အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်းရှိတာမဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံနဲ့ အငတ်ခံစရာမလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။

တစ်နေ့တာအတွင်း အစားစောစောစားခြင်းက ဆာလောင်မှုကို မဖြစ်စေတော့ဘဲ အဆီကျခြင်းကိုမြန်စေတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း လူတော်တော်များများက ညနေစာမစားတာ၊ diet plan အတိုင်းစားသောက်တာတို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။

Intermittent fasting ဆိုတာ အစာစားချိန်နဲ့ အစာမရှိချိန်အပိုင်းအခြား အမျိုးမျိုးရှိတဲ့ စားသောက်မှုပုံစံနဲ့ အဆီချခြင်းဖြစ်ပါတယ်။

အစားကိုစောစားဖို့ ကန့်သတ်ချက်ဟာintermittent fasting တစ်မျိုးဖြစ်ပါတယ်။ မနက်ပိုင်းနဲ့နေ့လယ်အစောပိုင်းမှာ စားစရာရှိတာ အကုန်စားပြီး ကျန်တဲ့နေ့တစ်ဝက်လုံး ဘာမှမစားဘဲနေဖို့ဖြစ်ပါတယ်။ တကယ်တော့ ဥပုသ်စောင့်တာနဲ့ တူတူပါပဲ။

Obesity ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ အစာစားချိန်ကိုစောဖို့ ကန့်သတ်မှုဟာ စားချင်စိတ်ကိုတားဆီးပေးပြီး အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးနိုင်ပါတယ်။

ဒီသုတေသနရဲ့အဓိကရည်ရွယ်ချက်က ဒီအစာစားချိန်နည်းလမ်းတွေက စားချင်စိတ်ကိုလျှော့ချပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းစေသလား၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးနိုင်သလားဆိုတာလေ့လာဖို့ပါလို့ သုတေသီတွေကပြောပါတယ်။

စောစောစားတာက စားချင်စိတ်ကို လျော့စေနိုင်

ဒီသုတေသနမှာ ကျန်းမာရေးကောင်းပေမယ့် ကိုယ်အလေးချိန်များနေသူ (ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း ၂၅ ကနေ ၃၅ အတွင်းရှိသူ) ၁၁ ဦးကိုလေ့လာခဲ့တာပါ။

ပါဝင်သူတစ်ဦးချင်းစီကို တစ်နေ့မှာ အစာစားချိန် အချိန်ဇယားနှစ်မျိုးကို လေးရက်စီ လိုက်နာစေပါတယ်။ ပါဝင်သူတွေဟာ အချိန်ဇယားတစ်ခုစီအတွင်း အမျိုးအစားတူ၊ ပမာဏတူတဲ့ အစားအစာတွေကို စားခဲ့ကြပါတယ်။

အစောပိုင်းစားစေတဲ့ အချိန်ဇယားမှာ ပါဝင်သူတွေဟာ မနက်စာ၊နေ့လယ်စာ၊ညနေစာအားလုံးကို မနက် ၈ နာရီနဲ့နေ့လယ် ၂ နာရီအတွင်းမှာ အပြီးစားရတာဖြစ်ပါတယ်။နောက်အချိန်ဇယားတစ်ခုမှာတော့ ပါဝင်သူတွေကို မနက် ၈ နာရီနဲ့ ည ၈ နာရီကြားမှာ စားသုံးစေပါတယ်။

မနက် ၈ နာရီနဲ့နေ့လယ် ၂ နာရီသမားတွေက သူတို့ရဲ့ကယ်လိုရီလောင်ကျွမ်းမှုပမာဏမှာ သက်ရောက်မှုမရှိပေမယ့် အစာစားချင်စိတ်မှာလျော့သွားတာတွေ့ရပါတယ်။

ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ အာဟာရလိုအပ်ချက်ကွာခြားမှုတွေကိုမူတည်ပြီး ထည့်စဉ်းစားစရာတွေ ရှိပါတယ်။ ဥပမာ အားကစားသမား သို့မဟုတ် အတော်အသင့်လှုပ်ရှားမှုရှိနေတဲ့သူတွေဟာ ကိုယ်စားတဲ့အချိန်နဲ့ လှုပ်ရှားတဲ့အချိန်ကို မူတည်ပြီး ဒီနည်းမှာ အခက်အခဲတွေရှိနိုင်ပါတယ်လို့ ပညာရှင်တွေကပြောပါတယ်။

နောက်တစ်ချက်ကတော့ ဆီးချိုသွေးချိုလို မကြာခဏ အစာပြန်ဖြည့်ဖို့လိုအပ်လေ့ရှိတဲ့ရောဂါအခံရှိသူတွေမှာ အခက်အခဲရှိနိုင်ပါတယ်။

ကိုယ်ဝန်ရှိသူ ဒါမှမဟုတ် ကင်ဆာလိုရောဂါကြီးရှိသူတွေမှာလည်း ဒီလိုကန့်သတ်ကာလအတွင်းမှာပဲ အစာအာဟာရ ရနိုင်မယ်ဆိုရင် လိုအပ်သလောက်အာဟာရပြည့်နိုင်ပါ့မလားဆိုတာလည်း ရှိပါတယ်။

အများအားဖြင့် အဆင်ပြေနိုင်ပေမယ့် အထက်မှာပြောခဲ့သလိုခြွင်းချက်အနေအထားရှိသူတွေမှာတော့ ဆိုးကျိုးသက်ရောက်မှုမရှိလာအောင် ကိုယ်နဲ့အဆင်ပြေမပြေ အရင်စဉ်းစားသင့်ပါတယ်။

လေ့လာမှုကို ဆက်လက်သုတေသနလုပ် ၊အတည်ပြုဖို့ ကြိုးစားနေပါတယ်လို့ သုတေသီတွေကပြောပါတယ်။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။

ကလေး သားသမီး ကိုယ်ခံအား ခန္ဓာကိုယ် ရောဂါပိုးမွှား မေမေ့ဗိုက် ပဋိပစ္စည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဦးနှောက် ဉာဏ်ကောင်းပျော်ရွှင် ဖျားနာ ဝမ်းပျက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘာကြောင့် ခဏခဏ ဗိုက်ဆာနေတာလဲ

အစာစားသုံးမှု၊ Diet၊ cortisol ဟိုမုန်း၊ ဖျော်ရည်၊ အရက်၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု၊ အစာစားချိန်၊ အဆီပမာဏ၊ ဆိုဒါ၊ သကြားလုံး၊ သကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

ဦးနှောက်အမြှေးရောင်ရောဂါ အသက်အန္တရာယ် ဦးနှောက် အာရုံကြောမကြီး ပိုးဝင်ကူးစက်မှု ရောင်ရမ်းမှု ဗိုင်းရပ်စ် ဘက်တီးရီးယား အာရုံရှုပ်ထွေး အဖျား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ မေမေတို့ ဘာတွေအတူတူလုပ်ကြမယ် စိတ်ကူးလဲ…..

ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေ ပိတ်ရက် မေမေတို့ သံယောဇဉ်ပတ်ဝန်းကျင် သဘာဝတရား ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ခရီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 7, 2020
ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 30, 2020
စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 17, 2020