backup og meta

လည်ပင်းဆစ်ချော်ခြင်း အခြေအနေများနှင့် ကုသမှုနည်းလမ်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းဆစ်ချော်ခြင်း အခြေအနေများနှင့် ကုသမှုနည်းလမ်းများ

    လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ လည်ပင်း၊ ပခုံးများနာခြင်း၊ ကျဉ်ခြင်း၊ လက်မောင်းများနှင့် လက်ချောင်းများအားနည်းခြင်း တို့ဖြစ်လာမည်ဖြစ်လာပြီး နေ့စဉ် အလုပ်များကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်း အကြောင်းနှင့် ကုသမှုနည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။

    လည်ပင်းဆစ်ချော်ခြင်း အကြောင်း

    လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ ခါးရိုးကောက်ကြောင်းသည် မူမမှန်ဖြစ်လာပြီး ခါးဆစ်များကြားတွင် နေရာကျဉ်းသွားပြီး လည်ပင်းနှင့် လည်ပင်းတလျှောက်နေရာများ နာကျင်ခြင်းတို့ဖြစ်နိုင်ပါသည်။

    မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်းများ

    · ဆေးသောက်ခြင်း

    Ibuprofen, naproxen, aspirin စသည့်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါသည်။ နာကျင်မှုဝေဒနာများ ပိုဆိုးလာသောအခါ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သောက်ခြင်းက ဆေးလွန်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေနိုင်ပါသည်။

    ထို့ပြင် ကြွက်သားများကို ပြေလျော့စေသော ဆေးများနှင့် ကြွက်တက်ခြင်းကို သက်သာစေသော ဆေးများသည်လည်း လည်ပင်းနာကျင်ခြင်းကို အထိုက်အလျောက် သက်သာစေပါသည်။

    · ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

    ကိုယ်လက်လေ့ကျင့်ခန်းများတွင် ကိုယ်တိုင်ပြုလုပ်ရသော လေ့ကျင့်ခန်းများနှင့် သူများက ပြုလုပ်ပေးသော လေ့ကျင့်ခန်းများ ဟူ နှစ်မျိုးရှိပါသည်။ ကိုယ်တိုင်ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် အိမ်တွင် သို့မဟုတ် လေ့ကျင့်ခန်းနည်းပြ၏ လမ်းညွှန်မှုအောက်တွင် ပြုလုပ်ရပါသည်။

    လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် လည်ပင်းကြွက်သားများကို သန်မာစေပါသည်။ လည်ပင်းကြွက်သားများ သန်မာနေလျှင် လည်ပင်းကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး ကျောရိုးတလျှောက်လည်း အကွေးအဆန့်ကောင်းစေမည်ဖြစ်ပါသည်။

    ထို့ပြင် အပူသို့မဟုတ် အအေးကပ်ခြင်းသည်ရောင်ရမ်းမှုများကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေပါသည်။

    လေ့ကျင့်ခန်းပြုလုပ်ရာတွင် သင်နှင့်သင့်တော်မည့် အားကစား ပစ္စည်းများကို အသုံးပြုခြင်းဖြင့် လည်ပင်းကို ဒဏ်မဖြစ်အောင် ကာကွယ်နိုင်ပါသည်။

    · ကျောရိုးဆစ်အတွင်းသို့ ဆေးထိုးခြင်း

    လူနာသည်ပြင်းထန်စွာ နာကျင်မှုဝေဒနာကို ခံစားနေရလျှင် ထိုနည်းကို အသုံးပြုပါသည်။ ထိုးဆေးကို ဆရာဝန်ကိုယ်တိုင် ကျောရိုးအဆစ်အတွင်းသို့ ထိုးသွင်းပေးပါသည်။ လေ့ကျင့်ခန်းများ မပြုလုပ်မီ ထိုးဆေးထိုးခြင်းသည် အသင့်တော်ဆုံးနှင့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုအခါ လူနာသည်လေ့ကျင့်ခန်းများကို နာကျင်မှုမရှိဘဲ သက်တောင့်သက်သာ လုပ်နိုင်မည်ဖြစ်ပါသည်။ ဆေးထိုးခြင်းသည် မိနစ် ၃၀ မျှ ကြာမြင့်ပြီး ဆေးအရှိန်သည် ရက်သတ္တပတ်များမှ လအတန်ကြာမြင့်နိုင်ပါသည်။ ထို့ပြင် သင်သည်ခွဲစိတ်ကုသမှုများ ခံယူရန်စီစဉ်ထားပါက မခွဲစိတ်မီတွင် ကျောရိုးထိုးဆေးများကို ဆရာဝန်များက ထိုးပေးလေ့ရှိပါသည်။

    ခွဲစိတ်ကုသခြင်း

    အများစုသော ဝေဒနာရှင်များတွင် ခွဲစိတ်ကုသခြင်းကို မခံယူကြပါ။ လည်ပင်းဆစ်ချော်ခြင်းဝေဒနာများကို မခွဲစိတ်ဘဲနှင့် အများဆုံး အကျိုးရှိအောင် ကုသနိုင်ကြပါသည်။ သို့သော် မခံမရပ်နိုင်အောင် နာကျင်မှုများဖြစ်လာခြင်း၊ အာရုံကြောပြသနာများ ဖြစ်လာခြင်း၊လည်ပင်း၊ ပခုံးများနာခြင်း၊ ကျဉ်ခြင်း၊ လက်မောင်းများ၊ လက်ချောင်းများ တစ်လျှောက်နာကျင်လာခြင်း တို့ဖြစ်လာပါက ခွဲစိတ်ကုသမှုများကို ခံယူရန် လိုအပ်လာနိုင်ပါသည်။

    လူနာကို ခွဲနေစဉ် ကျောရိုးဆစ်များပေါ်တွင် ဖိအားသက်ရောက်ခြင်းကို ပြေလျော့စေရန်နှင့် မူမှန်သော အနေအထားရရှိစေရန် ကျောရိုးဆစ်များကို ပြန်လည်နေရာချထားခြင်းကို ပြုလုပ်ပါသည်။

    အချို့သော နည်းလမ်းများမှာ ချပ်ပြားများကိုဖယ်ထုတ်သော အသေးစားခွဲစိတ်မှု၊ လည်ပင်းရိုးအရှေ့ပိုင်းကို ဖြတ်ထုတ်ခြင်း၊ ကျွံထွက်နေသော လည်ပင်းရိုးများအား ခွဲစိတ်ဖြတ်ထုတ်ပြီး အနောက်ဘက်နေရာကို ပေါင်းလိုက်ခြင်း စသည်တို့ဖြစ်ပါသည်။ ထိုနည်းလမ်းများကို ဆရာဝန်က ရှင်းပြပါလိမ့်မည်။ ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ကာ သင့်အတွက် အကောင်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ပါ။

    အချုပ်ဆိုရသော် လည်ပင်းဆစ်ချော်ခြင်းသည် လည်ပင်းနာခြင်းကို ဖြစ်စေပါသည်။ အများစုသော လူနာများတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် သက်သာသော်လည်း မခံမရပ်နိုင်အောင် နာကျင်မှုများဖြစ်လာခြင်း၊ အာရုံကြောပြသနာများ ဖြစ်လာပါက ခွဲစိတ်မှုများ ပြုလုပ်ရပါမည်။ ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ကာ သင့်အတွက် အကောင်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Translated by K Zin Thwe

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement