backup og meta

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကဘာလဲ။

အဆစ်နာကျင်စေခြင်းကိုဖြစ်စေတဲ့ ကူးစက်ပိုးဝင်ခြင်းကြေင့်ဖြစ်ပါတယ်။ ကူးစက်ပိုးက တခြားသင့်ခန`ဓါကိုယ်အစိတ်အပိုင်းတွေကနေ သွေးထဲကနေတစ်ဆင့် ကူးစက်ပိုးတွေဝင်လာခြင်းဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကနေလည်း တိုက်ရိုက်အဆစ်ထဲကိုဝင်နိုင်ပါယ်။

ကလေးတွေနဲ့လူကြီးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစပါတယ်။ ဒူးတွေမှာအများဆုံးဖြစ်တတ်ပြီး တင်ပဆုံရိုး၊ ပခုံးနဲ့အခြားအဆစ်တွေမှလည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ပိုးက အဆစ်အတွင်း အရိုးနုနဲ့အရိုးကို လျင်မြန်ပြင်းထန်စာ ပျက်စိးစေနိုင်တာကြောင့်ချက်ချင်းကုသမှုပေးဖို့လိုပါတယ်။ ကုသမှုက အဆစ်ထဲကအရည်တွေကိုအပ်နဲ့စုပ်ထုတ်ခြင်း ခွဲစိတ်ပြီးဖယ်ထုတ်ခြင်းေတွေဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေက ကူးစက်ပိုးကိုကုသဖို့အတွက်လိုအပါတယ်။

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းက ကူးစက်ခံရတဲ့အဆစ်မှာ အလွန်အမင်းမသက်မသာဖြစ်စေပြီး လှုပ်ရှားမှုအကွေးအဆန့်ကိုခက်စေပါတယ်။ အဆစ်က ရောငာ်လာတာနီလာတာပူလာတာမျိုးဖြစ်နိုင်ပြီး ဖျားတာလည်းဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

အဆစ်ပြင်းပြင်းထန်ထန် ရုတ်တရက်ထနာခြင်း။ ချက်ချင်းကုသမှုပေးခြင်းက အဆစ်ထိခိုက်ပျက်စီးမှုကို နည်းအောင်ကူညီပေးပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှိုပိုးကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ စတက်ဖိုင်လိုကော့ကပ်စ်အောရီယပ်စ်ဘတ်တီးရီးယားပိုးကြောင့်အများဆုံးဖြစ်တတ်ပါတယ်။ စတဖ်က ကျန်းမာတဲ့အရေပြားပေါ်မှာတောင် ပေါက်ဖွားနေနိုင်ပါတယ်။

အရေပြားကူးစက်ပိုးဝင်ခြင်း ဆိးလမ်းကြောင်းကူးစက်ပိုးဝင်ခြင်းစတဲ့ ကူးစက်ပိုးတွေက သွေးထဲကနေတစ်ဆင့် အဆစ်ဆီကိုပြန့်သါားတဲ့အခခါမှာဖြစ်ပါတယ်။ ထိုးမိထိခိုက်မိတဲ့ဒဏ်ရာ၊ ဆေးထိုးခြင်း၊ အဆစ်အတွင်း သို့အဆစ်နားတစ်ဝိုက်ခွဲစိတ်ကုသခြင်းတွေကနေ အဆစ်ထဲကိုပိုးဝြင်ခင်းလည်းဖြစ်နိုင်ပေမယ့် နည်းပါတယ်။ အဆစ်ပတ်ပတ်လည်အနားသတ်တွေက ကူးစက်ပိုးတွေကနေအဆစ်ကိုကာကွယ်ပေးပါတယ်။ ရောင်ရမ်းငြခ်းလိုမျိုး ကူးစက်ပိုးတွေကိုခန္ဓါကိုယ်တုံ့ပြန်မှုက အဆစ်အတွင်းသွေးစိးဆင်းမှုကိုနည်ေးစပြီး ဖိအားဖြစ်စေတြာကြောင့် ပျက်စီးထိခိုက်မှိုကုဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်-

အရင်းအဆစ်ပြဿနာရှိနေခြင်း- အရိုးအဆစ်မြစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ လူပတ်စတဲ့ အဆစ်ကိုသက်ရောက်တဲ့နာတာရျည်ရောဂါတွေက ဒီရောဂါဖြစိနိုငချေကိုများစေပါတယ်။ အဆစ်တုထည့်ထားခြင်း၊ အဆစ်ခွဲစိတ်မှုပြုဖူးခြင်းနဲ့ အဆစ်ထိခိုက်မိခြင်းကတွေလည်း ဖြစ်နိုငချေများစေပါတယ်။

အဆစ်အမြစ်ရောင်ရောဂါအတွက်ဆေးမှီဝဲနေရခြင်း– အဆစ်အမြစ်ရောင်လူနာတွေမှာ ခုခံအားကိုဖိနှိပ်ထားတဲ့ဆေးတွေမှီဝဲနေရတာကြောင့် ကူးစကိပိုးဝင်လွယ်စေပြိး ဖြစ်နိုငချေပိုများပါတယ်။ အဆစ်အမြစ်ရောင်လူနူာတွေမျာ ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းကို ရောဂါရှာအတည်ပြုဖိခက်တတ်ပါတယ်။ လက္ခဏာတွေက တူနေတာကြောင့် ဖြစ်ပါတယ်။

အရေပြားပေါက်ပြဲခြင်း– အရေပြားကအလွယ်တကူပေါက်ပြဲနိုင်ပြီး အနာကျက်မကောင်ခြင်းက ဘတ်တီးရီးယားတွေခန္ဓါကိုယ်တွင်းဝင်ရောက်ခြင်းကို အားပေးပါတယ်။ ပွေးနဲ့နှင်းခူလိုမျိုး အရေပြားရောဂါတွေက အရေပြားကူးစက်ပိုးဝင်နေတဲ့ဒဏ်ရာလိုပဲ ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းဖြစ်နိုငချေကို များစေပါတယ်။

ခုခံအားကျဆင်းနေခြင်း– ခုခံအားနည်းတဲ့လူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ဆီးချိုရောဂါသည်တွေ၊ ကျောက်ကပ်နဲ့အသည်းမကောင်းသူတွေ၊ ခုခံအားကိုဖိနှိပ်ထားတဲ့ဆေးတွေမှီဝဲနေရသူတွေ ဖြစ်ပါတယ်။

အဆစ်ကိုထိခိုက်မိခြင်း– အဆစ်အပေါ်မှာ တိရိစ္ဆာန်ကိုက်မိခြင်း၊ သစ်သားနဲပထိုးမိခြင်း၊ ရှမိခြင်းတေါက ဖြစ်နိုင်ချေကိုပိုများစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစမ်းသပ်စစ်ဆေးခြင်းနည်းတွေက ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းကို ရောဂါအဖြေရှာအတည်ပြုရာမှာ ကူညီပေးနိုင်ပါတယ်။

အဆစ်အတွင်းအရည်များကို ခွဲခြမ်းစိတ်ဖြာခြင်း-ကူးစက်ပိုးက အဆစ်အတွင်းရှိအရည်တွေကို အရောင်၊ သိပ်သည်းမှု၊ ပမာဏတွေကို ပြောင်းလဲစေပါတယ်။ အရည်နမူနာယူခြင်းက အပ်နဲ့ကူးစက်ခံရတဲ့အဆစ်ထဲက ဖောက်ထုတ်ရာမှြာဖ်စပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်စစ်ဆေးနည်းတွေက ကူးစက်ပိုးကိုဖြစ်စေတဲ့အကေင်ကိုသိစေနိုင်တာကြောင့် ဆရာဝန်ကဘာဆေးပေးရမယ်ဆိုတာကို သိစေပါတယ်။

သွေးစစ်ခြင်း- သွေးထဲမှာကူးစက်ခြင်းလက္ခဏာတွေရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။ သွေးနမူနာကို အပ်နဲ့သေါးပြန်ကြာထဲကနေ ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။

ပုံရိပ်ဖော်စစ်ဆေးနည်းများ– အိက်စ်ရေးနဲ့အခြားပုံရိမ်ဖော်စစ်ဆေးခြ်ငးတေါက အဆစ်ပျက်စိးခြင်းရှိမရျိ သိနိုင်ပါတယ်။

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကူးစက်ပိုးဝင်နေတဲ့အဆစ်အရည်တွေကို ဖယ်ထုတ်ပစ်ခြင်းက အဓိကကျပါတယ်။

အပ်-အချို့အခြေအနေတွေမှာ ဆရာဝန်က အဆစထေဲကိုအပ်ထိုးထည့်ပြီးအ ရည်ကိုစုပ်ထုတ်ပါလိမ့်ယ။။

