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis)– အူမကြီးနဲ့ အစာဟောင်းအိမ်ရောင်ရမ်းခြင်း
- အသည်းရောင်အသားဝါရောဂါ – အသည်းရောင်ခြင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။