ဒုတိယအားဖြင့်တော့ ကလေးတွေရဲ့ အပြုအမူတွေကို ဂရုစိုက်ပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ဘာကဖြစ်စေတာလဲဆိုတာကို ရှာဖွေပါ။ စည်းကမ်းတင်းကြပ်ထားတာမျိုးမဟုတ်တဲ့ စကားပြောတိုင်ပင်ဆွေးနွေးတဲ့ ပုံစံမျိုးဖန်တီးပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကိုလုပ်တဲ့ကလေးတေအတွက် သတိပေးနိုင်ဖို့ အချက်ပြစနစ်ကို ဖော်ဆောင်ပါ။ နောက်ဆုံးမှာတော့ ပိုပြီးကောင်းမွန်တဲ့ အပြုအမူတွေကို နမူနာပြပါ။
အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းမျိုးကိုရှာပါ။ ဒီလိုခက်ခဲနေတဲ့ကလေးတွေအတွက် ကောင်းမွန်စေရုံသာမက ကျန်တစ်တန်းလုံးကကလေးတွေကိုလည်း ဒီကလေးငယ်ဟာ သူတို့အတန်းထဲမှာပါဝင်နေတဲ့ သူလိုကိုယ်လို ဘာမှ ထူးခြားမနေတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်း နားလည်အောင်လုပ်ပါ။ ကျောင်းသားတွေဟာ သူတို့အတန်းတွေ၊ ကျောင်းတွေအကြောင်း နားလည်လာပြီဆိုရင်တော့ သူတို့လည်း ကောင်းမွန်လာဖို့ ရာနှုန်းများလာပါပြီ။
မိဘများနဲ့ ပေါင်းသင်းဆက်ဆံရေးပညာ
မိဘတွေဟာ ကလေးတွေကို အိမ်မှာ ကူညီပေးလို့ရပါတယ။် သူတို့တွေမှာလည်း ဆရာဆရာမတွေနည်းတူ ပြည့်စုံလုံလောက်တဲ့ ဗဟုသုတရှိနေရပါမယ။် ဥပမာ မိဘတွေဟာ ကလေးတွေက ပတ်ဝန်းကျင်ကနေ လူမှုဆက်ဆံရေးပညာကို သင်ယူနိုင်ဖို့ အဖွဲ့အစည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူနိုင်ပါတယ်။ ကလေးတွေရဲ့ လူမှုပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုတွေကို တိုးတက်လာစေဖို့ ပတ်ဝန်းကျင်နဲ့ ပေါင်းစည်းပေးလိုက်ခြင်းကို အိမ်မှာလည်း လုပ်လို့ရပါတယ်။
မိဘတွေဟာ ဒီလိုပေါင်းစည်းမှုမျိုးကို ဖန်တီးပေးရပါမယ်။ အချိန်တွေကန့်သတ်တာမျိုး၊ အပြန်အလှန် ဆက်နွယ်မှုမရှိတဲ့ အပြုအမူနဲ့ ဂိမ်းတွေကို လျှော့ချလိုက်တာမျိုးပေါ့။ ကစားချိန် ဘယ်လောက်သုံးမယ်ဆိုတာကို ဂရုစိုက်ပါ။ ကစားဖော် ၁ယောက်ဖြစ်စေ၊ ၂ယောက်ဖြစ်စေ ရှာထားပေးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရအောင် လမ်းပြဖော်ေဆောင်ပါ။ ကလေးတွေဟာ သူတို့ရဲ့ ချို့ယွင်းချက်တွေကို နားလည်လာပြီး သူတို့ဘဝအတွက် ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ်၊ ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာလည်း နားလည်လာပါလိမ့်မယ်။
သူတို့တွေဟာ သူတို့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကို သူတို့ကိုယ်တိုင်လုပ်နိုင်မယ်လို့လည်း ယုံကြည်ကြပါတယ်။ သူတို့တွေဟာ အခြားသော လှုပ်ရှားမှုတွေမှာ ပိုပြီးပါဝင်လာတဲ့အပြင် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကောင်းရှိတဲ့ကလေးတွေဟာ ဒီလို စိတ်အားတက်ကြွဖွယ် ပတ်ဝန်းကျင်မျိုးမရှိသူတွေထက် ဘဝကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။