အဓိပ္ပါယ်ဖွင့်ဆိုချက်
Cervical Spondylosis (လည်ပင်းကြီးပေါင်း) ကဘာလဲ။
လည်ပင်းရိုးထိခိုက်ရောင်ရမ်းခြင်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ချေများနိုင်ပါတယ်။ တချို့အတွက်တော့ နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။