Giardiasis ရောဂါဖြစ်ဖို့ အားပေးနေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
- ကလေးများ။ giardia ရောဂါပိုးဝင်ခြင်း ဟာ လူကြီးတွေထက်စာရင်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ကလေးတွေဟာ ကလေးစောင့်ရှောက်ရေး နေရာတွေမှာ နေရတဲ့ အချိန်တွေမှာ ကလေးသေးခံ တွေဝတ်ဆင်ရတဲ့ အတွက် မစင်တွေ နဲ့ အထိအတွေ့ပိုများပါတယ်။ ကလေးငယ်တွေနဲ့ နေတဲ့သူတွေ (သို့) အလုပ်လုပ်ရတဲ့သူတွေ က giardia ရောဂါပိုးဝင်ခြင်းတွေဖြစ်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။
- သောက်သုံးရေ သန့်ရှင်း လုံခြုံမှု မရှိခြင်း။
Giardiasis ရောဂါပိုးဝင်ခြင်းဟာ သောက်သုံးရေ သန့်ရှင်းမှု နည်းပါးတဲ့နေရာတွေ(သို့) မသန့်ရှင်းတဲ့ နေရာတွေမှာ ဖြစ်ပွားမှုများပါတယ်။ တကယ်လို့ သင်ဟာgiardiasis ရောဂါပိုးဝင်တာ အဖြစ်များတဲ့နေရာကို ခရီးသွားတယ်ဆိုရင် ( အထူးသဖြင့် သင်ဟာ သင်စားသောက်တဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး သေသေချာချာ ဂရုမစိုက်ဘူးဆိုရင်) သင့်အတွက် ရောဂါပိုးဝင်နိုင်ချေများပါတယ်။ အဲလို giardiasis ပိုးဝင်ခြင်း အဖြစ်များတဲ့ နေရာတွေကတော့ ရွာ(သို့) တောကြိုတောင်ကြားနေရာတွေ ဖြစ်ပါတယ်။
- စအိုပေါက်ထဲသို့ ထိုးသွင်း လိင်ဆက်ဆံသူတွေ။
အကာအကွယ် ကွန်ဒုံးအသုံးမပြုပဲ လိင်ဆက်ဆံခြင်းကလည်း ဒီရောဂါပိုး နဲ့ အခြားသော လိင်ဆက်ဆံခြင်းကနေတစ်ဆင့်ကူးစက် နိုင်တဲ့ ရောဂါပိုးတွေ ဝင်နိုင်ခြေပိုများစေနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Giardiasis(ဂျီရာဒီရေးစစ်)ကို ဘယ်လိုအတည်ပြုပါသလဲ
- မစင်ကို စစ်ဆေးခြင်း။ ကျွမ်းကျင်ပညာရှင်မစင်အား စစ်ဆေးချက်များ ပြုလုပ်ပြီး giardia ကပ်ပါးအောင်များကို ရှာဖွေနိုင်ပါတယ်။
- Enteroscope ထည်ြ့ခင်း။ လည်ချောင်းထဲမှ တစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ပျော့ပြောင်းသော ပိုက်ထည့်သွင်းပြီး အစာလမ်းကြောင်းအား စစ်ဆေးပြီး အသားစ နမူနာယူသော နည်းလမ်းဖြစ်ပါတယ်။
Giardiasis(ဂျီရာဒီရေးစစ်)ကို ဘယ်လိုကုသပါသလဲ
- များသောအားဖြင့်တော့ giardiasis ရောဂါဟာ သူ့အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ ကူးစက်ရောဂါ ဆိုးနေပါက (သို့) ကြာနေပါက ဆေးသောက်ဖို့်လိုအပ်ပါတယ်။
- ဆရာဝန်အများစုကတော့ ရောဂါ သူ့အလိုလိုပျောက်သွားတဲ့ အထိ မထားဘဲ antiparasitic လို့ခေါ်တဲ့ ကပ်ပါးကောင်ကို သေစေနိုင်တဲ့ ဆေးတွေနဲ့ ကုသဖို့ အကြံပြုနိုင်ကြပါတယ်။ Metronidazole, Tinidazole, Nitazoxandine, Paromomycin အစရှိတဲ့ ပိုသတ်ဆေးတွေကို giardiasis ရောဂါကို ကုသဖို့ အသုံးပြုလေ့ရှိပါတယ်။
- ကိုယ်ဝန်ဆောင်တွေ အတွက်ကတော့ ဒီလို ပိုးသတ်ဆေးတွေက ကလေးလေးအပေါ်မှာ ဆိုးကျိုးသတ်ရောက်မှုတွေ ပေးနိုင်တာကြောင့် တသမတ်တည်း ဆေးပေး ကုသလေ့မရှိပါဘူး။ ရောဂါ လက္ခဏာ မဆိုးသေးပါက ဆရာဝန်က ကိုယ်ဝန်သုံးလပတ်ပြီး တဲ့အထိ အချိန်ဆွဲ ကုသ နိုင်ပါတယ်။ ကုသမှု လိုအပ်ပါက အကောင်းဆုံးကုသမှု ရရှိနိုင်အောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း
Giardiasis ရောဂါကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက သင့်အတွက် ဒီရောဂါကို ထိန်းချုပ်ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
- လက်တွေကို စင်ကြယ်အောင်ဆေးကြောပါ။
- ရေစိမ်းတွေကို သန့်စင်အောင်ကျိုချက် သုံးပါ။
- ရေကူးကန်တွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေမှာ ရေကူးတဲ့အခါ ပါးစပ်ကိုပိတ်ထားပြီး ရေကို မမြိုချမိအောင်နေပါ။
- ရေသန့်ရေဘူးသောက်သုံးပါ။ သောက်ရေ၊ သုံးရေ မသန့်ရှင်းတဲ့ နေရာဒေသတွေဆီကို ခရီးသွားမယ်ဆိုရင် ရေသန့်ရေဘူးနဲ့ပဲ သောက်သုံးပြီး၊ ရေသန့်ရေဘူးနဲ့ပဲ သွားတိုက်တာတွေလုပ်ပါ။ ရေသန့်ရေဘူးကလည်း ကိုယ်တိုင် သုံးစွဲခါမှ ဖွင့်ဖောက်တာမျိုး ဖြစ်ပါစေ။ အရင်ကတည်းက ဖောက်ထားပြီး ၊ကိုယ်တိုင်ဖွင့်ဖောက်ထားတာမျိုး မဟုတ်ရင် ရှောင်ကြဉ်ပါ။
- လိင်ဆက်ဆံတဲ့အခါ အကာကွယ်ပါပြီး လုံခြုံတဲ့ ဆက်ဆံမှုမျိုး ဖြစ်ပါစေ။
- သေချာ မသန့်စင်ထားတဲ့၊ (သို့) မကျိုချက်ထားတဲ့ ရေတွေကို မသောက်သုံးပါနဲ့။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။