backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ကဘာလဲ။

ခဏခဏလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကို ခဏခဏဖိခြင်းကြောင့်ဖြစ်သောထိခိုက်မှုဟုလည်းခေါ်သည်။ ထိုအရာသည်ကြွက်သား အာရုံကြော အရွတ် တွယ်ဆက်အမျှင်များကိုခဏတာသို့မဟုတ် တသက်လုံးထိခိုက်စေနိုင်သည်။ လုပ်ရှားမှုတစ်ခုကိုထပ်ခါထပ်ခါလုပ်ခြင်းကြောင့်ဖြစ်နိုင်သည်။

အဖြစ်အများဆုံးပုံစံမှာ အရွတ်ယောင်ခြင်းနှင့်အရည်အိတ်ယောင်ခြင်းတို့ဖြစ်သည်။ ထိုနှစ်ခုသည်ခွဲခြားရန်ခက်ပြီးများသောအားဖြင့်နှစ်ခုတွဲတည်ရှိနေတတ်သည်။

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရွတ်ယောင်ခြင်း။ အဖြစ်အများဆုံးလက္ခဏာမှာ ဖြစ်သောနေရာတွင်နာခြင်းဖြစ်သည်။ ဖြစ်သောအရွတ်ကိုလှုပ်ရှားမိကပိုဆိုးနိုင်သည်။ ဖြစ်သောအရွတ်ပေါ်ရှိအရည်ပြားသည် ယောင်ပြီးပူနေတတ်သည်။

ဘိုင်ဆတ်။ လက်မောင်းနှင့် ပုခုံးစုံသောနေရာအချိုင့်တွင်အများဆုံးနာတတ်သည်။ တံတောင်ဆစ်ကို ၉၀ဒီဂရီကွေးခြင်း နှင့် လက်ဖဝါးအားမှောက်သည့်အချိန်မျိုးတွင်နာလာနိုင်သည်။

တန်းနစ်တံတောင်ဆစ်။ တံတောင်စစ်အတွင်းတွင်နာနေပြီး လက်ကောက်ဝတ်ဆန့်ချိန်တွင် တန့်နစ်ဘတ်တန်ကိုနောက်ကိုဆွဲပြီး ရိုက်ဖို့ကြိုးစားချိန်မျိုးတွင်နာတတ်သည်။

ဂေါက်ရိုက်သမား တံတောင်ဆစ်။ တံတောင်ဆစ်တွင်နာပြီး လက်ကောက်ဝတ်ကိုကောက်ချိန် ဂေါက်ဘောလုံးကိုရိုက်ဖို့ကြိုးစားချိန်မျိုးတွင်နာတတ်သည်။

လှည့်သောကြွက်သား။ လက်မောင်းသို့ဘေးဘက်သို့ဆွဲချိန်တွင်နာတတ်သည်။ ဖြစ်သောပုံခုံးဘက်တွင်နာလိမ့်မည်။

အရည်အိတ်ယောင်ခြင်း။ အဖြစ်များဆုံးလက္ခဏာမှာ ဖြစ်သည့်ဘက်တွင်နာခြင်း နှင့်လှုပ်ရှားနိုင်သောစွမ်းရည်နည်းခြင်းတို့ဖြစ်သည်။ နီခြင်း ဖောင်းလာခြင်း နှင့် အဆစ်လှုပ်လိုက်ပါက တကျွတ်ကျွတ်မည်ခြင်းတို့လဲဖြစ်နိုင်သည်။

ဒူးခေါင်း။ ဒူးခေါင်းဖုံးအောက်ပိုင်းတွင်ဖောင်းလာခြင်းပါဝင်ပြီးကိုင်ကြည့်ပါက နီပြီးပူနေနိုင်သည်။ ဒူးခေါင်းကွေးခြင်းဆန့်ခြင်းကြောင့်နာနေသဖြင့် ဒူးခေါင်းလှုပ်ရှားနိုင်မှုကိုလျော့နည်းစေသည်။

တံတောင်ဆစ်။ နာခြင်း ယောင်ခြင်း နီခြင်းတွေ့နိုင်သည်။ လက်ဖျံကို တံတောင်ဆစ်မှကွေးခြင်းဆန့်ခြင်းလုပ်ပါကပိုနာတတ်သည်။

ပေါင်ရိုး။ လမ်းလျောက်ခြင်းသို့မဟုတ် ဖြစ်သောဖက်တွင်လှဲချလိုက်ခြင်းကြောင့်ပိုနာစေနိုင်သည်။ ခြေထောက်ကိုခွဲခြင်း ပြန်စုစုံခြင်းတိုကသက်သာစေနိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

