backup og meta

ကိုဗစ် Booster ထိုးပြီးတဲ့အခါ ဘယ်လို ဂရုစိုက်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် Booster ထိုးပြီးတဲ့အခါ ဘယ်လို ဂရုစိုက်မလဲ။

    ကိုဗစ် ကာကွယ်ဆေး တစ်ကြိမ်ထိုးတိုင်း အဆင်ပြေပါ့မလား။ ဘာတွေကိုများ ဘေးထွက်ဆိုးကျိုး အနေနဲ့ ခံစားရမလဲ မသိဘူးဆိုပြီး စိတ်ပူရင်း ကျော်ဖြတ်ခဲ့တာ ၂ ကြိမ်ပြည့်ပြီးလို့ အဆင်ပြေပြီလို့ တွေးနေချိန်မှာ ကိုဗစ် မျိုးစိတ်သစ် omicron ကြောင့် ကိုဗစ် Booster ထိုးရမယ်။ Boosterထိုးမှ ကိုဗစ် မျိုးစိတ်သစ် omicron ကို ကာကွယ်နိုင်မယ်ဆိုတော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့အတွက် ပြင်ဆင်ကြရပြန်တယ်လေ။

    ကိုဗစ် Booster ကို ထိုးဖို့ နောက်ဆုံး ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၃ လ ကြာပြီလား။ ၆ လပြည့်ပြီလားလို့ တွက်ပြီးချိန်မှာ မဖြစ်မနေဆိုတော့လည်း Booster ထိုးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ကြောက်တယ်။ ကိုဗစ် Boosterထိုးပြီးရင် ဘေးထွက်ဆိုးကျိုး မဖြစ်စေဖို့ ဘယ်လို ဂရုစိုက်ရမလဲ မသိဘူးဆိုပြီး စိတ်ပူနေတဲ့သူလေးတွေ ရှိလား။ ကိုယ်တိုင်အတွက် ဖြစ်ဖြစ် ချစ်ရတဲ့သူတွေကိုပဲ ဖြစ်ဖြစ် ကိုဗစ် Boosterထိုးပြီးချိန်မှာ ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ဘယ်သူတွေ ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ လိုမလဲ။

    ကိုဗစ် Boosterထိုးပြီးရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို မပြောခင်မှာ ဘယ်သူတွေက booster ထိုးဖို့ လိုမလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။

    ကိုဗစ် ကာကွယ်ဆေးလည်း ၂ ကြိမ် ထိုးပြီးပြီ။ ကာကွယ်ဆေး ထိုးပြီးတာလည်း ၃ လ ဒါမှမဟုတ် ၆ လကျော်နေပြီဆိုသူတိုင်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ အထူးသဖြင့်

    ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ၃ လအကြာမှာ နောက်ထပ် ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးဖို့ လိုနိင်ပါတယ်။

    ဘယ်အချိန်မှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးရမလဲ။

    ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် အနည်းဆုံး ၃ လကနေ အများဆုံး ၆ လကြာအပြီးမှာ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ အသက်အရွယ်ကိုလိုက်ပြီးတော့ ဖြစ်စေ၊ ရောဂါအခံ ရှိနေတဲ့အပေါ် မူတည်ပြီး ဖြစ်စေ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ အချိန်ကာလ ကွာခြားနိုင်ပါတယ်။

    ကိုဗစ် Booster ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ။

    ကိုဗစ် Booster ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ။

    ကိုဗစ် Boosterထိုးပြီးချိန်မှာ လူတိုင်း မဟုတ်ပေမယ့် အချို့မှာတော့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

    အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများ

    အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ဒီလက္ခဏာတွေက ၂ ရက်ကနေ ၃ ရက်လောက် အတွင်းမှာ သက်သာသွားတတ်ပါတယ်။ လူတိုင်း ဖြစ်မယ်ရယ်တော့ မဟုတ်ပါဘူး။

    ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ

    ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက တော်တော်လေးတော့ ဖြစ်ခဲပါတယ်။

    • ရင်ဘတ်အောင့်မယ်
    • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
    • နှလုံးခုန် မြန်မယ်။

    တကယ်လို့ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက် ပြသဖို့ လိုပါမယ်။

    ကိုဗစ် Booster ထိုးပြီးတဲ့အခါ ဘယ်လို ဂရုစိုက်မလဲ။

    ကိုဗစ် Boosterထိုးပြီးတဲ့အခါ အခုလိုလေး ဂရုစိုက်ပေးပါ။

    • ရေများများ သောက်ပါ။
    • အာဟာရ ပြည့်ဝအောင် စားပါ။
    • သစ်သီးတွေ များများ စားပါ
    • ဟင်းသီးဟင်းရွက်တွေ စားပါ။
    • အိပ်ရေး ဝဝအိပ်ပါ။
    • ဆေးထိုးထားတဲ့နေရာကို ဆေးထိုးပြီး  အနည်းဆုံး နာရီဝက် ကြာအောင် စောင့်ပြီး ရေခဲဝတ် ဒါမှမဟုတ် ရေအေးဝတ် ကပ်ပါ။
    • လိုအပ်မယ်ဆိုရင် ပါရာစီတမောလေး သောက်ပေးပါ။
    • သက်သောင့်သက်သာ နားနေပါ။
    • လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။
    • ကဖင်းပါတာတွေ ရှောင်ပါ
    • အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေ ရှောင်ပါ။
    • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement