Cloth Mask ကို ဘာလို့ မသုံးစေချင်တာလဲဆိုတော့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ Cloth Mask အများစုဟာ ရောဂါပိုးတွေကို စစ်ထုတ်ပေးနိုင်တဲ့ Filter မပါဘဲ အလှပိတ်စသက်သက် ချုပ်ထားတာကြောင့်ပါပဲ။ ဒီတော့ Mask တော့ တပ်လိုက်ပါရဲ့။ အပြင်ဘက်က ပိုးတွေက ပိတ်စမှာ သွားကပ်နေပြီး အဲ့ဒီကနေ အထဲဘက်ကို ပိုးတွေ ရွေ့လျားသွားပြီး အသက်ရှူလမ်းကြောင်း သို့မဟုတ် ပါးစပ်ထဲကို ဝင်သွားနိုင်ပါတယ်။
အကယ်လို့ မဖြစ်မနေ Cloth Mask ပဲ မဖြစ်မနေ သုံးရမှဖြစ်မယ်ဆိုရင် Face Shield ကိုပါ အပိုတပ်ပေးပါ။ အိမ်ပြန်ရောက်ပြီဆိုရင် ဘာမှမလုပ်ခင် Mask နဲ့ Face Shield ကို ဆပ်ပြာရေထဲ ထည့်စိမ်ထားပါ။ ပြီးသွားမှ ကိုယ်ဝယ်ခြမ်းထားတဲ့ စားစရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ရေချိုး၊ ခေါင်းလျှော်တာမျိုး လုပ်ပြီးမှ ရေပြန်ဆေးပြီး နေပူထုတ်လှန်းပေးဖို့ မမေ့ပါနဲ့။
၃။ ဘာပဲကိုင်ပြီးပြီး လက်ကိုအမြဲဆေးပါ။
ကိုဗစ်ပိုးသည် နေရာတိုင်းမှာ ရှိနေနိုင်တဲ့အတွက် ဘယ်အရာမှ စိတ်ချလို့ မရပါဘူး။ သင့်ရဲ့ ဖုန်းမျက်နှာပြင်၊ စျေးဝယ်ခြင်းတောင်း၊ အိတ်တွေ၊ နောက်ဆုံး ဆံပင်၊ အရေပြားတွေနဲ့ အဝတ်အစားတွေထိပါ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် မျက်နှာကို လက်နဲ့ပွတ်တာ၊ နှာခေါင်းနှိုက်တာ၊ လက်မဆေးဘဲ အစာစားတာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ်နေ့တိုင်း အသုံးပြုနေကျအရာတွေကိုလည်း အရက်ပြန်နဲ့ဖြစ်ဖြစ် ပိုးသန့်စင်ပေးပါ။
၄။ မကြာခင် လာတော့မယ့် တတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။
ပညာရှင်တွေကတော့ တတိယလှိုင်းဟာ ဒုတိယလှိုင်းထက် အခြေအနေ ပိုဆိုးနိုင်တယ်လို့ သုံးသပ်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ တတိယလှိုင်းဝင်မယ့်အချိန်က ဆောင်းတွင်းအချိန်ကာလ ဖြစ်နေလို့ပါပဲ။ ရောဂါပိုးတွေဟာ အေးစက်ခြောက်သွေ့တဲ့ ရာသီကို အလွန်သဘောကျပါတယ်။ တစ်နေရာကနေ တစ်နေရာ ပျံ့နှံ့ဖို့လည်း အလွန်လွယ်ကူသလို ပိုးကောင်ရေပွားများနိုင်မှုဟာလည်း လျင်မြန်ပါတယ်။
ကိုဗစ်မဟုတ်တဲ့ တခြားရောဂါတွေ ဝင်လာရင်လည်း လူ့ကိုယ်ခံအားက ကျဆင်းသွားနိုင်တဲ့အတွက် ကိုဗစ်ကူးစက်ခံရရင် အခြေအနေဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် အခုကတည်းက တာရှည်ခံမယ့် စားနပ်ရိက္ခာတွေကို ကြိုတင်လှောင်ထားကြပါ။ ပိုက်ဆံတွေကို မလိုအပ်ဘဲ မသုံးပါနဲ့။ ဘဏ်ကတ်ထဲမှာရော၊ အပြင်မှာပါ လိုလိုမည်မည် ဆောင်ထားပါ။
ညအိပ်ချိန်ကို ပုံမှန်အတိုင်း တစ်နေ့ ၇ နာရီ အနည်းဆုံးရအောင် အိပ်စက်အနားယူပါ။ အစာအာဟာရကို စုံလင်စွာ ချက်ပြုတ်စားသောက်ပါ။ နွေးနွေးထွေးထွေး နေထိုင်ပါ။ လူကြီးမိဘတွေကိုလည်း သေချာဂရုစိုက်ပေးပါ။ အပြင်သွားနေရသေးတဲ့သူတွေလည်း ကိုယ့်ကို ရောဂါကူးစက်ခံရတာမျိုး မဖြစ်စေဖို့ အသေးစိတ်ကစလို့ ဂရုစိုက်ဆင်ခြင်ပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။