လက်ခြေထောက်လှုပ်ခြင်းကြောင့်နာပါက

အရွတ်ဆက်သောနေရာသို့မဟုတ် အဆစ်နေရာတွင်ထိပါကနာခြင်း

အဆစ်ပေါ်တွင်နီခြင်း ပူနေခြင်း

အိပ်ရာကလန့်နိုးသည်အထိနာနေခြင်း

ဖြစ်သောဘက်ကိုဖိမအိပ်နိုင်ခြင်း

ပုံမှန်လှုပ်ရှားမှုများမလုပ်နိုင်ခြင်း(ဥပမာ သွားတိုက်ခြင်းရေချိုးခြင်း)

အကြောင်းရင်းများ

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ကိုဘာတွေကဖြစ်စေသလဲ

ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများသည် တစ်သျူးတွင် အလွန်သေးငယ်သောပျက်စီးမှုများဖြစ်ခြင်းကြောင့်ဖြစ်သည်။ ခန္ဓါကိုယ်မှပျက်စီးမှုထက် ထုတ်နိုင်သောပမာဏနည်းပါက ယောင်ခြင်းဖြစ်လာပြီး နာလာလိမ့်မည်။

ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများဖြစ်စေသောအကြောင်းများမှာ

ထပ်ခါထပ်ခါလှုပ်ရှားရခြင်း

ထိခိုက်ဒဏ်ရာဖြစ်ခြင်း

ကျောက်တည်ခြင်း(ဥပမာ လေးဘက်နာ)

ပွတ်တိုက်မိခြင်း

တကိုယ်လုံးဆိုင်ရာရောဂါ (ရူမတွိုက်အဆစ်ယောင်ခြင်း လေးဖက်နာဖြစ်ခြင်း)

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ကို ဘယ်လိုအတည်ပြုပါသလဲ

အရွတ်ယောင်ခြင်း

ရောဂါသမိုင်းကြောင်းနှင့်ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများဖြင့်အတည်ပြုလေ့ရှိသည်။

ပုံရိပ်ဖော်ခြင်းကြောင့် ရောဂါအတည်ပြုနိုင်လိမ့်မည်။ ပုံရီပ်ဖော်ခြင်းအကောင်းဆုံးပုံစံမှာ သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်းကပိုကောင်းသည်။ အန်အာအိုင်သည် ပျက်စီးခြင်း ပေါက်ထွက်ခြင်း ယောင်ခြင်း သို့မဟုတ် အခြားရောဂါပုံစံတို့ကိုပါအတိအကျဖော်ပြနိုင်သည်။ အကယ်၍ အလွာအတွင်းအရည်မရှိနေပါက အရွတ်အဖုံးယောင်ခြင်း အရွတ်နှင့်အဆစ်များယောင်ခြင်းကိုသိပ်မမြင်ရနိုင်ပါ။

အရည်အိတ်ယောင်ခြင်း။

အရည်အိတ်ယောင်ခြင်းသည် ယောင်နေခြင်း ပိုးရှိမရှိကိုစမ်းသက်လိမ့်မည်။ တံတောင်စစ် နှင့် ဒူးခေါင်းတို့တွင်ပိုးဝင်ခြင်းပိုဖြစ်နိုင်သည်။ ထို့ကြောင့်ထိုအရည်များကိုအဆစ်မှထုတ်ပြီး ဘက်တီးရီယားပိုးရှိမရှိကိုစမ်းလိမ့်မည်။

ပိုးရှိအရည်အိတ်ယောင်ခြင်းသည်အောက်ပါအခြေအနေများကြောင့်ပိုဖြစ်နိုင်သည်။

အရက်နှာတာရှည်သောက်သူများ

ဆီးချိုရှိသူများ

ယူရီယားများသူများ

လေးဖက်နာရောဂါများ

အလုပ်ကြမ်းသမားများ

နှာတာရှာလေလမးကြောင်းပိတ်နေသောအဆုတ်ရောဂါများ

Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်မှသင့်တော်သောကုထုံးကိုရွေးချယ်ပေးလိမ့်မည်။

အရွတ်ယောင်ခြင်းကို အစောပိုင်းတွင် မလှုပ်ရှားစေခြင်းနှင့်ရေခဲကပ်ခြင်းသည်အကောင်းဆုံးကုသမှုဖြစ်ပြီး နှာတာရှည်အတွက် ရေခိုးငွေ့ကအကောင်းဆုံးဖြစ်သည်။

တန်းနစ်နှင့် ဂေါက်ရိုက်သမား တံတောင်ဆစ်ကတို့တွင် တံတောင်ဆစ်အပတ်ကိုသုံးသင့်သည်။

စတီးရွိုက်မပါသော အယောင်ကျဆေးများ(အန်အက်အေအိုင်ဒီ ဥပမာ အက်ပလင် ၊နာပရိုဇန် သို့မဟုတ် အိုင်ဗျူပရိုဖန်) ကိုအယောင်ကျစေရန်ပေးနိုင်သည်။ ထိုဆေးများကိုအစာ အိမ်ထိခိုက်ခြင်းသက်သာစေရန်အစာသို့မဟုတ် နို့နှင့်တွဲသောက်သင့်သည်။

