မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ခြေကျင်းဝတ်ကျိုးတယ်ဆိုတာ ခြေချင်းဝတ် အဆစ်ဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အရိုးများ ကျိုးတာပါ။
ခြေချင်းဝတ်ကျိုးခြင်းမှာ အရိုးတစ်ချောင်းတည်း ရိုးရိုးကျိုးတာ ဖြစ်နိုင်ပြီး လမ်းလျောက်နိုင်ပါလိမ့်မယ်။ တစ်ချို့ဆိုးဆိုးဝါးဝါး အခြေအနေတွေမှာတော့ ခြေကျင်းဝတ် အဆစ်ဟာ ပုံစံပျက်သွားပြီး ပြန်ကောင်းစေဖို့ လအနည်းငယ်လောက် မလှုပ်ရှားပဲ နေဖို့ လိုပါတယ်။
ခြေကျင်းဝတ်ကျိုးခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်တာကြောင့် တော်တော်တော့ အတွေ့များပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀၊၄၀ အတွင်းမှာ ဖြစ်ပွားတဲ့ လူဦးရေဟာ တိုးပွားလာတာကို ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။ လူကြီးတွေမှာ ဖြစ်မယ်ဆိုရင်တော့ အနာဂတ်မှာ အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ယင်းအခြေအနေဖြစ်နိုင်ခြေကို ရှောင်သင့်သည်များရှောင် ဆောင်သင့်သည်များကိုဆောင်ပြီး လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ အထက်ပါလက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။
အောက်ပါတို့ ခံစားနေရပါက ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။
ခြေချင်းဝတ်ကျိုးခြင်းကို အောက်ပါတို့က ဖြစ်စေပါတယ်။
အရိုးကျိုးနိုင်ခြေကို မြင့်မားစေတဲ့ အရာများစွာရှိပါတယ်။ အထူးသဖြင့် အရိုးကျိုးဖူးသော ဒါမှမဟုတ် ပြင်းထန်သော အားကစားများ ပြုလုပ်နေသော အားကစားသမားများတွင် ကျိုးနိုင်ခြေ မြင့်မားပါတယ်။ ပတ်ဝန်းကျင်ကြောင့်လည်း အရိုးကျိုးနိုင်ပါသေးတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က ရောဂါလက္ခဏာ၊ ကျိုးရတဲ့ အကြောင်းအရင်းတွေ၊ ကျန်းမာရေးအခြေအနေတွေကို ပထမဆုံးမေးပါလိမ့်မယ်။ ပြီးနောက်မှာတော့ ခြေချင်းဝတ်နဲ့ ခြေထောက်တစ်ခုလုံးကို ဂရုတစိုက် စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။
အရိုးကျိုးလား မကျိုးဘူးလားဆိုတာကိုတော့ တော်တော်များများက X-rays ဓါတ်မှန် ရိုက်ပြီး စစ်ဆေးပါလိမ့်မယ်။ ခြေချင်းဝတ်နဲ့ ခြေထောက်တစ်ခုလုံးကို X-rays ရိုက်ပြီး ဘာတွေထိခိုက်သွားလည်း ကြည့်မှာပါ။
ဖိအားပေးစစ်ဆေးခြင်း။ ခြေချင်းဝတ်ကျိုးတဲ့ အမျိုးအစားအပေါ်မူတည်ပြီး ယင်းအပေါ်မှာ ဖိအားပေးကာ တစ်မူထူးခြားတဲ့ X-rays ရိုက်နိုင်ပါတယ်။ ထိုစစ်ဆေးချက်ကတော့ ခွဲစိတ်မှုလိုလား မလိုဘူးလားဆိုတာကို ကြည့်တာပါ။
ကွန်ပျူတာဓါတ်မှန် (CT) ရိုက်ခြင်း။ စီတီရိုက်တာက ခြေချင်းဝတ်ရဲ့ ဖြတ်ပိုင်းပုံကို ပြပေးပါတယ်။ ယင်းစစ်ဆေးချက်ကနေပြီးသော သင့်အရိုးအခြေအနေကို ကြည့်မှာပါ။ အထူးသဖြင့် ကျိုးတဲ့ အထဲမှာ အဆစ်ပါသွားမယ်ဆိုရင် ပိုအသုံးဝင်ပါတယ်။
သံလိုက်ဓါတ်မှန်ရိုက်ခြင်း ( MRI scan)။ ယင်းစစ်ဆေးချက်ကတော့ အရိုးနဲ့ တစ်ရှုးတို့ရဲ့ အခြေအနေကို ပိုမို အသေးစိတ် သိရှိစေပါလိမ့်မယ်။ အချို့ ခြေချင်းဝတ်ကျိုးခြင်းများတွင် MRI scan အား အရွတ်ရဲ့ အခြေအနေကို ကြည့်ရန်အတွက် အသုံးပြုပါတယ်။
ရှေးဦးသူနာပြုနည်းလမ်းတွေက ဆေးရုံမရောက်ခင် ကျိုးသွားတဲ့ အရိုးကို တည်ငြိမ်အောင် ထိန်းထားပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တွေပါ။ ထပ်တိုးရောဂါများ ဖြစ်နိုင်ခြေကို မှန်ကန်တဲ့ ရှေးဦးသူနာပြု နည်းလမ်းတွေက လျော့နည်းစေနိုင်ပါတယ်။ ယင်းနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဆေးရုံမှာတော့ ခွဲစိတ်ရမလား ကျောက်ပတ်တီးစီးရမလားဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။
ခြေချင်းဝတ်ကို ၆ပတ်လောက် ကျောက်ပတ်တီး ဒါမှမဟုတ် ကျပ်စည်းထားဖို့ လိုအပ်ပါတယ်။ ထိုအချိန်မှာတော့ ခြေချင်းဝတ်အပေါ်မှာ အလေးချိန်တွေ မသက်ရောက်ရပါဘူး။ ရက်သတ္တပတ်အနည်းငယ်ကြာရင်တော့ ဆရာဝန်က သင့်ခြေချင်းဝတ် ပြန်လည်ကောင်းမွန်စေဖို့ ဘာတွေ လုပ်ရမလဲဆိုတာ ပြောပြပါလိမ့်မယ်။ ပိုမိုပေါ့ပါးတဲ့ ကျောက်ပတ်တီးဖြင့် အစားထိုးပေးနိုင်သလို အထူးပြုလုပ်ထားသော ဖြုတ်နိုင်၊ တပ်နိုင် ဖိနပ်အလိုအရာမျိုးနဲ့လည်း အစားထိုးပေးနိုင်ပါတယ်။
ဆိုးဆိုးဝါးဝါးကျိုးသွားမယ်ဆိုရင်တော့ အရေပြားများကို ခွဲစိတ်ဖြတ်တောက်ပြီး အရိုးကို နေရာမှန်ပြန်ထားပေးဖို့ လိုအပ်ပါတယ်။ သံပြားများ၊ ဝက်အူများ၊ ဝိုင်ယာကြိုးများကို ပေါင်းစည်းပြီး အရိုးများကို ထိန်းထားကာ ဒဏ်ရာကို ပြန်ချုပ်ပါလိမ့်မယ်။ ပုံမှန်မှာတော့ ယင်းသံပစ္စည်းတွေက ပြဿနာမဖြစ်စေဘူးဆိုရင် မထုတ်ပဲ ဒီတိုင်းထားလိုက်ပါတယ်။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အရိုးကျိုးနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။
မေးစရာများရှိပါက ပိုမိုနားလည် ဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။