ကိုဗစ်ကြောင့် ကျန်းမာလာကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 20, 2020 . 2 mins read
Share now

COVID-19 ကြောင့် ကျန်းမာလာတယ်တဲ့လား။ ဟုတ်ပါ့မလား” လို့ စာဖတ်သူ အရင်းဆုံးတွေးမိမယ်ထင်ပါတယ်။

လူ ၁၃ သန်းခွဲနီးပါး ကူးစက်ခံခဲ့ရပြီး ၅ သိန်းကျော် အသက်ဆုံးရှုံးစေခဲ့တဲ့ ရောဂါဆိုးကြီးက လူတွေကို ကောင်းကျိုးပေးစရာ နည်းလမ်းရှိပါ့မလားလို့ တွေးနေမိနိုင်ပါတယ်။ တကယ်တော့ ကိုဗစ်ဟာ လူတွေကို ဆိုးကျိုးတွေ ပေးခဲ့သလို တစ်ခြားတစ်ဖက်မှာလည်း ကောင်းကျိုးတွေ ပေးခဲ့ပါတယ်။

ဒီအချက်ကို သက်သေပြနေတဲ့ အင်္ဂလန်နိုင်ငံမှာ လုပ်တဲ့ သုတေသနရလဒ်တစ်ခုကို ပြောပြချင်ပါတယ်။ ဗြိတိန်မှာ ကိုဗစ်ကာလအတွင်း လူ တစ်သန်းလောက် ဆေးလိပ်ပြတ်သွားဖွယ်ရှိပါတယ်တဲ့။ ဒါ အင်္ဂလန်တစ်နိုင်ငံတည်းက ရလဒ်ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ဆေးလိပ်သောက်သုံးသူ သန်း ၈၀၀ ရှိပါတယ်။ လူတစ်သန်း လျော့နည်းသွားတာဟာ လူ တစ်သန်းစာမက အကျိုးဖြစ်ထွန်းစေပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အန္တရာယ်ကြုံရနိုင်တဲ့ သန်းပေါင်းများစွာသော လူတွေကိုပါ ကယ်ဆယ်ရာ ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါက ဥပမာတစ်ခုတည်းပဲရှိပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်းမြောက်များစွာရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုဆိုင်ရာ အမူအကျင့်တွေ အကောင်းဘက်ကို ပြောင်းလာနေတယ်လို့ သတင်းတင်ပြချက်တွေ ဆက်တိုက်ဖတ်ရှုနေကြရပါတယ်။

ကိုဗစ်ကာလမှာ လူတိုင်း ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပြီးတော့ ရောဂါကိုရှောင်လွှဲနိုင်တဲ့အပြင် ပိုပြီး ကျန်းမာလာသူတွေတောင်ရှိလာကြပါတယ်။ အဓိကအားဖြင့်တော့ လူနေမှုပုံစံနဲ့ အမူအကျင့်တွေပြောင်းလဲလာတာကြောင့်ပါ။

အောက်ပါအတိုင်း ပြောင်းလဲ လာတာမို့ ပိုကျန်းမာလာကြတာပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်သူပိုများလာတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့နဲ့ အိမ်မှာရှိနေစဉ်အချိန်မှာ ခန္ဓာကိုယ်လှပဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းတွေပို လုပ်ဖြစ်လာကြတယ်။

  • အစားအသောက် မှီဝဲပုံ ပြောင်းလဲလာတာ

ဆိုင်တွေကလည်း ပိတ်နေတော့ ကြုံသလိုစားတာမျိုးထက် နေအိမ်မှာ ချက်ပြုတ်စားဖြစ်တာပိုများလာတယ်။ ကျန်းမာဖို့ အားရှိဖို့ ကိုယ်ခံအားကောင်းဖို့ လိုအပ်တာကို ပိုနားလည်လာတော့ သေသေချာချာ စနစ်တကျချက်ပြုတ်စားဖြစ်လာတယ်။ အာဟာရပြည့်ဝအောင်စားလာကြတယ်။ ဒါတွေကြောင့် ကျန်းမာရေးအတွက် အကျိုးရှိလာတယ်။

ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေက ကိုဗစ်ကို ပိုဖြစ်လွယ်စေတယ်။ သွေးတိုးဆီးချိုရှိရင် ကိုဗစ်ပိုကူးနိုင်တယ်၊ ပိုအသက်ဆုံးရှုံးနိုင်တယ်။ ဒီတော့ အရင်ကထက် သကြားစားတာကိုလည်း လျှော့ချလာကြတယ်။ ဒီလိုမျိုးတွေပေါ့။

  • ကျန်းမာရေး သတိ ပိုရှိလာတာ

ကျန်းမာရေးသတင်းတွေ ပိုနားထောင်ဖြစ်လာတယ်။ မိသားစုနဲ့ ပိုဆွေးနွေးဖြစ်လာတယ်။ အသိမိတ်ဆွေတွေနဲ့ ဗဟုသုတတွေ ပိုဖလှယ်ဖြစ်လာတယ်။ အသိပညာတွေပိုများလာတော့ ပိုပြီး ရှောင်နိုင်၊ သတိထားနိုင်ဖြစ်လာပြီး ကျန်းမာရေးကိုလည်း ပိုဂရုစိုက်လာနိုင်တာပေါ့။

ဘောလုံးပွဲတွေလည်း မရှိ၊ Night Life တွေလည်း မရှိတော့ အရင်လို အိပ်ချင်တဲ့အချိန် အိပ်ပြီး ပြန်ချင်တဲ့အချိန်မှ အိမ်ပြန်တာမျိုးတွေ ပျောက်ဆုံးသွားတယ်။ အိပ်ချိန်မှန်လာကြတယ်။ အိပ်ရေးဝခြင်းဟာ ကျန်းမာစေတဲ့ အကြောင်းအရင်းတစ်ချက်မို့ လူတိုင်း အကျိုးရှိလာကြတယ်လေ။

  • ရင်းနှီးနွေးထွေးတဲ့ လူနေမှုပုံစံကို ပြောင်းလာတာ

မိသားစုနဲ့ပဲ တစ်ချိန်လုံးနေဖြစ်တယ်။ အရင်က မသိတာတွေ ပိုသိလာတယ်။ ပိုနားလည်လာတယ်။ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးနွေးထွေးထွေးပိုရှိလာတယ်။ စိတ်ဓာတ်ရေးရာအရ စုစည်းခိုင်မြဲလာကြတာပေါ့။

လက်မကြာခဏဆေးရမယ်ဆိုတာကို နားလည်လာတယ်။ သန့်သန့်ရှင်းရှင်းနေထိုင်ဖို့ လိုအပ်တာကို သိလာတယ်။ လက်ဆေးတာက ကိုဗစ်ကိုသာမက တခြားကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ဖယ်ရှားပေးနိုင်တာမို့ အလေ့အကျင့်ကောင်းဖြစ်လာတယ်။

ကိုဗစ်ကာလမှာ လူတိုင်း Stay at Home အဖြစ် နေအိမ်တွေမှာ နေထိုင်ကြရတယ်။ ကပ်ဘေးကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ကြရတယ်။ ဒါကြောင့် ကျန်းမာရေးရဲ့ အရေးပါမှုကို ပိုနားလည်လာကြပြီး ကျန်းမာစေမယ့် အလေ့အထတွေကို ပိုပြီး ဂရုပြုအလေးအနက်ထားလာကြတာက အကျိုးကျေးဇူးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 အရှိန်ကျလာနေပြီဆိုပေမယ့် သတိထားဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအရ လူစုလူဝေးအကြားမှာ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read