Wisdom Teeth (အံဆုံးသွား)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Wisdom Teeth (အံဆုံးသွား) ကဘာလဲ။

အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။

အံဆုံးသွားတွေရဲ့အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ။် ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကိုထွက်နေခြင်း ၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံေ ကြာ (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။

Wisdom Teeth (အံဆုံးသွား) က ဘယ်လောက်အဖြစ်များသလဲ။

အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။ အံဆုံးသွားပေါက်ခြင်းကြောင့် ရလာနိုင်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

လက္ခဏာများ

Wisdom Teeth (အံဆုံးသွား) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အတွေ့ရများတဲ့လက္ခဏာတွေကတော့

  • အံဆုံး သွားဖုံးကို ပေါက်မထွက်နိုင်ခြင်းကြောင့် မေးရိုးနာခြင်း၊ တောင့်ခြင်း
  • သွားကိုထိမိလျှင် (သို့) သွားတိုက်စဉ်နာခြင်း
  • သွားဖုံးထဲတွင်မြုပ်နေတဲ့ သွားရဲ့အပေါ်သွားဖုံးသားပိုးဝင်ခြင်း ကြောင့် နာခြင်း
  • သွားနေရာလွတ်မရြှိခင်း
  • သွားသန့်ရှင်းဖို့ နေရာလွတ်မရှိခြင်းကြောင့် ခံတွင်းမသန့်ရှင်းမှုကနေ သွားပျက်စီးခြင်း (သို့)သွားဖုံးရောဂါ

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အံဆုံးပေါက်ခြင်းဆိုင်ရာပြဿနာတွေ ဘာကြောင့်ဖြစ်တာလဲ။

အံဆုံးသွားနေရာမှန်မှာသာ ပေါက်ခဲ့မယ်ဆိုရင် ပြဿနာဖြစ်စရာမရှိပါဘူး၊ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • အံဆုံးသွားရဲ့အပေါ်မှာ သွားဖုံးသားထပ်ပေါက်နေတဲ့အတွက် ကြောင့် အစာတွေညှပ်နေခြင်း နဲ့ ပိုးဝင်ခြင်း
  • အံဆုံးသွား ရွှဲ့စောင်းပြီးပေါက်လာခြင်း
  • မေးရိုးကျဉ်းတဲ့အတွက်ကြောင့် အံဆုံးသွား သွားဖုံးကို ဖောက်မထွက်နိုင်ခြင်း
  • ခံတွင်းနောက်စွန်းရှိသွားများ သန့်ရှင်းဖို့အခက်အခဲရှိခြင်း
  • သွားဖုံးထဲမှာမြုပ်နေတဲ့သွားမှာ အရည်အိတ်တည်ခြင်း သွားနဲ့ သွားခြေကိုထိခိုက်မိခြင်း

အကြောင်းရင်းများ

Wisdom Teeth (အံဆုံးသွား) ကိုဘာတွေကဖြစ်စေသလဲ။

အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Wisdom Teeth (အံဆုံးသွား) ကို ဘယ်လိုအတည်ပြုပါသလဲ။

သွားဆရာဝန်က အံဆုံးပေါက်ခြင်း လက္ခဏာရှိမရှိ (သို့) အခြားကပ်လျက်သွားတွေအပေါ် ထပ်နေခြင်းရှိမရှိ သင့်ရဲ့သွားဖုံးကိုစစ်ဆေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်းဖြင့် သွားတွေကြောင့်ဖြစ်နေတဲ့ လတ်တလောပြဿနာတွေနဲ့ ဖြစ်လာနိုင်တာတွေကို သိစေနိုင်ပါတယ်။

Wisdom Teeth (အံဆုံးသွား) ကို ဘယ်လိုကုသပါသလဲ။

အံဆုံးသွားမနှုတ်ခင်မှာ သွားဆရာဝန်အများစုက လုူနာကိုစိတ်သက်သာရာရစေဖို့ သီချင်းနားထောင်ခိုင်းခြင်း၊ ဗီဒီယိုတွေကြည့်ခိုင်းခြင်း စတဲ့ အမျိုးမျိုးသောနည်းလမ်းတွေကို အသုံးပြုလေ့ရှိပါတယ်။ သင့်အတွက်အားပေးနိုင်မယ့် သူငယ်ချင်း သို့ မိသားစုဝင်တစ်ယောက်ကိုလည်း ခေါ်လာနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း စိတ်ကူးယဉ်ခြင်းစတဲ့ စိတ်ပြေလျော့စေနိုင်မယ့်နည်းအချို့ကိုလည်း ပြောပြပါလိမ့်မယ်။ သင့်မှာစိုးရိမ်မှုတွေရှိနေမယ်ဆိုရင် ပိုပြီးကောင်းတဲ့ဆေးတွေ (သို့) စိတ်ငြိမ်စေမယ့်နည်းလမ်းတွေ တောင်းလို့ရနိုင်ပါတယ်။ အံဆုံးပေါက်မထွက်နိုင်တဲ့သွားတွေက နာကျင်မှုနဲ့ အခြားပြဿနာတွေပေးမယ်ဆိုရင် ခွဲစိတ်ပြီးဖယ်ထုတ်သင့်ပါတယ်။ အံဆုံးသွားနှုတ်သင့်တဲ့ အချက်တွေကတော့

