backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု)


Nadi မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ကဘာလဲ။

ခြေဖဝါးအရိုးများနာကျင်မှုကို စတုန်းဘရုဟုလည်းခေါ်ပြီး ခြေဖဝါးနာပြီးယောင်ယမ်းသောရောဂါတစ်မျိုးဖြစ်သည်။ ခုန်ခြင်း ပြေးခြင်းနှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင်ပါဝင်ပါက ဖြစ်တတ်သည်။ ဖြစ်စေသောအခြားအကြောင်းအရင်းများလည်းရှိသည်။ ခြေထောက်ပုံသဏာန်မမှန်ြခ်ငး ရှု့းဖိနပ်အရမ်းကျပ်လွန်းချောင်လွန်းခြင်းကြောင့်လည်းဖြစ်နိုင်သည်။

များသောအားဖြင့်မပြင်းထန်သော်လည်း ဒီရောဂါကြောင့်သင့်အခွင့်အရေးများဆုံးရှုံးနိုင်သည်။ ကံကောင်းစွာ အိမ်တွင်းကုသမှု ဥပမာ ရေခဲကပ်ခြင်းနှင့်အ နားယူခြင်းတို့ကြောင့်သက်သာစေနိုင်သည်။ ပုံမှန်ဖိနပ်ဝတ်ခြင်း သို့မဟုတ် ခြေဖဝါးအခုံးကိုထောက်ပံသောအရာများသည် ခြေဖဝါးအရိုးများနာကျင်မှုကို ကာကွယ်ပေးခြင်း သို့မဟုတ် ပြန်ဖြစ်သည်ကိုနည်းစေတတ်သည်။

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) က ဘယ်လောက်အဖြစ်များသလဲ

ယောက်ျားလေးမိန်းကလေးတူတူဖြစ်တတ်သည်။ အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သော်လည်း အသတ်အလယ်အလတ်မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေဖဝါးအရိုးများနာကျင်မှုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ခြေဖဝါးတွင်စူးခြင်းကိုက်ခြင်း သို့မဟုတ် ပူခြင်း-ခြေချောင်းများနောက်-

မတ်တပ်ရပ်ခြင်းပြေးခြင်း ခြေထောက်ကွေးခြင်း လမ်းလျောက်ခြင်းကြောင့်ပိုဆိုးနိုင်သည်။-အဓိကအားဖြင့်ဖိနပ်မပါပဲ မြေပြင်အမာတွင်လမ်းလျောက်ခြင်း-နားပါကသက်သာနိုင်သည်။

ခြေချောင်းများတွင်စူးပြီးနာခြင်း ထုံခြင်း ကျင်ခြင်း

ဖိနပ်ထဲတွင်ကျောက်စလစ်ခဲများရှိသကဲ့သို့ခံစားရခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ကိုဘာတွေကဖြစ်စေသလဲ

ခြဖဝါးအရိုးများနာကျင်မှုကိုဖြစ်စေသောအကြောင်းအများကြီးရှိပါသည်။ အဖြစ်များဆုံးအချို့သောအကြောင်းများမှာ-

လေ့ကျင့်ခန်းသို့မဟုတ် လှုပ်ရှားမှုပြင်းထန်ခြင်း

အဝေးပြေးအားကစားသမားများတွင် ခြေဖဝါးအရိုးများနာကျင်မှုပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြေးလျင် ခြေဖဝါးရှေ့ပိုင်းတွင် ဖိအားများစေသောကြောင့်ဖြစ်သည်။ သို့သော်ပြင်းအားများ သောအားကစားသမားများတွင်လည်းဖြစ်တတ်သည်။ အဓိကအားဖြင့် ဖိနပ်မသင့်တော်ခြင်း သို့မဟုတ် ဖိနပ်ပျက်စီးနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

ခြေထောက်အချို့ပုံသဏာန်များ

ခြေထောက်အခုံးမြင့်ပါက ဖိအားများစေသည်။ ဒုတိကခြေချောင်းက ခြေမထက်ရှည်ပါက ဒုတိယခြေချောင်းအား အလေးချိန်ပိုရောက်စေသောကြောင့်ပိုဖြစ်တတ်သည်။

ခြေထောက်ပုံမမှန်ခြင်း။

သေးလွန်းသောဖိနပ် သို့မဟုတ် ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် သင့်ခြေထောက်ပုံမမှန်ဖြစ်တတ်သည်။ အောက်သို့ကောက်သောခြေချောင်း(တူကဲ့သို့သောခြေချောင်း) နှင့် ခြေမတွင် ယောင်ပြီးနာနေခြင်းတို့ကြောင့်လည်း ခြေဖဝါးအရိုးများနာကျင်မှုပိုဖြစ်စေနိုင်သည်။

အလေးချိန်များခြင်း။

အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်တော်တော်များများသည် သင်လှုပ်ရှားပါက သင့်ခြေထောက်ပေါ်သို့ကျသည်။ ပေါင်ပိုနေပါက ခြေမဝါးတွင် ဖိအားပိုများစေနိုင်သည်။ ဝိတ်ချခြင်း ကြောင့် လက္ခဏာကိုသက်သာစေခြင်း ပျောက်ကင်းစေခြင်းကိုဖြစ်စေသည်။

