ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ အမြှေးပါးကို ဦးနှောက်အမြှေးပါး လို့ခေါ်ပါတယ်။ ရောဂါပိုးတစ်ခုခု ဥပမာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစသဖြင့် ပိုးတစ်မျိုးမျိုးကြောင့် ရောင်ရမ်းတာများပါတယ်။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ ဦးနှောက်အမြှေးပါး ရောင်တာက သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားပေမယ့် တချို့ကျတော့လည်း ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်အမြှေးပါးရောင်တာကပေါ့ဆသင့်တဲ့ကိစ္စမဟုတ်လို့ သတိထားရမယ့်လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။
ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက ချောင်းဆိုး၊ နှာချေ၊ နမ်းရှုံ့၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာ၊ သွားပွတ်တံမျှသုံးတာစသည်ကနေကူးစက်နိုင်ပါတယ်။ ဒါကြောင့်