အဓိပ္ပါယ်ဖွင့်ဆိုချက်
ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။
အရှေ့ဘက်ကြက်ခြေခတ်အရွတ်ဟာ ဒူးခေါင်းအလယ်မှာ တည်ရှိတဲ့အရွတ် ဖြစ်ပါတယ်။ အဲဒီအရွတ်ဟာ ညို့သကျည်းအရိုးကို ပေါင်ရိုးရှေ့ကို ချော်ထွက်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်းဟာ အလွန်အကျွံဆန့်ထုတ်ခြင်း အရွတ်စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုးရွားမှုနဲ့ လှုပ်ရှားနိုင်မှုပေါ် မူတည်ပြီး စုတ်ပြဲခြင်းဟာ တစိတ်တပိုင်း ဒါမှမဟုတ် တခုလုံးဖြစ်နိုင်ပါတယ်။ ဒဏ်ရာဟာ သာမန်အသေးအဖွဲ စုတ်ပြဲခြင်းကနေ တခုလုံး စုတ်ပြဲသွားခြင်း အရိုးကျိုးပဲ့ထွက်သွားခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။