backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tooth Ache (သွားကိုက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tooth Ache (သွားကိုက်ခြင်း) ကဘာလဲ။

အဓိကအားဖြင့်ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက် ဝေဒနာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချက်ချင်းနာပြီးပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။

Tooth Ache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များတဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဘယ်အရွယ်မဆို ဖြစ်နိင်ပါတယ်။ ဖြစ်နိုင်တဲ့အကြာင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သိလိုသည်တို့ကို သင့်ရဲ့ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Tooth Ache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ယေဘုယျလက္ခဏာတွေကတော့

• ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့်ကိုက်ခြင်း၊ အစာစားသည့်အခါမှသာကိုက်ခြင်း

• သွားဖုံး၊ခံတွင်း၊ ပါးအနီးအနားတစ်ဝိုက် ရောင်နေခြင်း

• ဖျားခြင်း၊ ခေါင်းကိုက်ခြင်း

• ပျက်စီးနေတဲ့သွားကနေအရည်ပုပ်တွေထွက်လာခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

• တစ်ရက်နှစ်ရက်ကြာ ကိုက်နေခြင်း

• ဖျားနေခြင်း

• သည်းမခံနိုင်လောက်အောင် ကိုက်နေခြင်း

• ရောင်နေခြင်း၊ အစားစားချိန်မှာ အရည်ပုပ်တွေထွက်လာခြင်း

• အသက်ရှူရ၊ မြိုချရခက်နေခြင်း

• နားကိုက်ခြင်း၊ ပါးစပ်ကျယ်ကျယ်ဟတဲ့အခါနာနေခြင်း

အထက်ပါလက္ခဏာများရှိနေမယ်ဆိုရင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Tooth Ache (သွားကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကလေးတွေနဲ့ အရွယ်ရာက်ပြီးသူတွေမှာ သွားပျက်စီးနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သင်စားလိုက်တဲ့အစားထဲမှာပါတဲ့ သကြားနှင့် ကစီဓါတ်တွေဟာ သင့်သွားမှာဘက်တီးရီးယားတွေ ကပ်တွယ်နိုင်ဖို့ ကောင်းကောင်းပေါက်ဖွားနိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ သွားမှာ အခေါင်းပေါက်ဖြစ်သွားနိုင်ပါတယ်။ အချိုတွေ၊ အရမ်းပူတဲ့အစာနဲ့ အေးတဲ့အစာတွေစားတဲ့အခါမျိုးမှာ နာကျင်မှုကြောင့် သင့်သွားမကောင်းတော့တာကို

သတိထားမိနိုင်ပါတယ်။

သွားကိုက်စေတဲ့ တခြားအကြောင်းတွေကတော့

• သွားကြားထဲမှာ အစာနဲ့ အကြွင်းအကျန်တွေ ညှပ်နေခြင်း

• သွားဖုံးပိုးဝင်ခြင်း

• သွားကို ထိခိုက်မိခြင်း

• သွားကျိုးခြင်း

• သွားပဲ့သွားခြင်း

• သွားဖုံးထဲကို သွားကျွံဝင်သွားခြင်း

• နှာခေါင်းပေါက်နှင့် ဦးခေါင်းရိုးကို ဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် တွင်ပိုးဝင်ခြင်း

• သွားပြည်တည်နေခြင်း

• ပီကေဝါးခြင်းကဲ့သို့ သွားကိုထပ်ခါတလဲလဲ ကြိတ်ဝါးနေခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tooth Ache (သွားကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

• ခံတွင်းပျက်ခြင်း(သို့)အလွန်အမင်းစားခြင်း

• အချိုအစားများခြင်း

• အာခြောက်ခြင်း

• ခံတွင်းသန့်ရှင်းမှုမရှိခြင်း

• သွားပွတ်ကြိုးမသုံးခြင်း

• စားချဉ့်ပြန်ခြင်းကြောင့် သွားကြွေလွှာပျက်စီးခြင်း

• ဆေးလိပ်သောက်ခြင်း

• ကင်ဆာဆေးများသောက်နေရခြင်းနှင့် ကင်ဆာကုထုံးများကြောင့်ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tooth Ache (သွားကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုယ်ခနွ္ဓါပိုင်းဆိုင်ရာစမ်းသပ်မှုတွေ၊ ကျန်းမာရေးမှတ်တမ်းတွေက ကူညီနိုင်ပါလိမ့်မယ်။ ဘယ်တုန်းက စနာလဲ၊ ဘယ်လောက်ထိဆိုးလဲ၊ ဘယ်နားကနာလဲ ဘာတွေကြောင့် ပိုဆိုးပြီး၊ ဘာတွေကြောင့် ပိုသက်သာလာနိုင်လဲဆိုတာတွေကို ဆရာဝန်ကမေးပါလိမ့်မယ်။ ပြီးနောက် ခံတွင်း၊ သွား၊ သွားဖုံး၊ မေးရိုး၊ လျှာ၊ လည်ချောင်း၊ နား၊ နှာခေါင်း၊ လည်ပင်း စတာတွေကို စမ်းသပ်ပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ဖို့နဲ့ အခြားသောစမ်းသပ်မှုတွေလည်း လိုနိုင်ပါတယ်။

Tooth Ache (သွားကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိသွားတဲ့အခါမှာ ဆရာဝန်က သင့်လျော်တဲ့ ကုသမှုပေးပါလိမ့်မယ်။ သွားပိုးစားခြင်းကြောင့်ဆိုရင် သွားဖာပေးခြင်း(သို့)နှုတ်ပေးခြင်း ပြုလုပ်ပါလိမ့်မယ်။ သွားကိုထောက်ပံ့တဲ့ အာရုံကြောပိုးဝင်ခြင်းကြောင့်ဆိုရင်တော့ သွားအမြစ် ကုသခြင်းကိုပြုလုပ်ပေးပါလိမ့်မယ်။ ဖျားနေပြီး မေးရိုးတစ်ဝိုက်ရောင်နေပြီဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါလိမ့်မယ်။ သွားပေါက်ဖြစ်နေရင် သွားပေါက်အတွင်း

သေနေတဲ့တစ်ရှူးတွေကို ဖယ်ထုတ်ပြီး ဖြည့်စရာနဲ့ အစားထိုးရပါမယ်။

သွားကိုက်ခြင်းနဲ့အတူ နာခြင်း၊ ရောင်ခြင်းတွေဖြစ်လာမယ်ဆိုရင် အခြားကုသမှုတွေနဲ့တွဲပြီး လေဆာကုထုံးပေးရနိုင်ပါတယ်။ စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများပေးပြီး အနာသက်သာအောင် ကူညီပေးပါလိမ့်မယ်။

ကုသမှုတွေနဲ့ မသက်သာလာဘဲ အခြားသွားတွေနဲ့ မေးရိုးကိုပါ ထိခိုက်လာပြီဆိုရင်တော့ သွားနုတ်ပြီး ဖယ်ထုတ်ဖို့လိုပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement