ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မတ်လ ၁၁ ရက်နေ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ ရောဂါဘေးကနေ ကင်းဝေးနိုင်ဖို့ အရာရာကို ဂရုစိုက်နေရမယ် ထင်ပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကိုဗစ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းက ကြိုတင်ကာကွယ်တာဆိုတော့ အရာရာကို သတိထားတာက မမှားပါဘူး။