လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
Share now

အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။

ဘာကြောင့် လိင်တံထိပ်အရေပြား ဖယ်ရှားချင်တာလဲ။

ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။

ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အလွန်နံပါတယ်။ နံရုံတင်ပဲလားဆိုတော့ ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြား မှိုစွဲတာ၊ ထိပ်အရေပြား ရောင်တာ၊ အနံ့အသက်ဆိုး ထွက်တာတွေ ဖြစ်နိုင်ပါတယ်။

ထိပ်အရေပြားကို ဖြတ်လိုက်တဲ့အခါ ဒီအဖတ်တွေကို လုံးဝတွေ့ရတော့မှာ မဟုတ်ဘဲ အနံ့အသက်ဆိုးတွေ တော်တော်ကို နည်းသွားပါတယ်။ နောက်တစ်ချက်က ထိပ်အရေပြား ဖုံးနေတာမဟုတ်တော့တဲ့အတွက် ပွတ်တိုက်ထိခိုက်မှုတွေ နည်းသွားပြီး အရေပြားယားယံခြင်း၊ မတော်တဆ ပွန်းပဲ့မိခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဝင်လာနိုင်ခြေ နည်းသွားခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

ဒါဆို ထိပ်အရေပြား ခွဲစိတ်တာ နာသလား။

အသေးစား ခွဲစိတ်မှုဆိုတဲ့အလျောက် နာကျင်မှုကတော့ အနည်းငယ်ရှိနိုင်ပါတယ်။ ခွဲစိတ်နေစဉ်မှာ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ မေ့ဆေးတွေ၊ ထုံဆေးတွေ ပေးမှာဖြစ်ပြီး ဆေးအရှိန်ပြယ်သွားမှသာ နာကျင်မှုကို ခံစားရမှာပါ။ များသောအားဖြင့် ခွဲစိတ်အပြီး ၃ရက်မှ တစ်ပတ်လောက်အထိ နာကျင်တဲ့အရှိန်က ကျန်နေတတ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း နေထိုင်ရတာ အဆင်ပြေသွားမှာပါ။

ထိပ်အရေပြား ဖြတ်ရင် ဘာတွေ သတိထားဖို့လိုမလဲ။

ထိပ်အရေပြား ဖြတ်ပြီးကာစမှာ ဆရာဝန်အနေနဲ့ လိင်တံအနာကို ပိုးမဝင်အောင် ကာကွယ်ပေးဖို့ ပလာစတာ dressing အုပ်ပေးထားမှာဖြစ်ပြီး ဒီ dressing ကို ရက်ချိန်းအတိုင်း ဆရာဝန်ဆီ လာပြသရင်း လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အနာမကျက်သေးသ၍ လိင်တံကို လက်နဲ့ထိတာ၊ အာသာဖြေတာ၊ လိင်ဆက်ဆံတာ၊ ရေနဲ့ ထိတာမျိုးတော့ မလုပ်ရပါဘူး။ အတွင်းခံ၊ ဘောင်းဘီကိုလည်း အရမ်းကျပ်တာမျိုး မဝတ်ပါနဲ့။ Boxer ကဲ့သို့ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံမျိုး၊ ဘောင်းဘီအပွ၊ ပုဆိုးတွေပဲ အဓိက ဝတ်ပေးပါ။ ဒဏ်ရာကို သန့်ရှင်းအောင် ထားပေးပါ။

ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက် စောင့်ရလဲ။

မွေးကင်းစ ကလေးအရွယ်မှာ ဖြတ်ထားခဲ့ရင်တော့ ခွဲထားတဲ့ဒဏ်ရာ ကျက်ဖို့ သိပ်ပြီး မကြာတတ်ပေမဲ့ လူကြီးဖြစ်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားမိတာ၊ ထိခိုက်မိတာ၊ လိင်တံရဲ့ အရေပြားက ပိုရှည်လာတဲ့အတွက် သက်သာရန် အချိန်အနည်းငယ် ကြာတတ်ပါတယ်။

နဂိုအတိုင်း ပြန်ကောင်းလာဖို့ ကြာချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ ရက်သတ္တပတ်အနည်းငယ်ကနေ တစ်လလောက်ထိ ကြာနိုင်ပါတယ်။ ကိုယ့်ရဲ့ ခွဲထားတဲ့ဒဏ်ရာကို ထိတွေ့ကိုင်တွယ်ခြင်း၊ ထိခိုက်မိခြင်း မရှိဘူးဆိုရင်တော့ သက်သာဖို့ အချိန်မြန်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် မှာ ကလေးတစ်ယောက်ဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေ နဲ့ ကြီးထွားလာတာပါ။ ဒီအရွယ်မှာ သင်ယူလေ့လာမှုတွေကို လုပ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read