backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Yellow Fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါတစ်မျိုး)


Phyo Wai Yan မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Yellow Fever ဆိုတာဘာလဲ။

Yellow fever ဆိုသည်မှာ ခြင်မှတစ်ဆင့် ကူးစက်သော အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပြီး သေသည် အထိဖြစ်စေနိုင်သော အပူပိုင်းဒေသ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ Yellow fever ဗိုင်းရပ်စ် ကို တောင်အမေရိကနဲ့ အာဖရိကဒေသရှိ အပူပိုင်းဒေသတွေမှာ တွေ့ရှိပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ခြင်ဟာ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သည်။ Yellow fever ရောဂါရှိမရှိ စစ်ဆေးရာတွင် ခံစားနေရသော ရောဂါလက္ခဏာ၊ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု၊ ဓါတ်ခွဲစစ်ဆေးခြင်း များနဲ့ ခရီးသွားခဲ့သောမှတ်တမ်းများ ပေါ် အခြေခံပါတယ်။Yellow fever အတွက်သီးသန့် ကုထုံးမရှိသေးပါဘူး။ ရောဂါလက္ခဏာအပေါ်မှာပဲမူတည်ပြီး ဂရုစိုက်ကုသကြရပါတယ်။ Yellow fever ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေမှာ ခြင်မကိုက်စေရန် လိမ်းဆေး၊ဖြန်းဆေးများ အသုံးပြုခြင်း၊ အဝတ်များကို လုံလုံခြုံခြုံဝတ်စားခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ပဲဖြစ်ပါတယ်။

လက္ခဏာများ

Yellow fever ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာပြရန်ကြာချိန်ဟာ များသောအားဖြင့် ၃ရ က်ကနေ ၆ ရက်အတွင်း ဖြစ်လေ့ရှိပါတယ်။ စစချင်းပြတဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်အပြင်းဖျားခြင်း ၊ချမ်းတုန်ခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း ၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ မူးဝေပျို့အန်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်းနဲ့အားအင်ချည့်နဲ့ခြင်း တို့ပဲဖြစ်ပါတယ်။ စစချင်းလက္ခဏာတွေပြပြီးတဲ့နောက်မှာ လူအများစုဟာ သက်သာလာကြပါတယ်။ အဲဒီခဏလေးပြန်ကောင်းတဲ့ နာရီပိုင်းကနေ ရက်ပိုင်းပြီးတဲ့နောက်မှာတော့ ဒီလိုရောဂါများရဲ့၁၅ရာခိုင်နှုန်းလောက်ဟာ ပိုပြီးဆိုးတဲ့ရောဂါပုံစံအဖြစ် အသွင်ပြောင်းသွားတတ်ပါတယ်။ ပိုပြီးဆိုးလာတဲ့ပုံစံတွေကတော့ အဖျားတက်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ သွေးထွက်ခြင်းနဲ့ ရုတ်တရက်သတိမေ့ခြင်း၊ ကိုယ်တွင်းအင်္ဂါတော်တော်များများ ထိခိုက်ပျက်ဆီးခြင်းအထိပင် ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးကုသမှုကို စတင်ခံယူသင့်ပြီလဲ။

သင့်မှာyellow fever ရှိပြီလို့ယူဆမိတာနဲ့ တပြိုင်နက်ဆေးကုသမှုကိုခံယူသင့်ပါပြီ။

ရောဂါကာကွယ်ခြင်းနှင့် ကုသမှု

ဘယ်လိုကုသမလဲ။

Yellow feverရောဂါရှိတဲ့သူတွေအတွက်အထူးကုသနည်းတော့ ရှာမတွေ့ကြသေးပါဘူး။ မည်သို့ပင်ဖြစ်စေကာမူရောဂါရလာပြီဆိုရင်တော့ဂရုစိုက်မှုနဲ့ အနီးကပ်ကြည့်ရှုစောင့်ကြည့်မှု တို့အတွက် ဆေးရုံကိုတော့တင်ရပါမယ်။ ကုသရာတွင်တော့ရောဂါလက္ခဏာတွေ သက်သာအောင်ပဲ ကုသကြပါတယ်။

