· တခါတရံ သင့်လက်ကို ခေါင်းပေါ်တင်ထားရင် နာကျင်မှု လျော့နည်းသက်သာသွားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောပေါ်ဖိထားတဲ့ ဖိအားလျော့သွားလို့ ဖြစ်ပါတယ်။
အထက်ပါ ရောဂါလက္ခဏာတွေဟာ ခန္ဓါကိုယ်တခြမ်းတည်းမှာပဲ ခံစားရလေ့ရှိပါတယ်။
ဘယ်လိုလည်ပင်းပြဿနာမျိုးက ပုခုံးနာကျင်ခြင်းကို ဖြစ်စေနိုင်သလဲ။
“လည်ပင်းအာရုံကြောညပ်ခြင်း” ဟာ ကျောရိုးထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ကျောရိုးဆစ်ခွေ ယိုယွင်းပျက်စီးခြင်း
အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်ခွေဟာ ရေဓါတ်ဆုံးရှုံးလာရပါတယ်။ ဒါပေမယ့် ဒီလိုရေဓါတ်ဆုံးရှုံးခြင်းဟာ အလျင်အမြန်ဖြစ်ပေါ်နေရင်တော့ ဒါဟာ ပုံမှန်မဟုတ်တော့ပါဘူး၊ ရောဂါဖြစ်ပါတယ်။
အဆစ်ခွေလေးတွေဟာ တဖြည်းဖြည်းနဲ့ ပါးလာပြီးတော့ ကျောရိုးဆစ်တွေအကြားမှာ အခုအခံလုပ်ပေးထားနိုင်စွမ်း နည်းပါးလာပါတော့တယ်။ နောက်ဆက်တွဲအနေနဲ့ ကျောရိုးဆစ်တွေဟာ တခုနဲ့တခု ပွတ်တိုက်ပြီး အနီးအနားက အာရုံကြောတွေကို ထိခိုက်စေပါတယ်။
ထိခိုက်ယိုယွင်းနေတဲ့ ကျောရိုးဆစ်ခွေကို အစားထိုးဖို့အတွက် တခါတရံမှာ သင့်ခန္ဓါကိုယ်က အရိုးအတက်လေးတွေကို ထုတ်ပေးတဲ့အခါ အဆိုပါ အရိုးအတက်လေးတွေက အာရုံကြောတွေကို ထိခိုက်ရောင်ရမ်းစေပါတော့တယ်။
ကျောရိုးဆစ်ခွေကျွံခြင်း
ကျောရိုးဆစ်ခွေဟာ ဂျယ်လီဒိုးနပ်လိုပါပဲ၊အတွင်းက ပျော့ပြီး အပြင်က မာပါတယ်။ အပြင်လွှာမှာရှိတဲ့ ကွဲရာ၊အက်ရာတွေကတဆင့် အတွင်းဂျဲလ်သားလေး ထွက်လာတဲ့အခါ အနားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး အဆိုပါ အာရုံကြောက အထောက်အပံ့ပေးတဲ့ နေရာတွေမှာ နာကျင်ခြင်း၊ထုံကျဉ်ခြင်း ဒါမှမဟုတ် အားနည်းပျော့ခွေခြင်းတို့ကို ခံစားရလာနိုင်ပါတယ်။ လည်ပင်း လိမ်ခြင်း၊ကွေးခြင်း အစရှိတဲ့ လှုပ်ရှားမှုတွေကြောင့် ကျောရိုးဆစ်ခွေ ကျွံနိုင်ပါတယ်။
လည်ပင်းကျီးပေါင်းတက်ခြင်း
ကျောရိုးဆစ်ခွေ ဒါမှမဟုတ် လည်ပင်းရိုးတွေ ယိုယွင်းလာတဲ့အခါ၊ပျက်စီးလာတဲ့အခါ လည်ပင်းမှာ နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင် အာရုံကြောတွေကိုလည်း ဖိထားနိုင်ပါသေးတယ်။ နောက်ဆက်တွဲအဖြစ် နာကျင်ခြင်း၊အားနည်းခြင်းနဲ့ ထုံကျဉ်ခြင်းတွေဟာ အာရုံကြောတလျှောက် ပျံ့နှံ့ကာ ပုခုံးနဲ့ လက်မောင်းတွေအထိ ရောက်ရှိသွားနိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ဆေးကုသမှု ခံယူရမလဲ။
ရောဂါလက္ခဏာတွေ ဆိုးရွားလာတာကြောင့် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်လာရင် (ဥပမာ လှုပ်ရှားရ အဆင်မပြေခြင်း) ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါပြီ။
ဘာလို့လဲဆိုတော့ လည်ပင်းအာရုံကြောညပ်ခြင်းဟာ မကုသဘဲထားရင် အခြေအနေပိုဆိုးလာပြီး အာရုံကြောကို လုံးဝပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေကို ပြန်လည်မရရှိနိုင်တော့ပါဘူး။
အားနည်းခြင်း၊ထုံခြင်း၊ကျဉ်ခြင်း ဒါမှမဟုတ် နာကျင်မှုဝေဒနာ တနေရာမှ တနေရာသို့ ပျံ့နှံ့ခြင်း စတဲ့ လက္ခဏာတွေကို ပေါ့ပေါ့သဘောမထားဘဲ ဂရုတစိုက် ကုသရပါမယ်။
ပုခုံးမှာဖြစ်တဲ့ ပြဿနာတွေကြောင့်တင်မဟုတ်ဘဲ လည်ပင်းမှာဖြစ်ပေါ်တဲ့ ပြဿနာတွေကြောင့်လည်း ပုခုံးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။
လည်ပင်းအာရုံကြောညပ်ခြင်းကြောင့် ပုခုံးနာကျင်မှုဝေဒနာကို ခံစားရရင် သင့်အနေနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။ ဒါမှသာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။