အရင်က အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်ရင် ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုရုံလောက်ပဲ ဆိုပေမယ့် ခုလို maskတွေ လက်အိတ်တွေကို စနစ်တကျ မစွန့်ပစ်ဘူး ဆိုရင် အန္တရာယ်ရှိပါတယ်။ ဘယ်လိုအန္တရာယ်တွေလဲဆိုတာ ဆက်ကြည့်ရအောင်။
Mask တွေကို စနစ်တကျ မစွန့်ပစ်ဘူးဆိုရင်
Maskတွေကို သုံးပြီးရင် စနစ်တကျ ချွတ်တတ်၊ စွန့်ပစ်တတ်ရပါမယ်။ Maskတွေကို မချွတ်ခင်နဲ့ ချွတ်အပြီးမှာ လက်ဆေးရပါမယ်။ ဒါမှ လက်က ရောဂါပိုးတွေ မျက်နှာကို မရောက်မှာပါ။
နောက်ပြီး Maskကို လွှင့်ပစ်မယ်ဆိုရင် သေချာ အိတ်ထဲထည့် ပြီးမှ အမှိုက်ပုံးထဲကို ထည့်တာကောင်းပါတယ်။ Mount Elizabeth Novena Specialist Centre က ကူးစက်ရောဂါ ပညာရှင် Leong Hoe Namက maskကို မချွတ်ခင်မှာ လက်ဆေးပါ။ ပြီးရင် ချွတ်ပါ။ အတွင်းဘက်ကို ခေါက်ပါ။ ထပ်ပိုင်း ထပ်ခေါက်ပါ။ ပြီးရင် ဘေးက ကြိုးနဲ့ ပတ်ပါ။ အပြင်ကနေ တစ်ရှူးနဲ့ လိပ်ပြီး အမှိုက်ပုံးထဲကို သေချာထည့်ပါလို့ အသေးစိတ် ပြောပြထားပါတယ်။
Mask တွေကို ဒီတိုင်း လမ်းမှာ လွှင့်ပစ်ထားတာက ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ဒီmaskတွေမှာ သူများဆီက အညစ်အကြေးတွေရော၊ ကိုယ့်ဆီက ထွက်တဲ့ အမှုန်အမွှားတွေရော အများကြီး ကပ်နေနိုင်ပါတယ်။ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်က maskတွေမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စည်းကမ်းမဲ့ ပစ်ထားတဲ့ maskတွေကနေ ပိုးကူးနိုင်တယ်လို့ ပြောရတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။