ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Baker’s Cyst (ဘေကာအရည်အိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ
ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကတဆင့် သိနိုင်ပါတယ်။ ဒါပေမယ့် သွေးခဲခြင်း၊ သွေးကြောဖောင်းခြင်း၊ အကျိတ်ဖြစ်ခြင်း စတဲ့ပြသနာတွေနဲ့ ဆင်တူနေတဲ့အတွက် အောက်ပါစမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။
- ပြည့်စုံသော ရုပ်ပိင်းဆိုင်ရာ စစ်ဆေးမှုများနှင့်အတူ ရောဂါရာဇဝင် ပြည့်စုံစွာယူခြင်း၊ အရည်အိတ်၏ ခံစားမှုနှင့် ပုံစံအား စစ်ဆေးခြင်း
- ဒူးခေါင်းဓါတ်မှန်၊ စီတီစကင် စသည့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း
ရောဂါလက္ခဏာ အများစုဟာ ဆင်တူတတ်ကြပါတယ်။ တိကျတဲ့ ရောဂါအမည်တပ်နိုင်ဖို့ တခြား စမ်းသပ်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
Baker’s Cyst (ဘေကာအရည်အိတ်) ကို ဘယ်လိုကုသပါသလဲ
တခါတရံမှာ သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အရည်အိတ်ဟာ ကြီးမားပြီး နာကျင်နေရင် အောက်ပါနည်းလမ်းတွေ အသုံးပြုတတ်ပါတယ်။
- ဆေးဝါးကုသခြင်း။ ကော်တီကိုစတီးရွိုက်ဆေးကို ဒူးဆစ်ထဲ ထိုးပေးပြီး ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ခြေကိုတော့ အမြဲတမ်း မကာကွယ်နိုင်ပါဘူး။
- အရည်ဖောက်ထုတ်ခြင်း။ ဒူးဆစ်မှ အရည်များကို အပ်နဲ့ဖောက်ထုတ်ပစ်ခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် အာထရာဆောင်းနဲ့ ပုံရိပ်ဖော်ပြီး ပြုလုပ်ပါတယ်။
- ကာယကုသခြင်း။ ရေခဲကပ်ခြင်း၊ ဖိပြီး အစွပ်စွပ်ခြင်း၊ ချိုင်းထောက်သုံးခြင်း စတဲ့နည်းတွေဟာ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ သက်သက်သာသာ ရွေ့လျားခြင်းနဲ့ ဒူးခေါင်းဝန်းကျင်က ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
ဖြစ်နိုင်ရင် ဆရာဝန်ဟာ အရည်အိတ်ဖြစ်စေရတဲ့ နောက်ခံအကြောင်းအရင်းကို ကုသပါလိမ့်မယ်။ အရိုးနုစုတ်ပြဲလို့ အရည်တွေစုလာတယ်လို့ သံသယရှိရင် ပြဲနေတဲ့အရိုးနုကို ခွဲစိတ်ပြုပြင်ပါလိမ့်မယ်။
အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ ပတ်သက်နေတဲ့ ဘေကာအရည်အိတ်ဟာ အဆစ်ရောင်ခြင်းကို ကုသတာနဲ့ တပြိုင်နက် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ခွဲစိတ်ဖို့ မလိုသလောက်ပါပဲ။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘေကာအရည်အိတ်အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
- RICE ဆိုတဲ့ စည်းမျဉ်းအတိုင်း လုပ်ဆောင်ရပါမယ်။ ခြေထောက်ကို အနားပေးပါ (Rest)၊ ဒူးဆစ်ကို ရေခဲကပ်ပါ (Ice)၊ အစွပ်အကာများနဲ့ ဖိအားပေးပါ (Compress)၊ ခြေထောက်ကို (အထူးသဖြင့် ညဘက်တွေမှာ) မြင့်မြင့်ထားပါ (Elevate)
- မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများ သုံးစွဲပါ။ Ibuprofen (Advil, Motrin IB, အခြား), naproxen sodium (Aleve, အခြား), acetaminophen (Tylenol, အခြား) နဲ့ aspirin စတ့ ဆေးဝါးတွေဟာ နာကျင်မှုကို သက်သာစေပါတယ်။ အညွှန်းစာမှာ သောက်သုံးရမယ့် ပမာဏကို ရေးထားပါတယ်။ ညွှန်းဆိုတဲ့ ပမာဏထက် ပိုမသောက်ပါနဲ့။
- ကာယလှုပ်ရှားမှုတွေကို လျှော့ချပါ။ လှုပ်ရှားမှုလျှော့ခြင်းဟာ ဒူးဆစ်ပြသနာကို သက်သာစေပါတယ်။ ဘယ်လောက်ကြာကြာ လျှောပချရမယ်၊ တချိန်တည်းမှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို အစားထိုး လုပ်ဆောင်ရမယ်ဆိုတာ ဆရာဝန်က အကြံပြုပါလိမ့်မယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။