ဖြစ်နိုင်ခြေများ
Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ကလေးအသက် ၃လမှ ၃နှစ်အတွင်း အထူးသဖြင့် ကလေးထိန်းနေရာများမှာ Rota virus ကူးစက်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်သူများမှာလည်း အဖြစ်များပါတယ်။
အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ့Rota virus ကူးစက်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းတို့မှ သိနိုင်ပါတယ်။ အတည်ပြုရန် ဝမ်းနမူနာကို ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။
Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကို ဘယ်လိုကုသပါသလဲ
Rota virus ကူးစက်ခြင်းအတွက် သီးသန့် ကုသမှုမရှိပါ။ ပဋိဇီဝဆေးနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများနှင့်လည်း မကုသနိုင်ပါ။ ၃ရက်မှ ၇ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။
ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နေစဉ် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်များများသောက်ပါ။ သင့်ကလေးမှာ ဝမ်းအလွန်လျှောနေလျှင အထူးသဖြင့် ရက်အနည်းငယ်ထက် ပိုကြာအောင်ဝမ်းလျှောနေလျှင် ဆရာဝန်ထံ Pedialyte ကဲ့သို့ဓါတ်ဆားထုတ်တောင်းပါ။
ကလေးများအတွက် ဓါတ်ဆားရည်က ရေနဲ့ အခြားအရည်များထက် ကုန်ခမ်းသွားတဲ့ သတ္တုဓါတ်များကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ အပြင်းအထန် ရေဓါတ်ခမ်းခြောက်ပါက ဆေးရုံမှာ ဆေးပုလင်းချိတ်ဖို့ လိုနိင်ပါတယ်။
Rota virus ကူးစက်ခြင်းအတွက် ဝမ်းပိတ်ဆေးများ မပေးရပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Rota virus ကူးစက်ခြင်းကို ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Rota virus ကူးစက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- သင့်ကလေးဖျားနေလျှင် အရည်နည်းနည်းစီ တိုက်ပေးပါ။ နို့စို့အရွယ်ဖြစ်ပါက နို့်စို့ပါစေ။
- နို့မှုန့်သောက်သော ကလေးဖြစ်ပါက ဓါတ်ဆားရည် သို့မဟုတ် သောက်နေကျနို့မှုန့်အချိုးအဆအတိုင်း တိုက်ပါ။ ဖျော်နေကျနို့မှုန့်ကို ရေပိုမရောပါနှင့်။
- ကလေးကြီး နေမကောင်းဖြစ်ပါက အနားယူပါစေ။ ပေါင်မုန့်၊ ကရက်ကာဘီစကစ်ကဲ့သို့ အစာပျော့များကျွေးပါ။
- ဓါတ်ဆားအပါအဝင် အရည်များများတိုက်ဖို့ အရေးကြီးသည်။ ပန်းသီးဖျော်ရည်။ နို့ထွက်ပစ္စည်းများ၊ သကြားများသောအစာများက ဝမ်းလျှောခြင်းကို ပိုဆိုးစေသဖြင့် ရှောင်ပါ။
- ဝမ်းလျှောနေ/အန်နေပါက စိတ်ကိုတင်းမထားပါနှင့်။ ရေခဲတုံးငုံခြင်း၊ ရေနည်းနည်းချင်းစီသောက်ခြင်း၊ အကြည်ရောင် ဆိုဒါရည်၊ ဂျင်းဖျော်ရည်၊ စွတ်ပြုတ်ရည်သောက်ခြင်းတို့ ပြုလုပ်နိုင်သည်။ အစာပျော့ပျော့စားပါ။
- ဗိုက်နာစေမယ့် နို့ထွက်ပစ္စည်းများ၊ အဆီများသော အစာများ၊ အရသာကဲသော အစာများ၊ ကဖင်း၊ အရက် ၊ ဆေးလိပ်တို့ကို ရှောင်ပါ။
ရောဂါပိုးပြန့်နှံ့ခြင်းကို လျှော့ချဖို့ လက်ကိုသေချာစွာ မကြာခဏဆေးပါ အထူးသဖြင့် အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီး၊ ကလေးကို အိမ်သာတည်ပြီး။ သို့သော် လက်သေချာဆေးခြင်းက လုံးလုံးလျားလျားတော့ အာမခံမပေးနိုင်ပါ။
Rota virus အတွက် ကာကွယ်ဆေး၂မျိုးရှိပါတယ်။
- RotaTeq အသက်၂လ ၄လ ၆လ တို့မှာ ပါးစပ်ကတိုက်ကျွေးရပါတယ်။ ကလေးကြီးများနဲ့ လူကြီးများအတွက် မဟုတ်ပါ။ ဖြစ်ခဲပေမယ့် အသက်အန္တရာယ်ရှိတဲ့ အူစွပ်ခြင်းကို ဒီဆေးထိုးပြီး တွေ့ရပေမယ့် FDA နဲ့ CDCက ဆေးမထိုးတဲ့ ကလေးတွေမှာ ဖြစ်နှုန်းနဲ့ ဆေးထိုးထားတဲ့ကလေးတွေမှာ ဖြစ်နှုန်း အတူတူဆိုတာ တွေ့ရှိခဲ့ပါတယ်။ အလားတူ Rota virus ကာကွယ်ဆေး Rotasheild ကိုလည်း အူစွပ်ခြင်းနဲ့ စပ်ဆက်နေတယ်ဆိုပြီး ၁၉၉၉မှာ ဈေးကွက်ကထုတ်ပယ်ခဲ့ပါတယ်။ တကယ်လို့ ကာကွယ်ဆေးထိုးပြီး သင့်ကလေးမှာ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းသွားတဲ့အလေ့အကျင့် ပြောင်းလဲခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့် ပြပါ။
- Rotarix, ကလေးအသက် ၂လ နဲ့ ၄လမှာ ၂ကြိမ်သာတိုက်ကျွေးရန်လိုတဲ့ ကာကွယ်ဆေးရည်ဖြစ်ပါတယ်။ စမ်းသပ်မှုများအရ အူစွပ်မှုနှုန်း မမြင့်မားစေကြောင်း သိရပါတယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။