အနားယူခြင်း၊ အရေများများသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ အသုံးပြုခြင်းနဲ့ တရားထိုင်ခြင်း တို့ကိုကိုက်ခဲခြင်းနဲ့ အဖျားကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို လျှော့ချဖို့အတွက် ပြုလုပ်ရပါမယ်။ သွေးထွက်လွန်စေတဲ့ asprin လိုဆေးမျိုးနဲ့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများကို မသုံးမိအောင်လည်း အထူးဂရုစိုက်ကြရပါမယ်။ Yellow fever ဗိုင်းရပ်စ် ကူးစက်ခံထားရသောလူနာများသည် ပထမဖျားနာစ ရက်ပိုင်းအတွင်းမှာ နောက်ထပ်ခြင်ထပ်မကိုက်အောင်ကာကွယ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်သွေးထဲမှာရှိနေတဲ့ yellow fever ဗိုင်းရပ်စ် ဟာ အခြား ကူးစက်မခံရသေးတဲ့ခြင်တွေကိုလည်းရောဂါပိုးမကူးစက်စေနိုင်တော့ပါ။ ဒီနည်းနဲ့ ကူးစက်ခြင်း သံသရာများကိုလည်း ရပ်တန့်နိုင်မှာဖြစ်ပြီး အနီးအနားမှာရှိတဲ့လူတွေကိုလည်း ရောဂါပိုးကူးစက်ခြင်း အန္တရာယ်မှ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ။

• ခြင်ကိုက်မခံရအောင်နေထိုင်ခြင်း

အင်းဆက်သတ်သော ဆေးများကိုအသုံးပြုပါ။ သင်အပြင်သွားတော့မယ်ဆိုရင် DEET ၊ Picaridin၊ IR3535 ဒါတွေပါဝင်တဲ့ EPA အသိအမှတ်ပြု အင်း ဆက်သတ်ဆေးများအသုံးပြုခြင်း ဒါမှမဟုတ် အရေပြားပေါ်မှာ ယူကလစ်ဆီလိမ်းသွားမျိုး ခြင်း ကိုပြုလုပ်သင့်ပါတယ်။ အပြင်ကို ခဏပဲထွက်မယ်ဆိုရင်တောင်မှ ခြင်ကိုက်ခံရနိုင်ချေ အများကြီးရှိပါတယ်။

ခြင်ကိုက်ခံရတာကို လျှော့ချဖို့အဝတ်အစားကိုလည်း လုံလုံခြုံခြုံဝတ်သင့်ပါတယ်။ ရာသီဥတုနဲ့အဆင်ပြေမယ်ဆိုရင်တော့အပြင်ထွက်တဲ့အခါတိုင်းမှာအင်္ကျီလက်ရှည်ဘောင်းဘီလက်ရှည်ဝတ်သင့်ပါတယ်။ ခြင်တွေဟာ အင်္ကျီပါးနေရင်တောင်အထဲကိုထိုးဖောက်ပြီး ကိုက်ကြပါတယ်။ ဒါကြောင့် အဝတ်တွေကိုလည်း permethrin ပါတဲ့ ခြင်မကိုက်အောင်ဖြန်းတဲ့ ခြင်ဖြန်းဆေးမျိုး ဒါမှမဟုတ် EPA အသိအမှတ်ပြုတဲ့ဖြန်းဆေးမျိုးကိုအသုံးပြုခြင်းဟာလည်း နောက်ထပ်ကာကွယ်ပြီးသားဖြစ်စေမှာပါ။ permethrin ဖြန်း ပြီးသားအဝတ်တွေဟာ အပြင်မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ permethrinပါတဲ့ ခြင်ဖြန်းဆေးတွေကိုတော့ အသားပေါ်ကိုတိုက်ရိုက်ဖြန်းဖို့ အကြံပြုမထားပါဘူး။

ခြင်ကိုက်တတ်တဲ့ အချိန်တွေကိုလည်း သတိထားပြီး ကာကွယ်နေထိုင်ဖို့လိုပါတယ်။ ခြင်အကိုက်ဆုံးအချိန်တွေကတော့ မနက်အစောပိုင်း နဲ့ ညနေနေဝင်ချိန်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ades aegpyti လိုမျိုး yellow fever ဗိုင်းရပ်စ် ကိုကူးစက်စေတဲ့ခြင်ကတော့ နေ့လယ်ပိုင်းမှာကိုက်တတ်ပါတယ်။ ဒါကြောင့်နေ့လယ်ပိုင်းအချိန်တွေမှာလည်း ခြင်ဆေးဖျန်းခြင်း၊ အဝတ်အစားလုံလုံခြုံခြုံဝတ်ဆင်ခြင်းဖြင့် ကာကွယ်သင့် ပါတယ်။

