လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့အကျင့် မပျောက်သေးဘူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

လက်မ သို့မဟုတ် လက်ချောင်းလေးတွေ စုပ်တယ်ဆိုတာ ပုံမှန် အသက် မွေးကင်းစ နို့စို့တဲ့ ကလေးအရွယ်ကနေ ၅ နှစ်လောက်ထိ သူ့အလိုလို ဖြစ်တတ်တဲ့ အကျင့်ပါ။ ၅ နှစ်နောက်ပိုင်း ကျောင်းစတက်တဲ့အခါ ဒီအကျင့်က ပျောက်သွားတတ်သလို မပျောက်ဘဲ ကြီးတဲ့အထိ လက်မစုပ်နေတတ်တဲ့ သူတွေလည်း ရှိပါတယ်။

လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့ အကျင့်က ဘာလို့ မပျောက်သွားတာလဲ။

လက်မစုပ်ရတဲ့ အကြောင်းရင်းကို အခုချိန်ထိ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးပေမဲ့ လူကြီးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စိုးရိမ်ပူပန်ခြင်း လျော့ကျစေပြီး စိတ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးအရွယ်မှာ များသောအားဖြင့် အကြောင်းရင်းမရှိဘဲ ပါးစပ်ထဲ လက်မထည့် စုပ်နေတတ်ပြီး နို့ဆာတဲ့ အခါမျိုး၊ ကိုယ့်ဦးနှောက် အသိဉာဏ်ထဲမှာ ရင်းနှီးနေတဲ့ မေမေ ဖေဖေတွေရဲ့ မျက်နှာ၊ အသံကို ကြားတဲ့အခါမှာလည်း ချစ်စဖွယ် ဖြစ်အောင် လုပ်ပြတာ ဖြစ်ပါတယ်။

ကလေးဘဝမှာ စိတ်ဒဏ်ရာ ရခဲ့ဖူးတဲ့ သူတွေ ကြီးပြင်းလာတဲ့အခါ ငယ်ငယ်တုန်းက လုပ်ခဲ့ဖူးတဲ့ လက်မစုပ်တဲ့ အမူအကျင့်က စွဲကပ်ပြီး ပါလာတတ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ထိန်းမရအောင် လှုပ်ရှားနေတဲ့ စိတ်ကို ငြိမ်စေတယ်။ တချို့တွေမှာကျတော့လည်း စိတ်ကျန်းမာရေး ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပျင်းရင်း လက်ကို ပါးစပ်ထဲထည့်ပြီး စုပ်နေတတ်တယ်။ Trichotillomania လို့ ခေါ်တဲ့ ဦးရေပြား၊ မျက်ခုံးမွေး သို့မဟုတ် ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ အမွေးအမျှင်တွေကို လက်နဲ့ ဆောင့်ဆွဲပြီး နှုတ်ချင်တဲ့ စိတ် ထိန်းမနိုင် သိမ်းမရဖြစ်ခြင်း စိတ်ဝေဒနာ ရှိသူတွေမှာလည်း လက်မစုပ်တတ်တဲ့ အကျင့်ကို တွေ့ရပါတယ်။

လက်မ စုပ်ခြင်းကြောင့် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။

ကလေးအရွယ်မှာ သွားတွေက နုနယ်သေးတဲ့အတွက် ပြဿနာ ကြီးကြီးမားမား မရှိနိုင်တဲ့ တိုင်အောင် လက်သည်းကြားမှာ ရှိတဲ့ ရောဂါပိုးတွေ ဗိုက်ထဲ ဝင်သွားပြီး အစာအိမ်နဲ့ ဝမ်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေသာမက ခံတွင်းနဲ့ သွားဘက်ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဘယ်လို ရောဂါတွေနဲ့ ကျန်းမာရေး ပြဿနာတွေလဲဆိုရင်

၁။ သွားမညီခြင်း (Misaligned Teeth)