မှန်ပြောင်းကြည့်ခြင်း– ထိပ်မှာကင်မရာတပ်ထားတဲ့ပျော့ပြောင်းတဲ့ပိုက်ပြွန်ကို အပေါက်သေးသေးကနေတစ်ဆင့် အဆစ်ထဲကိုထိုးထည့်ခြင်းဖြစ်ပါတယ်။ အဆစ်ပတ်လည်မှာ အဆပါက်သေးသေးလေးတွေဖောက်ပြီး စုပ်ထုတ်မယ့်ပိုက်တွေထည့်လိုက်ပါတယ် ။

ခွဲစိတ်ကုသခြင်း– တင်ပါးရိုးလိုမျိုူးါ် အချို့အဆစ်တွေက အပ်သို့ မှန်ပြောင်းကနေတစ်ဆေင့် စုပ်ထုတ်ဖို့ခက်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသဖို့လိုနိုင်ပါတယ်။

ပိုးသတ်ဆေးများ

အထိရောက်ဆေးကို ရွေးချယ်ဖို့ဆိုရင် ဆရာဝန်ကု ကူးစက်ပိုးအကောင်ကို ခွဲခြားသိနိုင်ရပါမယ်။ ပိုးသတ်ဆေးတွေ ပထမဦးဆုံး လက်မောင်းသွေးပြန်ကြောကနေ ထိုးပေးရပါတယ်။ နောက်ပိုင်းမှာ သောက်ဆေးတွေကိုပြောင်းလဲသောက်နိုင်ပါတယ်။

အများအားဖြင့် ကုသမှုက နှစ်ပတ်ကနေခြောက်ပတ်ကြာတတ်ပါတယ်။ ပိုးသတ်ဆေးတွေက မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးအန္တရာယ်များပါတယ်။ ဓါတ်မတည့်တာမျိုးတွေလည်း ဖြစ်နိုင်ါပတယ်။ ဆေးကနေဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးရနိုင်တာယ်ဆိုရတာကိုသင့်ဆရာဝန်ကိုမေးမြန်းပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကူးစက်ပိုးဝင် အဆစ်ရောင်ခြင်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကိုကျစေပြီး အဆစ်အမြစ်ရောင်နာကျင်ခြင်းကနဲ့တောင့်တင်းခြင်းကို သက်သာစေပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်အောင်စားခြင်း– အဆီနည်းနည်း၊ ကယ်လိုရီနည်းနည်းစားခြင်း။ အစာကိုစနစ်တကျစားခြင်း၊ သရေစာများကိုလျှေြာ့ခင်း၊ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားခြင်း

ဗီတာမင်စီဖြည့်စွက်ခြင်း– လေ့လာမှုတွေအရ ဗီတာမင်စီက ခန္ဓါကိုယ်မှာရေင်ရမ်းခြင်းတွေအတွက် အကူအညီပေးပါတယ်။ လိမ္မော်သီးတစ်လုံး ဒါမှမဟုတ် စပျစ်ဖျော်ရည်တစ်ဖန်ခွက်ကို နေ့တိုင်းမှီဝဲပါ။

ကိုယ်အလေးချိန်ကိုထိန်းထားခြင်း- ကိုယ်အလေးချိန်ပေါင်များခြင်းက အဆစ်ရေင်ခြငးနာကျင်ခြင်းကို ပိုဆိုးစေတာကြေင့် သင့်အတွက်အကျန်းမာဆုံးဖြစ်စေမယ့်ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးဆရာဝန်နဲ့ဆွေးနွေးပါ။ သင်ဦးတည်ထားတဲ့ကိုယ်အလေးချိန်ဂဏန်းပေါ်မှာအာရုံစူးစိုက်ထားပြီးလျှော့ချပါ။

အယ်ကိုဟောဖြတ်ခြင်း- နာကျင်ခြင်းကိုသက်သာစေဖို့ အရက်ကိုဆေးဖြစ်ဝါးဖြစ်အနေနဲ့ မမှီဝဲပါနဲ့။ ပြဿနာတွေပဲပိုဖြစ်စေနိုင်ပါတယ်။ ကယ်လိုရီများများစားပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

. Lifestyle Changes to Manage Arthritis Pain.

http://www.everydayhealth.com/arthritis/taking-control-of-arthritis.aspx. Accessed 13 Feb 2017
2. Septic Arthritis.

http://emedicine.medscape.com/article/236299-overview. Accessed 13 Feb 2017
3. Septic arthritis.

http://www.mayoclinic.org/diseases-conditions/bone-and-joint-infections/home/ovc-20166652. Accessed 13 Feb 2017
4. Septic Arthritis.

http://www.webmd.com/arthritis/septic-arthritis-symptoms-diagnosis-and-treatment#2-7. Accessed 13 Feb 2017

ယခုပုံစံ

05/07/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement