ဒီပြောင်းလဲမှုဟာ အာရုံကြောအမြစ်တွေ၊ အာရုံကြောမကြီးနဲ့ ဦးနှောက်ကို ဖိထားသလိုဖြစ်နိုင်ပါတယ်။ ဒီဟာက ခြေထောက်တွေ၊ လက်တွေကို သက်ရောက်မှုရှိစေပါတယ်။
သင်က အလုပ်ကြိုးစားလွန်းလျှင် သို့မဟုတ် အားကစားလုပ်လျှင် ဇက်ရိုးကျီးပေါင်း ဖြစ်စေနိုင်ပါတယ်။
တခြားဖြစ်စေသော အချက်များမှာ-
– ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း။
– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။
– အလွန်လေးလံသော အရာများမခြင်း၊ ရှေ့သို့ကွေးလွန်းခြင်း၊ နောက်သို့ကွေးလွန်းခြင်း။
– လည်ပင်းကို ဒဏ်ရာရဖူးခြင်း။( ဥပမာ – မတော်တဆမှုများ ဖြစ်ဖူးခြင်း။)
– လည်ပင်းအဆစ်ပြား ကျွံနေခြင်း။
– လည်ပင်းကျောရိုးကြီးရှိ အရိုးများကျိုးနေခြင်း။
– ဆေးလိပ်သောက်ခြင်း။
ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ဇက်ရိုးကျီးပေါင်းဖြစ်ဖို့ အချိန်လိုပါတယ်။ ဒါပေမယ့် ရောဂါက ရုတ်တရက်ကြီး ဆိုးလာနိုင်ပါတယ်။
ဇက်ရိုးကျီးပေါင်းရောဂါကို သေချာသိဖို့ ဆေးရုံကြီးတွေမှာ စစ်ဆေးဖို့လိုသော်လည်း ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
– သင်ဟာ ဇက်တောင့်တင်းပြီး နာကျင်မှုကို စတင်ခံစားရနိုင်ပြီး အချိန်ကြာတာနဲ့အမျှ ပိုဆိုးသွားတတ်ပါတယ်။
– နာကျင်မှုက အကြာကြီး မတ်တပ်ရပ်ပြီးချိန် သို့မဟုတ် ထိုင်ပြီးချိန်၊ ညဘက်၊ ဇက်ရိုးကိုထိစေတဲ့ အပြုအမူတွေ (ဥပမာ- နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရယ်ခြင်း၊ လည်ပင်းကို ရှေ့သို့မဟုတ် နောက်ကိုရုတ်တရက် လှုပ်ရှားတဲ့အခါ)တွင် အဖြစ်များပါတယ်။
– ပုခုံး သို့မဟုတ် လက်တွေ ထုံခြင်း သို့မဟုတ် အာရုံခံစားမှု အရှိခြင်း။
– ခေါင်းကိုက်ခြင်း။
တခါတလေ သင်ဟာဘာလက္ခဏာမှ မခံစားရတာ၊ ကြွက်သားအနည်းငယ်အားနည်းရုံလောက်သာ ဖြစ်စေနိုင်ပါတယ်။ အတွေ့ရနည်းတဲ့ လက္ခဏာများမှာ-
– ခြေထောက်တွေ ထုံခြင်း၊ အာရုံခံစားမရခြင်း။
– ဆီး၊ဝမ်းတွေ မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ( သင်မဖြစ်ချင်ဘဲ ဆီး၊ ဝမ်းတွေ ထွက်ကျတာမျိုး ဖြစ်တတ်ပါတယ်။)
ဇက်ရိုးကျီးပေါင်းက အသက်ကြီးတဲ့လူတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်အရိုးတည်ဆောက်မှုပဲ ဖြစ်ပြီး ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒီအခြေအနေမှာ သင်က ဇက်ရိုးတွေတောင့်တင်းပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ လည်ပင်းက အရိုးတွေ၊ ကြွက်သားတွေကို လှုပ်ရှားရင် နာကျင်တာက ပိုဆိုးလာနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။