မကြာခဏ လက်မကို အာရုံစိုက်ပြီး စုပ်နေတဲ့အချိန်မှာ ပါးစောင်မှာ ရှိနေတဲ့ ကြွက်သားတွေက ပျော့ခွေလာပြီး သူနဲ့ ဆက်စပ်နေတဲ့ မေးရိုး အနေအထားကို ပြောင်းလဲစေကာ သွားတွေကို မညီမညာ ဖြစ်စေတာ၊ သွားတွေ အရှေ့ဘက်ကို ခေါထွက်လာတာ၊ သို့မဟုတ် အနောက်ဘက်ကို စောင်းလာတာ၊ မေးရိုး အနေအထား ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ အာခေါင်က ထိခိုက်ပွန်းပဲ့ရန် လွယ်ကူလာတာ

လက်မစုပ်ခြင်းဟာ ပါးစပ်ထဲမှာ ရှိတဲ့ အာခေါင်ကို ချိုင့်သွားစေပြီး ခွက်ဝင်သွားစေတယ်။ ထိခိုက်ပွန်းပဲ့လွယ်လာသလို အအေးဒဏ်၊ အပူဒဏ် အစရှိတဲ့ ခံစားသိနိုင်မှု ပိုများလာပါတယ်။

၃။ ခံတွင်းရောဂါ ဖြစ်ခြင်း

ဘယ်သူကမှတော့ အချိန်ပြည့် လက်ကို ဆေးနိုင်မှာ မဟုတ်ပါဘူး။ လက်ဆိုတာ အရာဝတ္ထု ပေါင်းစုံကို လက်နဲ့ ကိုင်တွယ်နေရတာ၊ အပြင်က ဖုန်တွေ၊ သဲတွေ ကပ်ငြိနေတာကြောင့် ရောဂါပိုး ပေါင်းစုံက ရှိနေပြီးသားပါ။ အဲ့လို မသန့်ရှင်းတဲ့ လက်ကို ပါးစပ်ထဲ ထည့်လိုက်ပြီ ဆိုတာနဲ့ ရောဂါပိုးတွေက သွား၊ သွားဖုံး၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အာသီးတွေမှာ သွားကပ်ငြိပြီး ပိုးဝင်စေကာ ရောဂါ ဖြစ်စေနိုင်ပါတယ်။

၄။ လက်မကို ရှည်မျောမျော ဖြစ်လာစေတာ

ရေရှည် စုပ်ခံနေရတဲ့ လက်မဟာ အချိန်ကြာလာတာနဲ့ လက်မ ပုံသဏ္ဍာန် ပျက်ယွင်းပြီး အရေပြား ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ လက်မက ရှည်မျောမျော ဖြစ်လာခြင်း၊ ပိုးဝင်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၅။ ဘာသာစကား ပြောဆိုရာမှာ အခက်အခဲ ဖြစ်ခြင်း

နောက်ဆက်တွဲ ဖြစ်တဲ့ ပြဿနာတွေထဲမှာ ဘာသာစကား ပြောဆိုရာတွင် အခက်အခဲ ဖြစ်ခြင်း၊ စကား မပီတော့ခြင်း၊ အသံထွက်ကို ကွဲကွဲပြားပြား မပြောနိုင်တာတွေလည်း ပါဝင်ပါတယ်။

ဘယ်လို သက်သာအောင် လုပ်မလဲ။

အဓိက စိတ်မငြိမ်တဲ့ သူတွေမှာ အတွေ့များတဲ့ အမူအကျင့် ဖြစ်တာကြောင့် ကိုယ့်ရဲ့ စိတ်ကို အရင်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်။ အဓိက အားဖြင့်

• တရားထိုင်ခြင်း
• လေ့ကျင့်ခန်းလုပ်ခြင်း
• အသက်ရှူလေ့ကျင့်ခန်းများ
ယောဂကျင့်စဉ်များ စတဲ့ နည်းလမ်းတွေကို လုပ်ပေးလို့ ရပါတယ်။

နောက်ထပ် နည်းလမ်းတွေ အနေနဲ့ လက်မကို အစွပ် တစ်ခုခုနဲ့ စွပ်ပေးထားခြင်း၊ သို့မဟုတ် လက်အိတ် ဝတ်ထားတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ မိမိကိုယ်ကိုယ် ဘယ်လိုမှ ထိန်းချုပ်အောင် ဆိုးရွားနေတယ်လို့ ယူဆရင်တော့ စိတ်ရောဂါ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး အမူအကျင့်နဲ့ စိတ်ကုထုံး ကျင့်စဉ်တွေကို လေ့ကျင့်လုပ်လို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

အသံ တွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read