ကလေးတွေဟာ အိပ်စက်ချိန်ဘယ်လောက် လိုအပ်သလဲ။
ကြီးထွားမှုဟာ သွေးတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေရဲ့ ဇီဝဖြစ်စဉ်အမျိုးမျိုးကို လှုံ့ဆော်စတင်နိုင်ဖို့ ဟော်မုန်း အမျိုးအစားအများကြီးလိုအပ်တဲ့ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုပါ။ အရေးအကြီးဆုံးတစ်ခုကတော့ pituitary ဂလင်းကထုတ်ပေးတဲ့ ကြီးထွားစေတဲ့ဟော်မုန်း (သို့မဟုတ် human growth hormone )ပါပဲ။
ဒီထုတ်လွှတ်မှုပေါ်မှာ အရာတော်တော်များများက သက်ရောက်မှုရှိနေပါတယ်။ ဥပမာ အာဟာရ၊ စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းတွေလိုပေါ့။ ကလေးငယ်တွေမှာတော့ အိပ်စက်ခြင်းက အဓိက အချက်ပါ။ ကြီးထွားစေတဲ့ဟော်မုန်းကို တစ်နေ့လုံးထုတ်ပေးတာဖြစ်ပေမယ့် ကလေးတွေမှာတော့ ထုတ်လွှတ်မှုအများဆုံးအချိန်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး မကြာခင်မှာပါပဲ။
ကလေးတိုင်းတော့ တူညီကြမှာမဟုတ်ပါဘူး။ အချို့ကလေးတွေမှာဆိုရင် အိပ်စက်ချိန်ပိုလိုတာ သိပ်မလိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ အသက် ၁နှစ်နဲ့ ၂နှစ်ကြားဆို အိပ်ချိန် ၁၁နာရီကနေ ၁၄နာရီထိလိုအပ်ပါတယ်။ (တစ်ရေးအိပ်ချိန်ပါ အပါ) ၃နှစ်မှ ၅နှစ်ကလေးတွေဆိုရင်တော့ ၂၄နာရီမှာ ၁၀နာရီကနေ ၁၃နာရီထိ လိုအပ်ပါတယ်။ (တစ်ရေးအိပ်ချိန်အပါ) ။
လုံလောက်တဲ့အိပ်ချိန်မရရင် ကြီးထွားမှုပြဿနာတွေ- အဓိကအားဖြင့် ကြီးထွားနှုန်းနှေးတာနဲ့ မကြီးထွားတော့တာတွေ ဖြစ်စေနိုင်ပါတယ။် အိပ်စက်ရာမှာ ပြဿနာရှိတဲ့ကလေးတွေဟာ ကြီးထွားစေတဲ့ ဟော်မုန်းထုတ်လွှတ်မှုမှာလည်း ပြဿနာရှိနေနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။