backup og meta

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ခံစားနေရတာကြောင့် သတိထားကုသဖို့ပဲဖြစ်ဖြစ် သိထားချင်တဲ့ အချက်လေးတွေရှိရင် ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ အကြောင်းကို ရေးသားပေးထားတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ ကို အတူတူ လေ့လာလိုက်ရအောင်နော်။

ဦးနှောက်အမြှေးရောင်ခြင်း

ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အ​မြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကို ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

ဦးနှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ဗိုင်းရပ်စ်​ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ပါဘူး။ တစ်ခါတလေမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပြန်သက်သာသွားတာမျိုးတောင်ရှိနိုင်ပါတယ်။

မှိုပိုးကူးစက်တာကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက ဖြစ်ခဲတဲ့အခြေအနေတစ်ရပ်ပါ။ ဒီအမျိုးအစား ဦးနှောက်အမြှေးရောင်တာက ကိုယ်ခံအားနည်းသူတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ…………….

ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရတဲ့အခါ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ

မွေးကင်းစ ကလေးငယ်တွေမှာဆိုရင်

မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်အမြှေးရောင်ရောဂါခံစားရတဲ့အခါ

  • အဖျားကြီးမယ်
  • မရပ်မနားငိုနေမယ်
  • အရမ်းအိပ်နေမယ်
  • မှိန်းနေမယ်
  • နို့မစို့ဘဲဖြစ်နေမယ်
  • ငယ်ထိပ်လေးက ဖောင်းနေမယ်
  • လည်ပင်း နဲ့ တစ်ကိုယ်လုံးက တောင့်တင်းနေမယ်ဆိုရင်တော့ ဘေဘီလေးက ဦးနှောက်အမြှေးရောင်ရောဂါ ခံစားနေရတာပါ။

ဘယ်လိုအခြေအနေဆို ချက်ချင်းကုသမှုခံယူဖို့လိုနေပြီလဲ………….

တကယ်လို့ အခုလို လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်တော့  နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားရောက် ကုသမှုခံယူဖို့ လိုပါပြီ။

  • အဖျားအရမ်းကြီးနေမယ်
  • ခေါင်းက မခံမရပ်နိုင်အောင် ကိုက်မယ်
  • အာရုံတွေ ရှုပ်ထွေးမယ်
  • အော့အန်မယ်
  • လည်ပင်းကြီးကတောင့်နေမယ်ဆိုရင်တော့ ချက်ချင်းသွားပြပေးဖို့လိုပါမယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ………

ဦးနှောက်အမြှေးရောင်ရောဂါက လူတိုင်းမှာဖြစ်နိုင်ပေမယ့်
  • အသက် ၅ နှစ်အောက် ဘေဘီလေးတွေ
  • အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား လူလတ်ပိုင်းတွေ
  • အသက် ၅၅ နှစ်နဲ့အထက် လူကြီးတွေ
  • ကိုယ်ဝန်ဆောင် မေမေတွေက အခြားသူတွေထက် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

ဘာတွေကများ ဦးနှောက်အမြှေးရောင်တာကို ဖြစ်စေတာလဲ…………..

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက

ကာကွယ်ဆေး မထိုးမိတာ – ငယ်စဉ် နဲ့ ဆယ်ကျော်သက်အရွယ်မှာ ကာကွယ်ဆေးတွေကို အပြည့်အစုံမထိုးမိခဲ့တာ

အသက်အရွယ် – ဦးနှောက်အမြှေးရောင်ရောဂါက များသောအားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်က အသက် ၂၀ အောက်တွေမှာ အဖြစ်များပါတယ်။

လူစုလူဝေးနဲ့ နေထိုင်သူတွေ – ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတိုင်းက ကိုယ်ခံအားက ပုံမှန်ထက်နည်းနေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ listeria ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားရနိုင်ခြေများပါတယ်။ ဒီဘက်တီးရီးယားတွေက ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲမွေးဖွားတာ၊ ကလေးအသေမွေးဖွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအား နည်းသူတွေ – ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေ၊ အရက်စွဲနေသူတွေ၊ ကိုယ်ခံအားကို သက်ရောက်မှုရှိနိုင်တဲ့ ဆေးဝါးသောက်သုံးနေရသူတွေ၊ အခြား ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရသူတွေ (ဆီးချို ရောဂါခံစားနေရသူတွေ) မှာလည်း ဦးနှောက်အမြှေးရောင်ရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။

နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ………..

ဦးနှောက်အမြှေးရောင်ရောဂါကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ကုသဖို့ နောက်ကျလေလေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်က ပြင်းထန်လေလေပါ။

ချက်ချင်း ထိရောက်တဲ့ ကုသမှုကို ခံယူမယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါက ပြန်ကောင်းလာနိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ…….

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက

ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးသော နည်းလမ်းဆိုတဲ့အတိုင်း ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်စေဖို့ဆိုရင်

လက်တွေကို မကြာခဏဆေးကြောပါ – လက်ကိုသေချာဆေးကြောတာက ပိုးမွှားတွေ မပြန့်ပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုလည်း အစားမစားခင်၊ အိမ်သာကအဆင်း။ အပြင်ကပြန်လာတိုင်း၊ တိရစ္ဆာန်လေးတွေကို ကိုင်ပြီးတိုင်း လက်ကို သေချာလေးဆေးကြောတတ်အောင် သင်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ – တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ကိုယ်ပိုင် ထားပါ။ ကလေးကိုလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးတတ်တဲ့ အကျင့်မရှိအောင် သေချာလေး သင်ပေးထားပါ။

ကျန်းမာအောင် နေပါ – ကိုယ်ခံအားကောင်းစေဖို့အတွက် လုံလောက်ပြည့်ဝစွာ အနားယူပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်အာင်စားသုံးပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ထမင်း၊ ဂျုံစတာတွေကို များများစားပေးပါ။

ပါးစပ် နဲ့ နှာခေါင်းကို ဖုံးအုပ်ပါ – ချောင်းဆိုး။ နှာချေတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကို သေချာလေး အုပ်ပါ။

ကိုယ်ဝန်ဆောင် မေမေတို့အနေနဲ့ အစားအသောက် ဂရုစိုက်ပါ – ကိုယ်ဝန်ဆောင်ဖြစ်မယ်ဆိုရင် အသားတွေကို ကျက်အောင်ချက်ပါ။ ပြုပြင်ထားတဲ့အသားတွေကို မစားပါနဲ့။ ပိုးသတ်ထားတဲ့နို့တွေကိုပဲ သောက်သုံးပါ။ အာဟာရပြည့်ဝအောင် စားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Do You Want to Know About Meningitis? https://www.healthline.com/health/meningitis Accessed Date 26 February 2020

Meningitis https://www.mayoclinic.org/diseases-conditions/meningitis/symptoms-causes/syc-20350508 Accessed Date 26 February 2020

Meningitis https://www.webmd.com/children/understanding-meningitis-basics#2 Accessed Date 26 February 2020

ယခုပုံစံ

26/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ)

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement