home

အရိုးကျန်းမာရေး

ကျန်းမာရေးဗဟုသုတ

အရိုးကျန်းမာရေး

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ အရိုးရှည်တွေဖြစ်ကြတဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။ အရိုးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာခံစားရသူ အယောက် ၁၀၀ မှာ ၁ ယောက်ပဲခံစားရလေ့ရှိတဲ့ ကင်ဆာ အမျိုးအစားပါ။ အရိုးကင်ဆာဖြစ်စေတဲ့ အကျိတ်တွေထက် ကင်ဆာမဟုတ်တဲ့အကျိတ်တွေက ပိုအဖြစ်များပါတယ်။ အရိုးကင်ဆာဆိုတဲ့နေရာမှာ အခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ ကင်ဆာဆဲလ်တွေ အရိုးဆီပြန့်လာပြီး ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ အရိုးမှစဖြစ်တဲ့ ကင်ဆာကို အရိုးကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးကင်ဆာဖြစ်တဲ့အခါ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တစ်ရှူးစအစိုင်အခဲတွေ အရိုးမှာဖြစ်လာပါတယ်။ အရိုးကင်ဆာဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက အလျင်အမြန်ကြီးထွားလာပြီး အခြားအစိတ်အပိုင်းတွေဆီကို ပြန့်သွားပါတယ်။ ဒီအခြေအနေကို ကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးတွေကနေစပြီး ကင်ဆာဆဲလ်တွေ ပြန်လာတဲ့ကင်ဆာကို (primary bone cancer) လို့ခေါ်ပြီး အခြားနေရာကနေဖြစ်တဲ့ ကင်ဆာဆဲလ်တွေ […]

အရိုးကျန်းမာရေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အရိုးကျန်းမာရေး

ဖနောင့်အတက်ထွက်ခြင်းဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ ခြေဖနောင့်ကို ဒဏ် ဒဏ်ဖြစ်လောက်တဲ့ အားစိုက်ထုတ်မှု၊ ပွတ်တိုက်ခြင်း၊ ဖိအား စတာတွေကြောင့် ခြေဖနောင့်အတက် ဖြစ်လာနိုင်ပါတယ်။ ဖနောင့်အတက်ဖြစ်စေဖို့ အားပေးတဲ့အရာတွေကတော့ - လေ့ကျင့်ခန်း (ပြေးခြင်း၊ လမ်းလျှောက်ခြင်း) - အထိုင်မကျသော ဖိနပ်များ၊ ဒေါက်မြင့်ဖိနပ်များစီးခြင်း - ခြေဖဝါးပြားလွန်းခြင်း (သို့) ခုံးလွန်းခြင်း - အဝလွန်ခြင်း - အဆစ်ရောင်ရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ခြေဖဝါးအတက်တချို့ဟာ မနာတတ်သလို သတိလည်းမပြုမိတတ်ကြပါဘူး။ အကယ်၍ ခြေဖဝါးအတက်ကြောင့် တချိန်လုံးနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ အကြောလျှောပလေ့ကျင့်ခန်းမျးလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်သော ဖိနပ်စီးခြင်း၊ ကာယကုသ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ညအချိန်ခြေစွပ် (ankle splint) စွပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အများစုဟာ အဆိုပါနည်းလမ်းများနဲ့ […]

အရိုးကျန်းမာရေး

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ ကြွက်သားများ ကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။ ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ပြုပြင်သင့်သော အကြောင်းများ အဆစ်များ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ […]

အရိုးကျန်းမာရေး

လူရဲ့ ခန္ဓာကိုယ်ကို အပေါ်ယံအရေပြားတွေ၊ ကြွက်သားတွေ ဆွဲဖယ်လိုက်ရင် နောက်ဆုံးကျန်ခဲ့မှာက အရိုးဖြူဖြူကြီးတွေပါပဲ။  အရိုးဆိုတာ ခန္ဓာကိုယ်ရဲ့ ငြမ်းကြီးပါပဲ။ အရိုးတွေကိုသာ ဖယ်ထုတ်လိုက်ရင် ခန္ဓာကိုယ်က ပုံခနဲ အိကျလာမှာပါ။ ဒါကြောင့် အရိုးရဲ့ ဖွဲ့စည်းပုံအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ရအောင်။ အရိုးဘယ်နှချောင်းရှိလဲ။ သန္ဓေအောင်ပြီး ၈ပတ်လောက်ဆိုရင် အရိုးတွေ စပြီး ဖွံ့ဖြိုးလာပါပြီ။ မွေးစမှာတော့ အရိုးပေါင်း ၃၀၀ ရှိပါတယ်။ နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါကျတော့ ပေါင်းသင့်တဲ့ အရိုးတွေ ပေါင်းသွားတာကြောင့် ၂၀၆ချောင်းပဲ ကျန်ပါတော့တယ်။ ကလေးဘဝမှာတုန်းက အရိုးတွေက တချို့က အရိုးနုတွေနဲ့ လုပ်ထားတာပါ။ တချို့ကျတော့လည်း အရိုးနုနဲ့ အရိုးပေါင်းထားတာပေါ့။ ကလေးတွေမှာ ဒီအရိုးနုလေးတွေက တဖြည်းဖြည်းကြီးလာပြီး အရိုးနဲ့ အစားထိုးလာပါတယ်။ ဒီလိုအစားထိုးဖို့ ကယ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကလေးမေမေတို့ ကလေးအရိုးတွေ သန်မာအောင် နို့တိုက်တယ်ဆိုတာ ဒါကြောင့်ပါပဲ။ အရိုးရဲ့ ဖွဲ့စည်းပုံ အရိုးမှာ […]

အရိုးကျန်းမာရေး

အသက်လေး နည်းနည်း ရလာရင် သွားရလာရတာက အရင်လို မဟုတ်တော့ပါဘူး။ ဒူးတွေနာ၊ ခါးတွေနာနဲ့ပါ။ အထူးသဖြင့် ဝတဲ့သူတွေဆို တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းနဲ့ ခြေထောက်က အဆစ်တွေက စနာတတ်ပါတယ်။ အသက်ကြီးလာတာ၊ ဝလာတာ၊ မလှုပ်ရှားနိုင်တာ စတဲ့ အချက်တွေ ပေါင်းဆုံလာတဲ့ အခါမှာတော့ ချဉ်ဆီရည်တွေ နည်းလာပြီး ဒူးဆစ်တွေ ပွန်းတဲ့ ဒဏ်ကို ခံစားလာရပါတော့တယ်။ ချဉ်ဆီဟာ ကိုယ်တွင်းက ပစ္စည်းဖြစ်ဖို့ သဘာဝအတိုင်း ပြန်ဖြည့်ချင်တယ်ဆိုရင် ဘာတွေကို လိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။ ချဉ်ဆီရည်က ဘာလုပ်ပေးသလဲ။ ဒါကို မပြောခင် အဆစ်အကြောင်းကို အရင်ပြောပြပါ့မယ်။ များသောအားဖြင့် အသက်ကြီးလာရင် ဒူးနာတတ်တာကြောင့် ဒူးဆစ်အကြောင်းကို ဥပမာ ပေးပါ့မယ်။ ဒူးဆစ်ဟာ ပေါင်ရိုးနဲ့ ခြေသလုံးရိုး နှစ်ခုဆုံရာပါ။ အဆစ်ဖြစ်ဖို့အတွက် အပြင်ကနေ အရိုးနုတွေ၊ […]

အရိုးကျန်းမာရေး

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီး ပေါင်းစပ်တည်ရှိနေတာပါ။ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာဖို့ဆိုရင် အရိုးတွေက အရေးကြီးလှပါတယ်။ အရိုးတွေ သွက်လက်စွာ လှုပ်ရှားနိုင်ဖို့ဆိုရင် အရိုးနုလေးတွေက အရမ်းအရေးကြီးပါတယ်။ အရိုးနုလေးတွေကို ကျန်းမာစေဖို့ အာဟာရဓာတ်တွေ ဖြည့်စွက်ပေးနိုင်ရင် အသက်ကြီးလာချိန်တွေအထိ ခန္ဓာကိုယ်ကြီးက အကျိုးရှိနေမှာလေ။ အရိုးနုလေးတွ ကျန်းမာပြီး တာဝန်ကျေကျေထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကို ကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးဆိုပါတော့။ အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီး ကွေးနိုင်ဆန့်နိုင်တာပါ။ ဒါကြောင့် အရေးပါလှတဲ့ အရိုးနုလေးတွေ ကျန်းမာအောင် ပုံမှန်ဖြည့်စွက်မှီဝဲပေးသင့်တဲ့ အာဟာရဓာတ်တွေအကြောင်းကို ပြောပြချက်ပါတယ်။ ရေ မှန်တာပေါ့။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ရေလိုအပ်ပါတယ်။ လူခန္ဓာကိုယ်ဆိုတာ ရေဓာတ် ၇၀% လောက်နဲ့ ဖွဲ့စည်းထားတာလေ။ အရိုးအဆစ်တွေမှာရှိနေတဲ့ အရိုးနုလေးတွေအတွက်လည်း ရေဓာတ်လိုအပ်ချက်များပါတယ်။ Hyaluronic Acid Hyaluronic Acid က […]

အရိုးကျန်းမာရေး

နောက်ကျောနာကျင်မှုကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ အထိုင်များသွားတာ၊ အညောင်းမိတာ၊ အလေးအပင်မမိတာနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် နောက်ကျောနာကျင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ နောက်ကျောနာကျင်တဲ့အခါမျိုးတွေမှာ ဆေးပူလိမ်းတာမျိုး၊ ပလာစတာကပ်တာမျိုးနဲ့ ကုစားကြတာများပါတယ်။ ယာယီအားဖြင့် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းတွေက ရေရှည်အတွက်ဆိုရင်တော့ အဆင်ပြေဖို့ မလွယ်ကူပါဘူး။ နောက်ကျောနဲ့ ခါးနာကျင်မှုတွေကို သက်သာစေဖို့အတွက်ဆိုရင် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတွေပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးတာက နောက်ကျောနာကျင်မှုကို သက်သာစေရုံသာမက မဖြစ်သေးတဲ့သူတွေကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်တာကြောင့်ပါ။ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ကြမလဲ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။ ခါးကိုင်းပြီး ခြေဖျားကိုထိရတဲ့ Toe Touches လေ့ကျင့်ခန်းမျိုးတွေကို ရှောင်ပါ။ ကြမ်းပြင်ပေါ်မှာ လှဲအိပ်ပြီးပြုလုပ်ရတဲ့ Partial Crunches လို လေ့ကျင့်ခန်းမျိုး ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက ကြမ်းပြင်ပေါ်လှဲအိပ်ပြီး ဦးခေါင်းနဲ့ လည်ပင်းရိုးကိုသာ အနည်းငယ်ကြွပေးရတဲ့ လေ့ကျင့်ခန်းမျိုးပါ။ အိပ်ထမတင် မလုပ်ပါနဲ့။ […]

အရိုးကျန်းမာရေး

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။ ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကို ခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။ ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ကြွက်တက်ခြင်း - ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြားကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။ အားစိုက်လွန်းခြင်း - ကြွက်သားတွေကို အားစိုက်ပြီး အသုံးချလွန်းရင် ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး နာကျင်လာတတ်ပါတယ်။ […]

အရိုးကျန်းမာရေး

အရိုး ဟာ အမြင်အားဖြင့်ဆိုရင် လူ့ခန္ဓာကိုယ်မှာ မာကျောတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် သူ့မှာလည်း သက်တမ်းရှိပါတယ်။ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလောက်၊ ဂရုစိုက်ရင် ဂရုစိုက်သလောက်တော့ ကျန်းမာမှာပေါ့။ ဒီလိုမဟုတ်ပဲ နေထိုင်စားသောက်ပုံမဆင်ခြင်ပဲ နေထိုင်သွားမယ်ဆိုရင်တော့ သင်အသက်ကြီးလာချိန်မှာ သင့်ကို အရင်ဦးဆုံး ဒုက္ခပေးမှာက အရိုးပါပဲ။ အရိုးမကောင်းတော့လို့ သွားရေးလာရေးမကောင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင် စိတ်လည်းပိုပင်ပန်းလာမှာဖြစ်သလို တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေသလိုဖြစ်သွားမှာပါ။ ဒါကြောင့် အရိုးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လှပါတယ်။ အသက် ၆၅ နှစ်ကျော်လွန်ချိန်မှာ သင့်အရိုးတွေ ကျန်းမာနေဖို့ဆိုရင် ခုချိန်ကတည်းက သင်လိုက်နာပြုလုပ်ထားရမယ့် အချက်တွေရှိထားပါတယ်။ ကဲ လိုက်လုပ်ကြည့်ကြမလား … ကျန်းမာအောင်နေပါ ယနေ့ သင့်ခန္ဓာကိုယ်ကျန်းမာမှုဟာ အနာဂတ်ကျန်းမာရေးအခြေအနေတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျန်းမာနေအောင် စောင့်ရှောက်ဖို့လိုအပ်သလို ဦးခေါင်းနဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ကျန်းမာအောင် ကာကွယ်ရပါမယ်။ ရာသီပေါ်ရောဂါတွေနဲ့ ကင်းဝေအောင်လည်း နေသင့်ပါတယ်။ ဒီလိုနေထိုင်မှ […]

အရိုးကျန်းမာရေး

အရိုးအဆစ် တွေက လှုပ်ရှားလို့ မကောင်းဘူး၊ အကြောအခြင်တွေ တောင့်တင်းနေလိုက်တာ လက်ကလေးမြှောက်လိုက်လည်း ဂျွတ်ခနဲ၊ ခြေထောက်လေး လှုပ်လိုက်လည်း ဒူးက ဂျွတ်ခနဲ၊ ခါးက မျက်ခနဲ။ ဒီပြဿနာတွေကို ခုနောက်ပိုင်း လူကြီး၊ လူငယ် မရွေး တွေ့ကြုံခံစားရတာများလာပါတယ်။ ဘာတွေကြောင့် ဖြစ်မလဲ ဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေ စဉ်းစားကြည့်ရအောင် - အသက်ကြီးလာလို့လား အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။ အိပ်ရာထကာစ မို့လို့လား နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid […]

အရိုးကျန်းမာရေး

လူတိုင်း ဒူးနာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာရင် ပိုပြီး ကြုံဆုံရတတ်ပါတယ်။ ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းတော့ ကြုံရနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း ၃ မျိုးကြောင့် ဒူးနာနိုင်ပါတယ်။ ဒါတွေကတော့ ၁။ အဆစ်အမြစ်ရောင်တာခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ ဂေါက်ရောဂါတွေကြောင့်ဖြစ်တာ၊ ၂။ ဒူးဒဏ်ရာတွေဖြစ်ကြတဲ့ အရွတ်စုတ်ပြဲခြင်း အရိုးကျိုးခြင်း အရိုးနုစုတ်ပြဲခြင်းစတာတွေကြောင့် ဒူးနာတာ ၃။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ကြတဲ့ ဂုံညင်းရိုးလွဲခြင်း တင်ပါး သို့မဟုတ် ခြေထောက်နာခြင်းစတာတွေကြောင့်ပါပဲ။ အချိန်မရွေး အသက်အရွယ်မရွေးမှာဖြစ်နိုင်တဲ့ ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး သတိထားဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါမှ ဒူးနာဝေဒနာကို ကာကွယ်နိုင်မှာမဟုတ်လား။ တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ […]

အရိုးကျန်းမာရေး ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon