တစ်နေ့တာမှာ ထိုင်ဖို့၊ ထဖို့၊ သွားဖို့၊ လာဖို့၊ အိပ်ဖို့၊ ပစ္စည်းတွေ မဖို့။ ဒါတွေ လုပ်ဖို့ဆိုရင် ကျောရိုးက ကျန်းမာနေရမှာပါ။ ဦးခေါင်းပိုင်းကစလို့ တင်ပဆုံပိုင်းထိ ရှိနေတဲ့ ဒီကျောရိုးလေးတွေက နေ့စဉ်လှုပ်ရှားမှုတွေအတွက် အခရာပါပဲ။ ဒါကြောင့် ကျောရိုးလေးကို မထိခိုက်အောင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ သတ်ထားရပါမယ်။ အထူးသဖြင့်တော့ postureလို့ ခေါ်တဲ့ ကိုယ်နေဟန်ထားပေါ့။ ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ကိုယ်နေဟန်ထား မှန်နေမှသာ ကျောရိုးလေး မထိခိုက်မှာပါ။