– အဆီဓါတ်ဟာတော့ စားစရာရဲ့ ၃၀%ထက် မကျော်သင့်ပါဘူးဆယ်ကျော်သက်တွေဟာ အဆီဓါတ်ကို ရှောင်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာစွမ်းအင်နဲ့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေရဲ့ အရေးကြီးတဲ့ ရင်းမြစ်ဖြစ်ပါတယ်။
မနက်စာကို အလွတ်မခံပါနဲ့
သင့်ရဲ့ကလေးဟာ မနက်စာကို မစားတဲ့အခါ မိသားစုတခုလုံး စားကြတဲ့ စားသောက်ဝိုင်းစီစဉ်ပြီး သင့်ကလေးကို မိသားစုနဲ့ ပူးပေါင်း စားသောက်လာအောင် စည်းရုံးပါ။
ကျန်းမာရေးနဲ့ပိုညီညွတ်သော သရေစာစိတ်ကူး
ဆယ်ကျော်သက်များဟာ သူတို့ကြီးထွားနိုင်ဖို့ စွမ်းအင် အများအပြား လိုအပ်ပြီး နေ့လယ်ပိုင်းတွေမှာလည်း စားတတ်ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ သင့်ရဲ့ကလေးကို ဟမ်ဘာဂါနဲ့ ကိုလာရည်အစား တခြားကျန်းမာရေးအတွက် ပိုသင့်တော်မယ့် သရေစာတွေ စားခိုင်းသင့်ပါတယ်။ သစ်သီးခြောက်တွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ လူကို လန်းဆန်းစေရုံမက အာဟာရလည်း ဖြစ်စေပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။