အကယ်၍ အရွတ်ယောင်ခြင်းနှင့် အရေအိတ်ယောင်ခြင်းသည် အန်အက်အေအိုင်ဒီနှင့်မသက်သာပါက စတီးရွိုက်ကိုဖြစ်သောနေရာတွင်ထိုးလိမ့်မည်။ ဖြစ်သောနေရာကို ဆယ့်နှစ်လအတွင်းသုံးခါထက်ပိုမထိုးသင့်ပါ။

ထိုကုထုံးကို ပုခုံးပါသောအချိန်တွင်သုံးလို့မရပါ။

ပုခုံးကို ၂၄ နာရီမှ ၄၈ နာရီထက်မလှုပ်ပဲထား၍ မရပါ။ မလှုပ်ရှားပဲထားပါက ပုခုံးခဲသွားခြင်း( အိတ်များကပ်ခြင်း)ဖြစ်တတ်သည်။ အာထရာစောင်းရိုက်ခြင်း ရေနွေးစိမ်ခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာကုထုံးများလည်းလိုအပ်နိုင်သည်။

ပုခုံးအရွတ်ယောင်ခြင်းကုသမှုကိုအဓိကသည် ပုခုံးဆစ်အပြည့်အဝလှုပ်ရှားနိုင်ရန်ဖြစ်သည်။ လက္ခဏာသက်သာအောင်ကုသမှုမှာဒုတိယဖြစ်သည်။

အရည်အိတ်ယောင်ခြင်း၏ကုသမှုသည်လည်း ဆင်တူသည်။

အနားယူခြင်းရေခဲကပ်ခြင်းနှင့် လက်ခြေအားမြှောက်ထားခြင်းတို့လုပ်နိုင်သည်။

အခြားကိုထုံးများတွင် အနာသက်သာစေသောလိမ်းဆေး၊ ကပ်စိုင်စင် လိမ်းဆေး(ဆေးဆိုင်တိုင်းတွင်ရသောအနာသက်သောစေသောဆေးဖြစ်ပြီး ကာရင်းပက်ပါပါဝင်သည်) နှင့်စတီးရွိုက်ပေးခြင်းတို့လုပ်နိုင်သည်။

အကယ်၍အရည်အိတ်ယောင်ခြင်းက ရောဂါပိုးကြောင့်ဖြစ်ပါက သင့်တော်သော ပိုးသတ်ဆေးကိုပေးပါ။

စတီးရွီုက်ထိုးခြငးကို အရည်အိတ်ယောင်ခြင်းတွင်သာသုံးသင့်သည်။ အရည်အိတ်ပိုးဝင်ခြင်းတွင်မသုံးသင့်ပါ အဘယ်ငြောင့်ဆိုသော် ခန္ဓုာကိုယ်မှရောဂါပိုးကိုတုံပြန်နိုင်စွမ်းကိုကျစေသောကြောင့်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လုံလောက်သော ပူစေအေးစေသည့်နည်းလမ်းများလုပ်ပါ( အရွတ် အရည်အိတ်များကျန်းမာစေရန်အရေးကြီးသည်)

ထိခိုက်မှုပြန်ဖြစ်စေသော လှုပ်ရှားမှုကိုရှောင်ပါ။

အရွတ်ယောင်ခြင်းကော အရည်အိတ်ယောင်ခြင်းကိုပိုမြန်မြန်သက်သာစေသည်။

ကပ်ကြေးသုံးခြင်းက ပိုနာစေ၍ရှောင်သင့်သည်။ အချို့သူများကကြိုက်ကြသည်။

သင့်အလုပ်က ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုဖြစ်စေပါက အလုပ်အကိုင်မန်နေဂျာ သည် အလုပ်ပုံစံကိုပြောင်းပေးလုပ်မည်။

လှုပ်ရှားမှုပါသောလေ့ကျင့်ခန်းများကိုလေ့ကျင့်ပါ။ အဓိကအားဖြင့် အရွတ်ယောင်ခြင်း။ လုပ်ဆောင်နိုင်ခြင်းကျခြင်းကိုသက်သာစေနိုင်သည်။

ကြပ်စီး ကျောက်ပတ်တီးစီးခြင်းက အားကစားများ ဥပမာ တန်းနစ်ကစားခြင်း ဂေါက်ရိုက်ခြင်းတွင်ဖြစ်တတ်သော

အရွတ်ထိခိုက်မှုကိုသက်သာစေသည်။ ထိုကိရိယာများကို ဆိုင်တိုင်းသို့မဟုတ် သင့်ဆရာဝန်ထံမှရနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement