သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်(၁၀)မျိူး

    အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်(၁၀)မျိူး

    အမျိုးသားတွေအတွက် ဖွင့်ဟပြောဆိုရမှာ ရှက်သောကိစ္စများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခဏလေးနဲ့ ပျော့သွားတတ်တဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်ပါလိမ့်မယ်နော်။ လိင်အင်္ဂါ ကြာကြာမာစေဖို့အတွက် အခုဖော်ပြမယ့်အစားအစာလေးတွေကို နေ့စဉ်စားရင်း ကြိုးစားကြည့်နိုင်ကြပါပြီ။

    (၁) ကော်ဖီ

    ကော်ဖီတစ်ခွက်မှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့်ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။ ဒါ့ပြင် အဆီသိုလှောင်မှုတွေကို ဖြိုခွဲပေးပြီး စွမ်းအင်ကိုပိုမိုထွက်စေတာမို့ သင့်ကိုတစ်ညလုံးထောင်မတ်နေစေပါလိမ့်မယ်။

    (၂) ခရု

    ဇင့်ဓာတ်နှင့် ဗီတာမင်B6 ပါဝင်မှုကြောင့် တက်စတိုစတီရုန်း ခေါ် ကျားဟော်မုန်းကိုအားကောင်းစေပါတယ်။

    (၃) ငရုတ်သီး

    ငရုတ်သီးစားပြီးနောက် မျက်နှာတွေနီရဲလာတာ ကြုံဖူးကြတယ်မလား။ ဒါဟာ ငရုတ်သီးကြောင့် သွေးကြောတွေ ကျယ်လာလို့ ဖြစ်ပါတယ်။အလားတူပဲ သင့်လိင်အင်္ဂါ ရှိ သွေးကြောတွေကိုပါ ကျယ်စေပြီး ပိုမိုအားကောင်းစေပါတယ်။

    (၄) ငှက်ပျောသီး

    သန်မာတဲ့အမျိူးသားတွေဟာ နှလုံးအားကောင်းကြသူများဖြစ်ကြပါတယ်။ ဒီလို နှလုံးအားကောင်းစေဖို့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါတဲ့ ငှက်ပျောသီးကိုစားပေးပါ။ငှက်ပျောသီးမကြိုက်ရင်တော့ လိမ္မော်သီးစားလို့ရပါတယ်။

    (၅) ဆယ်မွန်

    အိုမီဂါ3 ဖက်တီးအက်ဆစ်တွေ ပါဝင်တဲ့အတွက် သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။ ဆယ်မွန်၊ တူနာနဲ့ ပင်လယ်ငါးတွေကို တစ်ပတ်၂ကြိမ်ခန့် စားပေးသင့်ပါတယ်။

    (၆) ဝက်သား

    ဝက်သားတွင် ဗီတာမင်B1 ကြွယ်ဝတဲ့အတွက် သင့်အာရုံကြောဆဲလ်တွေကို အားကောင်းစေပါတယ်။ ဝက်သားကိုစားခြင်းဖြင့် သုက်ပိုးတွေကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်းသွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဝက်သားမစားသူများအနေနှင့် ပဲအမျိူးမျိူးနှင့် ဂျုံကြမ်းပေါင်မုန့်ကို စားနိုင်ပါတယ်။

    (၇) ချယ်ရီသီး

    ချယ်ရီသီးတွေမှာပါတဲ့ anthocyaninဆိုတဲ့ဓာတ်ဟာ သွေးကြောများအတွင်း အဆီပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ချယ်ရီသီးအစား မက်မွန်သီးနှင့်ဆီးသီးများကိုလည်း စားနိုင်ပါတယ်။

    (၈) ကြက်သွန်နီ

    ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွင် ပါဝင်တဲ့ Allicinဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးကြောတွင်း အဆီခဲပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    (၉) ဝိုင်

    ဝိုင် အထူးသဖြင့် ဝိုင်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Resveratrol ပါဝင်တဲ့အတွက် သွေးကြောတွေကို အားကောင်းစေပါတယ်။ Resveratrolဟာ Nitric Oxideကို ထုတ်ပေးပါတယ်။ ဒါဟာ အမျိူးသားစွမ်းဆောင်ရည်မြင့်မားစေဖို့ သောက်လေ့ရှိတဲ့ Viagraဆေးရဲ့ စွမ်းဆောင်ပုံနဲ့ တူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်နီကို ၂ဖန်ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။

    (၁၀) Oatmeal

    သွေးကြောတွေကို ချောမွေ့စေပြီး လှုပ်ရှားရလွယ်ကူစေပါလိမ့်မယ်။ ဒ့ါအပြင် အာဟာရပြည့်ဝနေစေပါတယ်။

    ရေးသားသူ – Dr Rose

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 15/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: