ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်
အသံတွေကို တုံ့ပြန်မှုမရှိဘူး
လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေ မကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် ဆရာဝန်ပြပါ။ စာအုပ်ဖတ်တာ၊ ပုံပြစာအုပ်တွေ ကြည့်တာတွေမှာ အခက်အခဲဖြစ်နေပုံတွေ့ရင် ဒါမှမဟုတ် တီဗီနဲ့အရမ်းနီးကပ်ပြီးရှေ့တိုးကြည့်တာမြင်ရင် ကလေးရဲ့မျက်စိကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်။
အဖျားတက်ပြီး ခေါင်းကိုက်နေမယ်
ကလေးတွေမှာ အစာအိမ်ဗိုင်းရပ်စ်တွေနဲ့တခြားရောဂါပိုးတွေကြောင့် မကြာခဏဖျားတတ်ပါတယ်။ ရိုးရိုးဖျားတာထက် အဖျားလည်းတက်နေရင်း ကလေးက တော်တော်လေးခေါင်းကိုက်နေတဲ့ အမူအရာဖြစ်နေတာ၊ မျက်လုံးတောင်မဖွင့်နိုင်တာဆိုရင် တော်ရုံအဖျားကျဆေးနဲ့ ငြိမ်မနေပါနဲ့။ ဟိုမေးဒီမေးလုပ်နေမယ့်အစား ဆေးခန်းအမြန်ပြေးတာ ကလေးမြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ ဦးနှောက်အမြှေးရောင်ရောဂါလို အန္တရာယ်ရှိတဲ့ရောဂါတွေရဲ့ လက္ခဏာဖြစ်နေနိုင်လို့ တတ်နိုင်သလောက်စောစောကုသတာကောင်းပါတယ်။
ဗိုက်အောင့်နေတယ်
အစားအစာသစ်တွေ မိတ်ဆက်တာ၊ အပြင်စာတွေကျွေးတာ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေကို ဗိုက်အောင့်စေတတ်ပါတယ်။ လေထိုးလေအောင့်တာတွေ၊ အစာမကြေတာတွေကြောင့် အဖြစ်များပေမယ့် ကလေးမှာ နေရမသက်သာ ဗိုက်အောင့်နေတာကို ဒီအတိုင်းတော့ထိုင်မကြည့်နေပါနဲ့။ ရိုးရိုးဗိုက်အောင့်တာထက် အူအတက်ပြဿနာဖြစ်နေနိုင်လို့ပါ။ ဒီလက္ခဏာတွေဖြစ်လာရင် အမြန်ဆရာဝန်ပြပါ –
- ဝမ်းဗိုက် ညာဘက်အောက်နားကအောင့်တာ
- အန်တာ
- ဝမ်းပျက်တာ
- ဗိုက်ကို အထိမခံနိုင်တာ။
အစာအိမ်လေနာကြောင့် ဗိုက်အောင့်တာနဲ့ နောက်ထပ်ကွာခြားတဲ့အချက်က အူအတက်ကြောင့်ဆိုရင် ဗိုက်အောင့်တဲ့အချိန်ပိုကြာပြီး နာကျင်မှုက အချိန်နဲ့အမျှ ပိုတိုးလာတတ်ပါတယ်။
အရမ်းမောပန်းလွယ်တယ်
အသက်ရှူရတာပြဿနာရှိနေတယ်
ကလေးတွေမှာ ပန်းနာရင်ကျပ်က အဖြစ်များပါတယ်။ ပန်းနာရင်ကျပ်ရှိနေရင် ကစားတဲ့အချိန်၊ လှုပ်ရှားတဲ့အချိန်မှာ အသက်ရှူရတာအဆင်မပြေ၊ တရွှီရွှီသံမြည်တတ်တယ်၊ မောတယ်၊ ကျပ်တယ် စတာတွေဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်ဆိုတာ သေချာမကုသရင် ပေါ်လာတဲ့အခါတိုင်း အသက်ရှူရပြဿနာရှိနိုင်တာမို့ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ကုသမှုခံယူပါ။
ကိုယ်အလေးချိန်ကျလာတယ်
အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျတာဟာ စိုးရိမ်စရာကောင်းပါတယ်။ နည်းနည်းပါးပါးအတက်အကျရှိတာ ပုံမှန်ဆိုပေမယ့် သိသိသာသာကြီး အကြောင်းရင်း မသိရဘဲ ပိန်လာတာက ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဆရာဝန်ပြပြီး အကြောင်းရင်းကိုရှာဖွေပါ၊ အကြံဉာဏ်ရယူပါ။ တခြားလက္ခဏာတွေ ပေါ်လာချိန်ထိ မစောင့်ပါနဲ့။
ရေအရမ်းငတ်တယ်
ပြေးလွှား၊ ဆော့ကစားတာ ကြာလာရင် ရေဆာတာတော့ သဘာဝပေါ့။ ဒါပေမယ့် နေရင်းထိုင်ရင်း အမြဲလိုလို ရေပဲတောင်းနေတာ၊ မကြာခဏ ရေအရမ်းငတ်နေတဲ့ လက္ခဏာ ဆိုရင်တော့ တခုခုပါပဲ။ ဆီးချိုသွေးချိုအန္တရာယ်ကိုလည်း မေ့ထားလို့မရပါဘူး။ ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးပါ။ ဆီး အရမ်း သွားသလား၊ အရမ်း ဆာသလား၊ ကိုယ်အလေးချိန် ကျသလား၊ မောပန်းနေလား စတဲ့ လက္ခဏာတွေ ရှိနေလား ဆိုတာလည်း သတိထားရပါမယ်။
[embed-health-tool-vaccination-tool]