  • သွားဖုံးပိုးဝင်ခြင်း (သို့) ရောဂါက အံဆုံးသွားကိုပါထိခိုက်နေပြီဆိုရင်
  • အနည်းငယ်ပေါက်နေတဲ့ အံဆုံးသွား ပျက်စီးနေမယ်ဆိုရင်
  • အံဆုံးသွားမှာ အရည်အိတ်တွေ အကျိတ်တွေဖြစ်နေခဲ့ရင်

သွားနှုတ်ခြင်းက အချိန်အကြာကြီးမလိုပါဘူး။ ပါဝင်တဲ့အချက်တွေကတော့

  • မေ့ဆေးပေးခြင်း (ခံတွင်းအာရုံခံစားမှုမရှိအောင် ထုံဆေး ပေးခြင်း၊ စိုးရိမ်ကြောင့်ကျမှုကို လျော့နည်းစေတဲ့ စိတ်ငြိမ်ဆေး၊ လုံးဝအသိကင်းအောင် မေ့ဆေးပေးခြင်း စသဖြင့်သုံးနိုင်ပါတယ်။)
  • သွားနှုတ်ခြင်း ( သင့်ရဲ့သွားဖုံးကိုခွဲပြီး သင့်ရဲ့မထွက်နိုင်တဲ့ သွားအပေါ် ပိတ်ဆို့ထားတဲ့ သွားအပိုင်းအစကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ ဒါပြီးရင်တော့ ချုပ်ရိုးသုံးပြီး ပြန်ပိတ်ပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အံဆုံသွားပေါက်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အံဆုံသွားပေါက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အံဆုံးသွားမထွက်နိုင်ခြင်း မဖြစ်အောင်ကာကွယ်လို့မရပါဘူး၊၊ အံဆုံးသွားကြီးထွားမှုအခြေအနေတွေကို သိနိုင်ဖို့ သွားဆရာဝန်နဲ့ ပုံမှန်စမ်းသပ်စစ်ဆေးခြင်းတွေ လုပ်နေတာ သင့်အတွက်ပိုလွယ်ကူပါတယ်။ ဓါတ်ရောင်ခြည်တွေနဲ့ရောဂါရှာခြင်းက သင့်ရဲ့သွားပြဿနာတွေကို ကုသရာမှာနဲ့ ထိန်းချုပ်ရာမှာအကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

သွားတိုက်တံ သွားတိုက်ဆေး သွားကျန်းမာရေး အစာအကြွင်းအကျန် ရေပူနဲ့ဆေး ပလုပ်ကျင်းဆေးရည် သွားထိန်းကိရိယာ hydrogen peroxide အိမ်သာနဲ့အဝေးမှာထား ပိုးမွှား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

သွားတိုက်ဆေး ခံတွင်းနံ့ဆိုး အလှအပ အသုံးဝင်ပုံ ခံတွင်းနံ့ အမဲစက် လက်ဖက်ရည်ဇွန်း သံပရိုရည် အသားဖြူစေတယ် ခရမ်းချဉ်သီး ပိုးကောင်ကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

ခံတွင်းနံ့ဆိုး အစားအစာတွေ စားစရာတွေ ရှီတာကီမှို ရေသောက်ပါ ခံတွင်းအနံ့ဆိုး အသီးအနှံတွေ ခရမ်းချဉ်သီး လျှာကို သန့်စင်ပေးပါ ဘက်တီးရီးယားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ပါးစပ် ခန္ဓာကိုယ် antibodies အစာခြေ အရသာခံ သွားဖုံး သွားပိုးစားတာ လက္ခဏာ ခံတွင်းခြောက် အင်ဇိုင်းတွေ ခံတွင်းအနံ့ဆိုး ဘက်တီးရီးယား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ကျန်းခံ့သာလို့ မာပါစ

ကျန်းခံ့သာလို့ မာပါစ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read