အရွယ်အစားမမှန်သောဖိနပ်မျာ

ဒေါက်မြင့်ဖိနပ်များက သင့်အလေးချိန်ကို ခြေဖဝါးအရှေ့ပိုင်းသို့ရောက်စေသည်။ မိန်းကလေးများတွင် အဖြစ်အများဆုံးအကြောင်းအရာဖြစ်သည်။ ခြေချောင်းနေရာသေးသာဖိနပ် သို့မဟုတ် ထောက်ပံ့ပေးမှုမရှိသော အားကစားဖိနပ်များ ကြောင့်လဲပြသာနာဖြစ်နိုင်သည်။

ဖိအားကြောင့်ကျိုးခြင်း

ခြေဖဝါးရိုးသို့မဟုတ် ခြေချောင်းအရိုးများအနည်းငယ်ကျိုးခြင်းကြောင့် နာပြီး အလေးချိန် သင့်ခြေထောက်ပေါ်ကျခြင်းမမှန်သည်တို့ဖြစ်တတ်သည်။

မော်တွန် နရူရိုးများ

ကင်ဆာမဟုတ်သော အမျှုင်တစ်သျူးများက သုံးလေးမြောက်ခြေဖဝါးအရိုးများရှိ အာရုံကြောတွင် ပေါ်လာသ်ည။ ထိုကြောင့်ခြေဖဝါးအရိုးများနာကျင်မှု၏လက္ခဏာများပေါ်လာပြီး ခြေဖဝါးအရိုးများကိုဖိအားပေးသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခြေဖဝါးအရိုးများနာကျင်မှုဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

လှုပ်ရှားမှုပြင်းသောအားကစားများ (ပြေးခြင်းခုန်ခြင်းပါသော)တွင်ပါဝင်ခြင်း

ဒေါက်မြင့်စီးခြင်း မတော်သောရှုးဖိနပ်များစီးခြင်း

အဝလွန်ခြင်း

အခြားသောခြေထောက်ပြသာနာများ။ ထူကဲ့သို့သောခြေခြောင်းများ အသားမာတတ်ခြင်းတို့ပါဝင်နိုင်သည်။

အဆစ်များယောင်ခြင်း ဥပမာ ရူမတွုက်အဆစ်ယောင်ခြင်း သို့မဟုတ် လေးဖက်နာ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ကို ဘယ်လိုအတည်ပြုပါသလဲ

ခြေဖဝါးအရိုးများနာကျင်မှုဟု သံသယဖြစ်ပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများနှင့်အခြာသောစစ်ဆေးမှုများကိုဆရာဝန်ညွန်ကြားချက်အတိုင်းလုပ်ရမည်။ ခြေထောက်ပြသာနာတော်တော်များများက တူသော လက္ခဏာပြတတ်သောကြောင့် ပုံစံမျိုးစုံပြောင်း၍ ဥပမာ ထိုင်ခြင်းထခြင်း လုပ်ခိုင်းပြီး နာသောနေရာအတိအကျကိုရှာလိမ့်မည်။ သင့်ဘဝနေထိုင်ပုံလှုပ်ရှားမှုတို့အကြောင်းမေးလိမ့်မည်။ ဓါတ်မှန်ရိုက်၍ ဖိအားကြောင့်ကျိုးခြင်း သို့မဟုတ် အခြားခြေဖဝါးပြသာနာမဟုတ်သည်ကိုဖယ်လိမ့်မည်။

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ကို ဘယ်လိုကုသပါသလဲ

စောင့်ကြည့်ခြင်း ဥပမာ အနားယူခြင်း ဖိနပ်ပြောင်းခြင်း၊ ခြေဖဝါးအခံခံခြင်း တို့ကလက္ခဏာကိုသက်သာစေသည်။

သို့သော် ရှားသောကိစ္စများတွင် ထိုသို့စောင့်ကြည့်ခြင်းနှင့်မသက်သာပါက သင့်ခြေဖဝါးအရိုးနာခြင်းသည် အခြားခြေထောက်ရောဂါများ ဥပမာ တူကဲ့သို့သောခြေချောင်းများရှိနေပါက ခွဲစိတ်မှုလုပ်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေဖဝါးအရိုးများနာကျင်မှုကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့ ို ခြေဖဝါးအရိုးများနာကျင်မှုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ပုံမှန်ဖိနပ်များဝတ်ဆင်ခြငး

ဒေါက်မြင့် နှင့် အရမ်းကျပ်သောဖိနပ်များဝတ်ဆင်ခြင်းရှောင်ပါ။ ဖိနပ်သည် ထောက်ပံ့နိုင်ရမည် ခံနိုင်ရည်ရှိရမည်။ ခြေချောင်းနေရာကျယ်ပါကပိုကောင်းသည်။

ခြေဖဝါး အကွေးထောက်ပံ့မှုများ

အနာသက်သာစေသည်။

ခန္ဓါကိုယ်အလေးချိန်

ပိန်သောသူများတွင် ခြေဖဝါးအရိုးနာခြင်းဖြစ်တာနည်းသည်။ ကျန်းမာသော ခန္ဓါကိုယ်အလေးချိန်ဖြစ်အောင်ထိန်းပါ။

ပြန်ကောင်းရန်အချိန်လုံလောက်စွာပေးပါ။

ထိခိုက်ပြီးပြန်ကောင်းလာပါက ပြင်းထန်သောလေ့ကျင့်ခန်းလုပ်မည်ဆိုက ဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Nadi မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement