လူဆိုတာ စိုးရိမ်စရာတွေ၊ စိတ်ပူစရာ ကိစ္စတွေ ခေါင်းထဲ ပြည့်နေရင် မျက်စိကြောင်ပြီး အိပ်မပျော်တတ်တာ သဘာဝပါပဲ။ အခုလိုမျိုး Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် တစ်ကမ္ဘာလုံး ကပ်ဘေးဆိုက်နေတဲ့ အခြေအနေမျိုးမှာဆို ပိုဆိုးတော့တာပေါ့။ မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းနေတဲ့ ကြားထဲက ပိုးကူးစက်ခံရသူ အရေအတွက်က များသထက် များလာပြီဆိုတော့ မိဘပြည်သူတွေအနေနဲ့လည်း နဂိုထက်တောင် ပိုပြီး စိုးရိမ်ပူပန်မိမှာ သဘာဝပဲလေ။ အဲ့ဒီအတွက် အိပ်ရေးအပျက်ခံပြီး ကိုယ့်ကျန်းမာရေးကို မထိခိုက်စေဖို့ ဘာတွေ ဆောင်ပြီး ဘာတွေ ရှောင်ရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။