ဘယ်အချိန်ကစပြီး ကလေးတစ်ယောက် သည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင်သင့်ဖြစ်ပြီလဲ။
ဘယ်အချိန်မှာ သင့်ကလေးသည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင့်သင့်ဖြစ်ပြီလဲဆိုတာကို အတိအကျပြောဖို့ ခက်ပါသည်။
များသောအားဖြင့် ပုံမှန်ဖွံ့ဖြိုးမှုရှိသော ကလေးများသည် နှစ်နှစ်ကျော် သုံးနှစ်နီးပါးတွင် အဆင်သင့်ဖြစ်သည့် လက္ခဏာများ ပြသတတ်သည်။
သို့သော် ချို့ယွင်းချက်ရှိနေသော ကလေးများအတွက်တော့ အနည်းငယ် ကွဲပြားနိုင်ပါသည်။ ထိုကလေးများသည် သူတို့ဖွံ့ဖြိုးနှုန်းနှင့် သူတို့သွားနေသော ကလေးများဖြစ်သည်။ ထို့ကြောင့် သူတို့လေးတွေ အဆင်သင့်မဖြစ်သေးခင် အိမ်သာအိုးထိုင်နည်း လေ့ကျင့်ပေးဖို့ အတင်းအကျပ် မကြိုးစားပါနဲ့။ ထိုအစား သူတို့ပြသော လက္ခဏာများကို စောင့်ကြည့်ပါ။ ၎င်းတို့မှာ
- နှစ်ဆင့် လမ်းညွှန်ချက်များကို သူတို့ လိုက်နာနိုင်သည်။
- အိမ်သာသွားဖို့ လိုအပ်ကြောင်း သင့်ကို ပြောနိုင်သည်။
- သင့် လှုပ်ရှားမှုတွေကို အတုယူ လိုက်လုပ်တတ်နေပြီ။
- သူတို့လေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်လိုလိုလားလားရှိကြသည်။
- သူတို့သည် အကူအညီမလိုဘဲ အိမ်သာ အဝင်အထွက် ပြုလုပ်နိုင်သည်။
- သူတို့လေးတွေရဲ့သေးခံ စိုစွတ်နေလား၊ အီးအီးပေနေလား သူတို့သိသည်။
- သူတို့ကိုယ်တိုင် ဘောင်းဘီချွတ်တတ်သည်။
- အကူအညီမလိုဘဲ အိမ်သာအိုးတွင် ထိုင်နိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။