အလားတူပင် ညနေနဲ့မနက် အစောပိုင်း မှာလည်း ထိုနည်းတူပင်ပြုလုပ်ကာကွယ် သင့် ပါတယ်။ ခြင်ကိုက်နိုင်ချေ အများဆုံးအချိန်တွေမှာ ခြင်စကာတပ်ထားသော အခန်း၊ အဲယားကွန်း ဖွင့် ထားသောအခန်းထဲတွင်နေထိုင်ခြင်း ကလည်း ခြင်ကိုက်ခံရမှုမှလျှော့ချပေးနိုင်ပါတယ်။

လိုအပ်ပါကကာကွယ်ဆေးထိုးခြင်း

Yellow fever ကာကွယ်ဆေးကိုခရီးသွားမည့် သူများနှင့် yellow fever ကူးစက်တတ်သည့်အာဖရိကနှင့်တော်အမေရိကဒေသတွင် နေထိုင်သူများအဖို့ အသက်၉နှစ် အထက်မှစ၍ ကာကွယ်ဆေးထိုးနိုင်ပါပြီ။

ဘယ်သူတွေဟာ yellow fever ကာကွယ်ဆေးမထိုးသင့်ဘူးလဲ။

ကာကွယ်ဆေးရဲ့ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်သူများ၊ ဥ၊ပရိုတင်း၊gelatin အစရှိတာပစ္စည်းများ နဲ့ ဓါတ်မတည့်တဲ့သူများ၊ ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးတုန်းက ဓါတ်မတည့် ဖူးတဲ့သူများဟာ ကာကွယ်ဆေးကို မထိုးသင့် ပါဘူး။ ဒီလိုဓါတ်မတည့်တာမျိုး ရှိတယ်ဆိုရင်ဆရာဝန်ကိုပြောပြရပါမယ်။ ၆လအောက် ကလေးငယ်တွေလည်း ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

• သင့်မှာ AIDS ဒါမှမဟုတ်တစ်ခြားကိုယ်ခံအားကျစေတဲ့ရောဂါမျိုးရှိလျှင်.

• ကင်ဆာ၊ အစားထိုးကုသမှု၊ ဓါတ်ရောင်ခြည်နှင့် ကုသမှု၊ ဆေးဝါးကုသမှု အစရှိသည်တို့ကြောင့် သင့်၏ကိုယ်ခံအားကျဆင်းနေလျှင်

• သင့်ရဲ့ thymus (ကိုယ်ခံအား T ဆဲလ်ကို ထုတ်ပေးသော လည်ပင်းရှိ သိုင်းမတ်ဂလင်း) ကိုဖယ်ထုတ်ထားလျှင် သို့မဟုတ် myasthenia gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ ) ရှိလျှင် သို့မဟုတ် thymus အကျိတ်ဖြစ်နေလျှင်သင့်ရဲ့ဆရာဝန်ကိုပြောပြရပါမယ်။ ဒါမှသာဆရာဝန်က ကာကွယ်ဆေးထိုးသင့် မထိုးသင့်ဆုံးဖြတ်ပေးပါလိမ့်မယ်။ အသက်၆၀ရှိသောသူများ နှင့် ရောဂါပိုးရှိသောနေရာများသို့ မဖြစ်မနေသွားရမယ့် သူများအတွက် ကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကာကွယ်ဆေးကြောင့် ရလာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများပိုပြီး ဆိုးရွားနိုင်လို့ပါပဲ။ အသက်၆လမှ၈လအထိ ကလေးငယ်များ၊ ကိုယ်ဝန်သည်များ၊ မွေးပြီးခါစအမျိုးသမီးများသည် yellow fever အဖြစ်များတဲ့နေရာတွေကို မသွားသင့်ပါဘူး။ သွားမယ်လို့စီစဉ်ထားရင်လည်း ရွှေ့ဆိုင်းသင့် ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးဖို့ဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Phyo Wai Yan မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement