ခါးကျီးပေါင်းရှိသူအများစုသည် တင်ပါးအကွေးအဆန့်လုပ်သော နေရာများတွင် ဖိအားများဖြစ်ပေါ်တတ်ပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။ ဖော်ပြပါ လေ့ကျင့်ခန်းသည် ဝမ်းဗိုက်၊ တင်ပါးဆုံနှင့် ပေါင်နေရာများကိုအားပြုခြင်းဖြင့် တင်ပါးအရှေ့ပိုင်းကို ဆွဲဆန့်လိုက်သလိုဖြစ်သွားစေသည့်အတွက် ကျီးပေါင်းကြောင့် နာကျင်မှုများကို သက်သာစေပါသည်။
အရှေ့ဘက်ကို ဆန့်ထုတ်သော လေ့ကျင့်ခန်းကို လက်နှင့် ဒူးများမှ အစချီပြီး လုပ်ရပါသည်။ သင့်ခြေတဖက်ကို အနောက်ဖက်သို့ဆန့်တန်းထားပြီး နောက်တဖက်ကို အရှေ့ဘက်သို့ တလှမ်း လှမ်းထားပါ။
ထိုအနေအထားဖြင့် တင်ပါးကို အောက်ဘက်သို့ဖြေးညှင်းစွာ လျှောချပါ။ လုပ်ဆောင်သော အနေအထား မှန်ကန်ပါက သင်ဆန့်ထုတ်ထားသော နောက်ခြေထောက်၏ အရှေ့ပိုင်းနှင့် ခါးအောက်ပိုင်းတလျှောက် ဆန့်တင်းလာသော ခံစားမှုကိုရရှိပေလိမ့်မည်။ ထိုသို့ ၄ ကြိမ်ပြုလုပ်ပါ။ နောက်ခြေတဖက်ပြောင်းပြီး ၄ ကြိမ်ထပ်ပြုလုပ်ပါ။
ထိုင်ထ လုပ်ခြင်း
သင့်ခြေနှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ခွဲပြီး ရပ်ပါ။ ထို့နောက်သင့်ကျောရိုးကို ရေပြင့် ထောင့်မှန်အနေအထား ထားပါ။ ကျောရိုးကို ဖြောင့်မတ်အနေအထားရှိပါစေ။ မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပါ။ ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် စုံချထားပါ။ ထိုအနေအထားဖြင့် ဒူးကိုကွေးချပါ။
ထိုသို့ အထိုင်အထပြုလုပ်ရာတွင် လှုပ်ရှားမှုများနှင့် အနေအထားအားလုံးသည် အထက်ဖော်ပြပါအတိုင်း စနစ်ကျပါမှ သင့်ခါးကို ထိခိုက်မှုကင်ဝေးစေမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော ခါးဆစ်ချော်ခြင်းသည် အရွယ်ရောက်ပြီးသော သူများတွင်ဖြစ်သော ရောဂါဖြစ်သော်လည်း အန္တရာယ်ရှိသော အနေအထားမဟုတ်ပါ။ သို့သော် နာကျင်မှုများကို သက်သာစေရန်နှင့် လှုပ်ရှားမှုများ အဆင်ပြေစေရန် ကုသမှုများခံယူရန်လိုအပ်ခြင်းဖြစ်ပေသည်။
မခွဲစိတ်ရသော ကုသမှုများသည်၊ ခါးဆစ်ကျွံခြင်းနှင့် ခါးရိုးအက်ခြင်းတို့ကို မပျောက်ကင်းစေနိုင်လည်း ခွဲစိတ်ရန် မလိုသော အနေအထားမျိုးတွင် အနာပျောက်ဆေးများကို ရေရှည်သောက်ရသော ကုသမှုမျိုးကို ခံယူရန်လိုအပ်ပါလိမ့်မည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။